Pages

Pages - Menu

Saturday, December 14, 2013

Sea Dream ကမ္ဘာလှည့်သင်္ဘော ဒုတိယအကြိမ်ရောက်ရှိ

Photo: Sea Dream ကမ္ဘာလှည့်သင်္ဘော ဒုတိယအကြိမ်ရောက်ရှိ
Saturday, December 14, 2013

ကမ္ဘာလှည့်ခရီးသွားသင်္ဘော တစ်စင်းဖြစ်သော Sea Dream II သင်္ဘောသည် ရန်ကုန်မြို့ ပန်းဆိုး တန်းလမ်းဒလသင်္ဘောဆိပ်ဖြစ်သည့် နန်းသီတာသင်္ဘောဆိပ်သို့ ယနေ့ ညနေ ၃ နာရီ ၁၅မိနစ်တွင်ဒုတိယ အကြိမ်ထပ်မံရောက်ရှိလာခဲ့သည်။

အဆိုပါ Sea Dream II သင်္ဘောသည် နော်ဝေနိုင်ငံမှထုတ် လုပ်သောသင်္ဘောတစ်စင်းဖြစ်ကာ ပွင့်လင်းရာသီများတွင် အရှေ့တောင် အာရှနိုင်ငံများသို့ လှည့်လည်သွား လာနေသော သင်္ဘောတစ်စင်းဖြစ် ပြီး ယခုအခါရန်ကုန်မြို့သို့ Myanmar Voyages ခရီးသွားကုမ္ပဏီ ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ ဖူးခက်မြို့မှ ရောက်ရှိလာခြင်းဖြစ် ကြောင်း Myanmar Voyages ခရီးသွားလုပ်ငန်းကုမ္ပဏီမှ သိရ သည်။

သင်္ဘောပေါ်တွင် ကမ္ဘာလှည့် ခရီးသည် ၅၃ ဦးနှင့် သင်္ဘော ဝန်ထမ်း ၉၂ ဦးတို့ လိုက်ပါလာကြ ပြီး ခရီးသည်များသည်ယနေ့ညနေ ပိုင်းတွင် ရွှေတိဂုံစေတီသို့ သွား ရောက်ဖူးမြော်ကြမည်ဖြစ်ကြောင်း၊ ယခုလ ၁၄ ရက်တွင် ခရီးသည် ၂ဝ ခန့်သည် ပုဂံသို့သွားရောက်၍ ကျန်ခရီးသည်များက ရန်ကုန်မြို့ တွင်း၌ လည်ပတ်ကြ
မည်ဖြစ် ကြောင်းသိရသည်။

ရန်ကုန်မြို့တွင်းလည်ပတ်မည့် ခရီးသည်များအတွက် တည်းခိုရန် သင်္ဘောပေါ်၌သာ စီစဉ်ပေးထား ပြီး ခရီးသည်အားလုံးသည် ယခု လ ၁၆ ရက်တွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

The Union Daily

RangonNewsDaily:: December . 14 .2013
ကမ္ဘာလှည့်ခရီးသွားသင်္ဘော တစ်စင်းဖြစ်သော Sea Dream II သင်္ဘောသည် ရန်ကုန်မြို့ ပန်းဆိုး တန်းလမ်း
ဒလသင်္ဘောဆိပ်ဖြစ်သည့် နန်းသီတာသင်္ဘောဆိပ်သို့ယနေ့ ညနေ ၃ နာရီ ၁၅မိနစ်တွင်ဒုတိယ အကြိမ်ထပ်
မံရောက်ရှိလာခဲ့သည်။

27 SeaGame ၁၄.၁၂.၂၀၁၃ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအလိုက်ဆုတံဆိပ်များအသီးသီးရရှိ

Photo: ကျော်မိုးဝင်း ငွေတံဆိပ်ဆု ရရှိ

ဆီးဂိမ်း အလေးမ ပြိုင်ပွဲ
၆၉ ကီလို မှာ မြန်မာ ကျော်မိုးဝင်း ငွေတံဆိပ် ဆွတ်ခူးနိုင်လိုက်ပါတယ်။
ပထမ အင်ဒို နဲ့ တတိယဆုကို ထိုင်းမှ အသီးသီးရရှိလိုက်ပါတယ်။
ဆီးဂိမ်းအားကစားပွဲတော် မှ

Popular Journal

RangonNewsDaily:: December . 14 .2013
27 SeaGame  ပွဲစဉ်များ ယနေ့ ၁၄.၁၂.၂၀၁၃ တွင်ဆက်လက်ကျင်းပနေရာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံ
အလိုက်ဆုတံဆိပ်များအသီးသီးရရှိခဲ့ကြောင်းသတင်းရရှိပါသည်။

ယီမင်မှ မင်္ဂလာပွဲ ယာဉ်တန်း အယ်လ်ကေဒါးနှင့်မှားပြီး တိုက်ခိုက်ခံရ

Photo: ယီမင်မှ မင်္ဂလာပွဲ ယာဉ်တန်း အယ်လ်ကေဒါးနှင့်မှားပြီး တိုက်ခိုက်ခံရ
Saturday, December 14, 2013


ဒီဇင်ဘာ ၁၂ရက်က ယီမင်နိုင်ငံအလယ်ပိုင်းမှ မင်္ဂလာပွဲတစ်ခု၏ ယာဉ်တန်းကို အမေရိကန် ဒရုန်းက အယ်လ်ကေဒါး အကြမ်းဖက်သမားများနှင့် အမြင်မှားပြီး ပစ်ချခဲ့သဖြင့် အနည်းဆုံး ၁၃ဦးသေဆုံးခဲ့သည်။ တိုက်ခိုက်မှုသည် အယ်ဘေဒါ ပြည်နယ် 
အလယ်ပိုင်း ကွိုင်ဖာရွာတွင်ဖြစ်ပွားခဲ့သည်။ 

ယခု ပစ်ခတ်မှုအပေါ် သတင်းအမျိုးမျိုးထွက်လျက်ရှိရာ ကနဦးက ဒရုန်းထိန်းချုပ်သူသည် အယ်လ်ကေဒါး ယာဉ်တန်းနှင့် အမြင်မှားပြီး ပစ်ချခဲ့သည်ဟု ဆိုသည်။ သို့သော် အခြားလုံခြုံရေးဆိုင်ရာ တရားဝင်ပြောကြားချက်များတွင်မူ အယ်လ်ကေ ဒါးတို့သည် မင်္ဂလာပွဲနှင့်ဝင်ရောကာ ကိုယ်ရောင်ဖျောက်ရန် ကြိုးပမ်းခဲ့သည်ဟု
ဆိုသည်။ 

ပစ်ခတ်မှုကြောင့် လမ်းမ ထက်တွင် ကားများမီးလောင်ခဲ့ပြီး အလောင်းများလည်း ပြန့်ကျဲခဲ့ရသည်ဟု မီဒီယာများက ဆိုသည်။ 
ယီမင်နိုင်ငံသည် အမေရိကန်တို့၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှု အများဆုံး နိုင်ငံထဲမှ တစ်နိုင်ငံ ဖြစ်သလို အယ်လ်ကေဒါးတို့ အခြေချ လှုပ်ရှားမှု အရှိဆုံးနိုင်ငံလည်း ဖြစ်သည်။ 

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ယီမင်တွင် ကန်ဒရုန်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများ ဒါဇင်နှင့်ချီကာ ရှိနေပြီဟုဆိုသည်။

Ref: AP
ွှ့The Myanma Age

RangonNewsDaily:: December . 14 .2013
ဒီဇင်ဘာ ၁၂ရက်က ယီမင်နိုင်ငံအလယ်ပိုင်းမှ မင်္ဂလာပွဲတစ်ခု၏ ယာဉ်တန်းကို အမေရိကန် ဒရုန်းက အယ်
လ်ကေဒါးအကြမ်းဖက်သမားများနှင့်အမြင်မှားပြီး ပစ်ချခဲ့သဖြင့် အနည်းဆုံး ၁၃ဦးသေဆုံးခဲ့သည်။ တိုက်ခိုက်
မှုသည် အယ်ဘေဒါ ပြည်နယ် အလယ်ပိုင်း ကွိုင်ဖာရွာတွင်ဖြစ်ပွားခဲ့သည်။

27 SeaGame ယနေ့ မြန်မာစံတော်ချိန် 8:15 အထိ နိုင်ငံအလိုက်ရပ်တည်မှု့

27 SeaGame ယနေ့ မြန်မာစံတော်ချိန် 8:15 အထိ နိုင်ငံအလိုက်ရပ်တည်မှု့

kolatt(PBDN): December . 14 .2013

ဒီနေ့မှာတော့ မြန်မာတွေရဲ့ ဦးဆောင်နေမှု့ကို ထိုင်းက ရွှေ (33)ခုထိ ရယူပြီး သိမ်းပိုက်သွားခဲ့ပြီ ။

RangonNewsDaily:: December . 14 .2013
ဒီနေ့မှာတော့ မြန်မာတွေရဲ့ ဦးဆောင်နေမှု့ကို ထိုင်းက ရွှေ (33)ခုထိ ရယူပြီး သိမ်းပိုက်သွားခဲ့ပြီ ။ နောက်
ရက်တွေမှာ ရွေတံဆိပ်တွေထပ်မံရရှိဖို့ အားပေးကြပါဦးခင်ဗျာ။

သရေ ရလဒ်သာထွက်ပေါ်ခဲ့တဲ့ မြန်မာ နဲ့ထိုင်းအသင်းပွဲစဉ်

Photo: အနိုင်ရရှိရေး ကြိုးစားခဲ့သော်လည်း သရေ ရလဒ်သာထွက်ပေါ်ခဲ့တဲ့ မြန်မာ နဲ့ထိုင်းအသင်းပွဲစဉ်
Saturday, December 14, 2013

ယနေ့ပွဲစဉ်မှာတော့ အရင်နေ့ကပွဲစဉ်များမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ နေလင်းထွန်းကိုအရန်စာရင်းထုတ်ထားပြီး အဓိက ကစားသမားများဖြင့် ထိုင်းအသင်းကို အနိုင်ရရှိရေး မြန်မာအသင်း ပွဲထွက်ကစားလာခဲ့ပါတယ်။ မြန်မာအသင်းနဲ့ ထိုင်းအသင်းဟာ ဆီးဂိမ်းပြိုင်ပွဲများမှာ ၁၅ ကြိမ်တွေ့ဆုံဖူးထားပြီး ထိုင်းမှ ၁၂ ကြိမ်နိုင်ခဲ့ပြီး၊ မြန်မာအသင်းကတော့ ၂ ကြိမ်နိုင် နှင့် သရေ (၁)ပွဲရှိခဲ့ပါတယ်။ ၁၉၈၃ နောက်ပိုင်းမှာ ထိုင်းအသင်းကိုမနိုင်ခဲ့တာ နှစ်ပေါင်း ၃၀ ကြာခဲ့ပြီဟုလည်း သိရပါတယ်။ အပြေးအယူအချိတ်အဆက် မိမိဖြင့်စတင်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ထိုင်းအသင်းမှတော့ ညာတောင်ပံမှ တချက်တချက် အဓိက ထားတိုက်စစ်ဆင်ကစားလာခဲ့ပါတယ်။ ဧည့်သည်ထိုင်းအသင်းကတော့ ပွဲအစတွေမှာ ပြာနေခဲ့ပြီး မြန်မာအသင်း ဂိုးရရှိရေး ပိုမိုကြိုးစားကစားတာကိုတွေ့မြင်ရပါတယ်။ ပွဲကစားချိန် ၁၃ မိနစ်မှာ ကျော်ကိုကိုကန်ချက် ကောင်းပေမဲ့ ဘေးထွက်ခဲ့ပါတယ်။ ထို့နောက်မှာလည်း ကြည်လင်း၊ ကျော်ကိုကိုတို့အစွမ်းပြပြီး တရစပ်ဂိုးရရှိရေး တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ရဲလင်းအောင် ထိုင်းဂိုးဧရိယာထိပ်ကနေ ဘယ်ခြေကန်ချက် ကောင်းခဲ့ပေမယ့်လည်း ဂိုးဘေးထွက်ခဲ့လို့ အနိုင်ဂိုးရရှိရေး ဆုံးရှုံးခဲ့ရပါတယ်။ ပွဲချိန် (၂၂)မိနစ်အထိ မြန်မာအသင်းက ဂိုးပေါက်ချိန်းခြောက်မှု (၂)ကြိမ်ရှိခဲ့ပါတယ်။ ပွဲချိန် (၂၃)မိနစ်မှာ ကြည်လင်းဒဏ်ရာရရှိခဲ့တဲ့ အတွက် ထမ်းစင်နဲ့ထုတ်ခဲ့ရပါတယ်။ 

အရင်ဒဏ်ရာဟောင်းပြန်ဖြစ်ခဲ့ပုံရခဲ့ဖြစ်ခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် နေလင်းထွန်းနဲ့အစားထိုးလှဲလှယ်ခဲ့ရပါတယ်။ ကြည်လင်းမရှိတော့တဲ့နောက် တိုက်စစ်ပိုင်း ကစားကွက်အနည်းငယ်အေးခဲ့သလို ထိုင်းအသင်းက အနည်းငယ် ပြန်လည်ဖိကစားလာမှုနဲ့အတူ ထိုင်းအသင်း အနိုင်ဂိုးအတွက် အခွင့်အရေးတစ်ခုရခဲ့ပါတယ်။ ဘယ်တောင်ပံက ဖြတ်တင်ဘောကို ဂိုးသမားပြည့်ဖြိုးအောင် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီးနောက် ထိုင်းတိုက်စစ်မှုး မှ မရယူနိုင်ခဲ့တာကြောင့် အိမ်ရှင်အသင်း သက်သာခဲ့ပါတယ်။ ပွဲကစားချိန် (၃၃) မိနစ်မှာတော့ မြန်မာအသင်းအတွက်နိုင်ဂိုးတစ်ဂိုးကို လူစားဝင်လာတဲ့ ကစားသမားနေလင်းထွန်းမှ ကျော်ဇေယျာဝင်း၏ ပြစ်ဒဏ်ဘော ထောင့်ဖြတ် ကန်တင်ပေးမှုကို လှလှပပခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ အနိုင်ရရှိရေးအတွက် အစွမ်းကုန်ရုန်းကန်ကစားကြတာကြောင့် ပွဲစဉ်ဟာ ကြမ်းသလိုဖြစ်ခဲ့ပြီး ဒဏ်ရာရမှုများနှင့်အတူ ကွင်းလယ်ဒိုင်၏ အ၀ါကတ်သတိပေးဆုံးမမှုများကိုလည်းတွေ့ရပါတယ်။ မြန်မာအသင်းက ပထမပိုင်းမှာ ဇော်မင်းထွန်း နဲ့ စည်သူအောင်တို့ အ၀ါကတ်ပြသတိပေးခံခဲ့ရပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်း အိမ်ရှင်ပရိတ်သတ်၏ အားပေးမှုနဲ့အတူ အင်တိုက်အားတိုက် ထိုင်းအသင်းကို ခြေစွမ်းအသာနဲ့တိုက်စစ်ဆင်နိုင်ခဲ့တာပါ။ ဒါကြောင့်မို့လည်း ပထမပိုင်းမှာ ထိုင်း အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပါတယ်။ 
ဒုတိယပိုင်းအစမှာတော့ ကျော်မင်းဦးက ထိုင်းအသင်း၏ ထိုးဖောက်မှုကို ဖြတ်ထုတ်တာ ကြမ်းတမ်းခဲ့တဲ့အတွက် ပြစ်ဒဏ်ဘောပေးခဲ့ရပါတယ်။ 

ထိုပြစ်ဒဏ်ဘောကို ထိုင်းအသင်းမှ ကန်တင်ရာတွင် မြန်မာဂိုးတိုင်ကိုထိထွက်လာပြီး၊ ထွက်လာခဲ့တဲ့ ဘောလုံးကိုထိုင်းအသင်းရှေ့တန်းမှ ပိတ်သွင်းယူခဲ့တာ ကြောင့်ပွဲကစားချိန်(၄၈)မိနစ်မှာ ခြေပဂိုး ပြန်လည်ရရှိသွားပါတယ်။ ဒုတိယပိုင်းမှာတော့ ထိုင်းအသင်းကစားကွက်က ပိုမိုတည်ငြိမ်လာပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် (၅၂)မိနစ်မှာ ကျော်ဇေယျာဝင်းအပိုင်ဂိုးသွင်းခွင့်ရရှိခဲ့သော်လည်း ကန်ချက်လွဲချော်ခဲ့တာကြောင့် အနိုင်ဂိုးရရှိရေး အခွင့်အရေးတစ်ခု လက်လွတ်ခဲ့ရပါတယ်။ အကယ်၍ တိုက်ရိုက်မကန်သေးဘဲ သေချာလူပေးကစားပြီး ကန်သွင်းခဲ့မည်ဆိုပါက ဂိုးရရှိရေးတစ်ရပ် ဖြစ်လာနိုင်မည်ဟုထင်ပါတယ်။ မြန်မာအသင်းသည် ပိုမိုကစားကွက်ကောင်းမွန်လာမှုနဲ့အတူ ထိုင်းအသင်းကို အကောင်းဆုံးတိုက်စစ်ဆင် ကစားခဲ့ပါတယ်။ မြန်မာတိုက်စစ်ပိုင်းမှာကျော်ကိုကိုအကောင်းဆုံးခြေစွမ်းနဲ့ ထိုင်းနောက်တန်းကို ခြိမ်းခြောက်ကစားနိုင်ခဲ့ပါတယ်။ ဒေးဗစ်ထန်း၊ ကျော်ဇေယျာဝင်း နှင့် နေလင်းထွန်းတို့ကလည်း ဂိုးရရှိရေး တိုက်စစ်ဆင်မှုတွေနဲ့ ကြိုးစားခဲ့ကြပါတယ်။ ပွဲချိန် (၆၅)မိနစ်မှာလည်း ကျော်ဇေယျာဝင်း အပိုင်ဂိုးသွင်းခွင့်ရရှိခဲ့ပေမည့်လည်း ဖြုန်းတီးခဲ့သလို ဖြစ်ခဲ့ရပါတယ်။ ယနေ့ပွဲမှာကျော်ဇေယျာဝင်း၏ အဆုံးသတ်ဂိုးသွင်းယူမှုတွေ ကောင်းမွန်ခဲ့မည်ဆိုပါက ထိုင်းအသင်းကို ဂိုးအသာနဲ့ဦးဆောင်နေနိုင်မည်ဟု ထင်ပါတယ်။ တိုက်စစ်ပိုင်းမှာ ကျော်ကိုကို ကွင်းလယ်အထိဆင်းယူပြီး အကောင်းဆုံးပံ့ပိုးမှုတွေ ပြုလုပ်နေပါတယ်။

 ကျော်ဇေယျာဝင်းကတော့ ဘောလုံးပေးပို့ကန်တင်မှုတွေ ကောင်းခဲ့ပေမည့် အဆုံးသတ်မှုပိုင်းတွေ အားနည်းခဲ့တာတွေကိုတော့ တွေ့ရပါတယ်။ ပွဲကစားချိန် (၇၆) မှာ နှစ်သင်းစလုံးလူစားလှဲမှုတွေပြုလုပ်ခဲ့ပြီး၊ သိန်းသန်းဝင်းက အနာတရဖြစ်နေတဲ့ ဒေးဗစ်ထန်းနေရာမှာ အစားထိုးဝင်ရောက်ကစားခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ပိုင်းမှာ ကျော်ကိုကို နှင့် ကျော်ဇေယျာဝင်းတို့၏ အကောင်းဆုံးစွမ်းဆောင်မှုများဖြင့် ထိုးဖောက်ကစားနိုင်မှုများကို မြင်ရပါတယ်။ မြန်မာနောက်တန်းကစားသမားတွေကလည်း ဖြတ်ထုတ်တာတွေကြမ်းခဲ့တဲ့အတွက် ပြစ်ဒဏ်ဘောခကြာခဏပေးခဲ့ရပြီး ထိုပြစ်ဒဏ်ဘောတွေကနေတဆင့် ထိုင်းအသင်းက မြန်မာ အသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခြင်းဘဲပြုလုပ်နေခဲ့တာပါ။ ပြစ်ဒဏ်ဘောရရှိမှုကတဆင့် ကန်တင်ပေးတဲ့ ဘောလုံးကို ဇော်မင်းထွန်းခေါင်းတိုက်သွင်းနိုင်ခဲ့သော်လည်း လူကျွံဘောအဖြစ်သတ်မှတ်ခံရတာကြောင့် အနိုင်ဂိုးတစ်ဂိုးနစ်နာခဲ့ရပါတယ်။ မြန်မာအသင်း၏ တိုက်စစ်ပိုင်းကို ပံ့ပိုးမှုတွေမှာ ကန်တင်ပေးမှုတွေက အပျက်များခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့က ဆက်လက်အနိုင်ဂိုးများ မသွင်းနိုင်ကြတော့တဲ့အတွက် သရေ (၁)မှတ်စီ ခွဲယူသွားပါတယ်။

https://www.facebook.com

RangonNewsDaily:: December . 14 .2013
ယနေ့ပွဲစဉ်မှာတော့ အရင်နေ့ကပွဲစဉ်များမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ နေလင်းထွန်းကိုအရန်စာရင်း
ထုတ်ထားပြီး အဓိက ကစားသမားများဖြင့် ထိုင်းအသင်းကို အနိုင်ရရှိရေး မြန်မာအသင်း ပွဲထွက်ကစားလာခဲ့
ပါတယ်။

မြန်မာ-ထိုင်း အမျိုးသား ဘောလုံးပွဲစဉ် တိုက်ရိုက်ကြည့်ရှုနိုင်

RangonNewsDaily:: December . 14 .2013
၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အိမ်ရှင်မြန်မာနှင့် ထိုင်းအသင်း ပွဲစဉ် အွန်လိုင်း
မှ အောက်ပါလင့်ခ်များမှ တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ အုပ်စု(ခ) တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းမှာ ၂ ပွဲစီကစားပြီး ၆ မှတ်စီရရှိကာ ဂိုးကွာခြားဖြင့် ထိုင်းအသင်းမှာ အုပ်စု ပထမနေရာတွင် ရပ်တည်လျက်ရှိသည်။

မြန်မာ - ထိုင်း ဘောလုံးပွဲစဉ် အားပေးမည့် သူများအား မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ပန်းချီဆွဲပေးမည်

RangonNewsDaily:: December . 14 .2013
ဆီးဂိမ်း တွင်အားပေးမည့်ပရိသတ်များ ၏မျက်နှာပေါ်တွင် နိုင်ငံတော်အ လံများ၊ ဇီးကွက်အရုပ်များကို မျက်

နှာပန်းချီ၊ ခန္ဓာကိုယ်ပန်းချီများ အဖြစ် NovelArtGardenပန်းချီသင်တန်းကျောင်းမှ ရေးဆွဲပုံ ဖော်အားပေးသွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမျက်နှာပေါ်ပန်းချီ များကို လာမည့် မြန်မာ-ထိုင်း ဘောလုံးပွဲ စဉ်ကျင်း ပ
မည့် ဒီဇင် ဘာ ၁၄ရက်တွင် သုဝဏ္ဏဘောလုံးကွင်းဂိတ်အမှတ်(၂)ဘောလုံး ကွင်းရှေ့၌ ရေးဆွဲပေးမည်ဖြစ်
သည်။

ကမ္ဘာကျော် ဦးပိန်တံတားကြီး၏ ကြံ့ခိုင်မှုမှာ နောင်သုံးနှစ်ကျော်လျှင် အန္တရာယ် ရှိသည့် အနေအထားသို့ ရောက်ရှိလာနိုင်

Photo: ကမ္ဘာကျော် ဦးပိန်တံတားကြီး၏ ကြံ့ခိုင်မှုမှာ နောင်သုံးနှစ်ကျော်လျှင် အန္တရာယ် ရှိသည့် အနေအထားသို့ ရောက်ရှိလာနိုင် 
Saturday, December 14, 2013

မန္တလေးမြို့ အထင်ကရ နေရာတစ်ခု နှင့် ပြည်ပ ခရီးသွားများ လာရောက်မှု များသော ကမ္ဘာကျော် ဦးပိန်တံတား ကြီး၏ ကြံ့ခိုင်မှုမှာ နောင်သုံးနှစ် ကျော်လျှင် အန္တရာယ် ရှိလာနိုင်သည့် အနေအထား သို့ ရောက်ရှိ လာနိုင်သည်ဟု ရှေးဟောင်း သုတေသန နှင့် စာကြည့်တိုက် များ ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးဇော်ဟန်ဦး ထံမှ သိရသည်။

" ကြံ့ခိုင်မှု အတွက် အကြီးစား ပြင်ဆင်မှု တွေကို ပြုလုပ်ခြင်းတော့ တစ်ချိန် တစ်ခါမျှ မရှိခဲ့ပါဘူး ၊ အဲဒီ အတွက် ပြင်ဆင်ဖို့ လိုအပ်ပါတယ် ၊ လတ်တလော အခြေအနေ ကတော့ အန္တရာယ် အဆင့် မရောက်သေး ပါဘူး ၊ နောင်သုံးနှစ် လောက်ကြာရင် တော့ အန္တရာယ် ရှိလာ နိုင်ပါတယ် .... " ဟု ၄င်းက ပြောပြသည်။

ပြင်ဆင်မှု လိုအပ်ချက် အပေါ် မူတည်ကာ လိုက်လံ ပြုပြင်ခြင်း မပြုလုပ် နိုင်သော်လည်း အသေးစား ပြင်ဆင်မှုများ ပြုလုပ်ရန် အတွက် ၀န်ထမ်း တစ်ဦးကို ခန့်ထားကြောင်း ၊ လိုအပ်သော အသေးစား ပြင်ဆင်မှု များကို ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း နှင့် လာရောက် လေ့လာသူများ ၊ ပတ်ဝန်းကျင် လူထုကြောင့် ပျက်စီးမှု မဖြစ်စေရန် အတွက်လည်း ပိုစတာများ ၊ သတိပေး တားမြစ်သည့် ဆိုင်းဘုတ်များ ကို လူမြင်သာသော နေရာများတွင် ထားရှိကြောင်း သိရသည်။

အကြီးစား ပြင်ဆင်မှု ပြုလုပ်ရန် အတွက် ငွေကြေး ကုန်ကျမှု များမည် ဖြစ်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိ သူများကို တင်ပြထားကြောင်း ၊ လေ့လာရန် လာရောက်သော သူများထံမှ ရရှိသော ငွေဖြင့် ပြင်ဆင်မှု ပြုလုပ် သွားနိုင်ရန်လည်း တင်ပြ ထားကြောင်း သိရသည်။

ပြည်ပ ခရီးသွားများကို မန္တလေး ၊ အင်းဝ ၊ အမရပူရ သုံးမြို့နယ် သို့ လှည့်လည် ကြည့်ရှုခွင့် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှုန်း ကောက်ခံ ဆောင်ရွက်လျက် ရှိကြောင်း ၊ တစ်နေ့လျှင် နိုင်ငံခြားသား ဦးရေ ၇၀၀ ၀န်းကျင် ၀င်ရောက်မှု ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ပြင်ဆင်မှု များကို ဌာနဆိုင်ရာ မှ ပြင်ဆင်မှု မလုပ်ဆောင် နိုင်သဖြင့် လူမှု ကူညီရေး အဖွဲ့အစည်းများ ၊ သက်ဆိုင်ရာ နယ်မြေများရှိ ပြည်သူများ ၊ ရှေးဟောင်း အမွေအနှစ် မြတ်နိုးသူများ စုပေါင်းကာ ပြင်ဆင်မှု များကို ပြုလုပ်ပါက လျင်မြန်စွာ ပြင်ဆင်မှု များကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ၊ ထိုကဲ့သို့သော လုပ်ဆောင်ချက် လုပ်ဆောင်သူ များကို ဌာနအနေဖြင့် ကူညီမှုများ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Myawady News

RangonNewsDaily:: December . 14 .2013
မန္တလေးမြို့ အထင်ကရ နေရာတစ်ခု နှင့် ပြည်ပ ခရီးသွားများ လာရောက်မှု များသော ကမ္ဘာကျော် ဦးပိန်တံတား ကြီး၏ ကြံ့ခိုင်မှုမှာ နောင်သုံးနှစ် ကျော်လျှင် အန္တရာယ် ရှိလာနိုင်သည့် အနေအထား သို့ ရောက်ရှိ လာနိုင်သည်ဟု ရှေးဟောင်း သုတေသန နှင့် စာကြည့်တိုက် များ ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးဇော်ဟန်ဦး ထံမှ သိရသည်။

ချစ်သူသိလေ (ကဗျာ)

RangonNewsDaily:: December . 14 .2013

ပန်းပွင့်ရှိမှ၊ ရနံ့ ရတာ
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ ဆွတ်စေ၏၊ ချစ်သူသိလေ ...

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ရှိ ဆီယက်တဲလ်တွင် နေထိုင်သည့် မိုက်ခ်သည် ကမ္ဘာပေါ်ရှိ ၎င်းလေးစားအားကျသူ၊ ကြည်ညိုသူ အားလုံးကို Star Warsဇာတ်ဆောင် အရုပ်ကလေးများအဖြစ် ဖန်တီး

Photo

RangonNewsDaily:: December . 14 .2013
ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးအဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားကြသည်။ သို့သော်လည်း မိုက်ခ်လီဗစ်တ်၏ အမြင်တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် Star Wars ဇာတ်ကားများ၏ ဇာတ်ဆောင်တစ်ဦးသာ ဖြစ်လေသည်။

စိတ်တူကိုယ်တူဖြစ်မယ့် အချစ်မျိုးကိုသာ လိုချင်တဲ့ ယုသန္တာတင်

Photo: စိတ်တူကိုယ်တူဖြစ်မယ့် အချစ်မျိုးကိုသာ လိုချင်တဲ့ ယုသန္တာတင်
Saturday, December 14, 2013

ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာကို ပိုင်ဆိုင်ထားတဲ့အပြင် လှပချောမွေ့တဲ့ အသားအရေပိုင်ရှင်တစ်ဦးလဲဖြစ်တဲ့ ယုသန္တာတင်က အချစ်နဲ့ပတ်သတ်ပြီး သူမရဲ့ စိတ်ခံစားချက်တွေကို မေးမြန်းကြည့်လိုက်တဲ့အခါ ‘အချစ်ကို ကိုယ်ချစ်ရင် သူလဲချစ်ရမယ်။ ယုအိမ်ထောင်ပြုမဲ့အချိန်မှာတော့ ဘယ်လိုလူမျိုးကို ယူမယ်ဆိုတာတွေ့ရမယ်။ အခုချိန်မှာတော့ လူငယ်ဖြစ်တဲ့အတွက် မိဘကိုလဲ ဆန့်ကျင်ရင် ဆန့်ကျင်မယ်။ ကိုယ့်စိတ်ထဲမှာ ဘာကိုမှ အစိုးမရသေးတော့လေ။ ယုသတ်မှတ်ထားတဲ့ စံနှုန်းစံထားတော့မရှိဘူး။ အချိန်တန်ကိုယ်နဲ့ လက်တွဲတဲ့သူက ကိုယ့်ကိုနားလည်ပြီး ကိုယ့်နဲ့စိတ်တူကိုယ်တူရှိရမယ်။ စိတ်ဆိုတာက အမြဲတမ်းပြောင်းလဲနေတာဆိုတော့ အတိအကျတော့ မပြောတတ်သေးပါဘူး’တဲ့။

၂၀၁၃ နှစ်ကုန်ကို သူမ ဖြတ်သန်းမဲ့အကြောင်းကိုတော့ ‘ခရစ်စမတ်ကိုလဲ သူငယ်ချင်းတွေနဲ့ ပဲဖြတ်သန်းဖြစ်မှာပါ။ ယုတို့သူငယ်ချင်းတွေစုပြီး မုန့်လုပ်စားကြတယ်။ ပါတီပေးတာတို့ပေါ့။ ထူးခြားတာကတော့ ကိုယ်အသက်တစ်နှစ်ကြီးသွားပြန်ပြီပေါ့။ ၂၀၁၄ အတွက် ပလန်ချထားတာတော့ သိပ်မရှိပါဘူး။’လို့ ပြောပြပေးသွားပါတယ်

Trend Myanmar

RangonNewsDaily:: December . 14 .2013
ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာကို ပိုင်ဆိုင်ထားတဲ့အပြင် လှပချောမွေ့တဲ့ အသားအရေပိုင်ရှင်တစ်ဦး
လဲဖြစ်တဲ့ ယုသန္တာတင်က အချစ်နဲ့ပတ်သတ်ပြီး သူမရဲ့ စိတ်ခံစားချက်တွေကို မေးမြန်းကြည့်လိုက်တဲ့အခါ ‘အချစ်ကို ကိုယ်ချစ်ရင် သူလဲချစ်ရမယ်။

အများပြည်သူသို့ အသိပေးပန်ကြားခြင်း

RangonNewsDaily:: December . 14 .2013
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွင်းရှိ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံရှိ ၂၃၀/၃၃ ကေဗွီ အမှတ် (၂) ၁၀၀ အမ်ဗွီ ထရန်စဖော်မာ (၃၃) ကေဗွီအတွက် ဓာတ်အားလိုင်းကြိုးမှာလွန်းဖွာနေ၍ ပြုပြင်ခြင်း လုပ်ငန်းအား ၁၄-၁၂-၂၀၁၃ ရက်နေ့ ည ၂၄ ၀၀ နာရီမှ စတင်၍ ၁၅-၁၂-၂၀၁၃ ရက်နေ့ နံနက် ၀၁ ၀၀ နာရီအထိ တစ်နာရီကြာ ဓာတ်အားပိတ်၍ ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ဒဏ်ရာပြဿနာဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံးသတ်ရတော့မည်

Photo: ဒဏ်ရာပြဿနာဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံးသတ်ရတော့မည်
Saturday, December 14, 2013

မန်ယူတိုက်စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာရရှိမှုကြောင့် တစ်လအထိ အနားယူရတော့မည်ဟု သိရသည်။

ရှက်တာဒိုးနက်ကို တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သောပွဲစဉ်တွင် အနိုင်ဂိုးရစေမည့် ထောင့်ကန်ဘော ကန်တင်ရာမှာတစ်ဆင့် ဗန်ပါစီ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့် ၎င်းအနေဖြင့် မန်ယူအသင်း၏ပွဲစဉ်(၇)ပွဲအထိ အနားယူရဖွယ်ရှိနေသည်။ ထို့အပြင် မန်ယူနည်းပြ မိုရက်စ်ကလည်း ရွန်နီနှင့်တွဲဖက်၍ ခြေစွမ်းပြနေသည့် ဗန်ပါစီ အနားယူရခြင်းမှာ မိမိတို့အသင်းအတွက် ကံဆိုးမှုတစ်ရပ်ဖြစ်ကြောင်း ဖွင့်ဟသွားသည်။

“ရှက်တာဒိုးနက်နဲ့ပွဲမှာ အနိုင်ဂိုးရစေမယ့် ထောင့်ကန်ဘော ကန်တင်ရာကတစ်ဆင့် ဗန်ပါစီ ပေါင်ကြွက်သား ဒဏ်ရာရခဲ့ပြီး အဲဒီအတွက် တစ်လကြာ အနားယူရပါတော့မယ်။ ရွန်နီနဲ့ ဗန်ပါစီနှစ်ဦးပေါင်း စွမ်းဆောင်မှုကောင်းနေချိန်မှာ ဗန်ပါစီ ဒဏ်ရာရသွားတာ ကျွန်တော်တို့ အသင်းအတွက် ကံဆိုးမှုတစ်ရပ်ပါပဲ”ဟု မိုရက်စ်က ပြောသည်။ မန်ယူမှာ အဲဗာတန်၊ နယူးကာဆယ်တို့နှင့် ပွဲစဉ်များတွင် အိမ်ကွင်း(၂)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး လာမည့် တနင်္ဂနွေနေ့တွင် ဗီလာနှင့် အဝေးကွင်းပွဲစဉ် ကစားရန်ရှိနေသည်။
 
zaw zaw tun
ရိုးရာလေး

RangonNewsDaily:: December . 14 .2013
မန်ယူတိုက်စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာရရှိမှုကြောင့် တစ်လအထိ အနားယူရတော့မည်ဟု သိရသည်။

ဗီလာနှင့်ပွဲသည် အလွန်အရေးကြီးလာပြီဟု ဂျုံးစ်ဝန်ခံ

Photo: ဗီလာနှင့်ပွဲသည် အလွန်အရေးကြီးလာပြီဟု ဂျုံးစ်ဝန်ခံ
Saturday, December 14, 2013
	 	
အက်စ်တန်ဗီလာနှင့် ပွဲစဉ်သည် မန်ချက်စတာ ယူနိုက်တက်အတွက် အလွန်အရေးကြီးသော အခြေအနေ ဖြစ်လာပြီဟု နောက်ခံလူ ဖီးလ်ဂျုံးစ်က ဝန်ခံ ပြောကြားလိုက်သည်။

လက်ရှိ အင်္ဂလန် ချန်ပီယံ အသင်းသည် ပရီးမီးယားလိဂ်တွင် (၄)ပွဲဆက် နိုင်ပွဲပျောက်ထားပြီးနောက် ဗီလာပါ့ခ်တွင် မဖြစ်မနေ (၃)မှတ်ရယူရန် ဖိအားဝင်နေပြီ ဖြစ်သည်။ ထို့အပြင် ယူနိုက်တက်သည် အာဆင်နယ်နောက် (၁၃)မှတ်ထိ ပြတ်ကျန်နေပြီဖြစ်ရာ ချန်ပီယံဆုကို ကာကွယ်ရန် အခွင့်အလမ်း အလွန်နည်းပါးသွားခဲ့သည်။ ဂျုံးစ်က "ဒီပွဲဟာ တကယ့်ကို ကြီးကျယ်တဲ့ အခြေအနေမျိုး ဆိုက်ရောက်လာပါပြီ။ အမှတ်ပေးပွဲမှာ အခြေအနေတွေ မှန်မှန်ကန်ကန် ပြန်ဖြစ်လာဖို့အတွက် ကျွန်တော်တို့ အရာအားလုံး ပုံအောရပါလိမ့်မယ်"ဟု ဆိုသည်။

၎င်းက "(၃)မှတ်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ လုပ်ဆောင်ရပါမယ်။ ဒါကို အရင်ပွဲတွေ ကတည်းက ကျွန်တော်တို့ ပြောခဲ့ပေမယ့် အရှုံးတွေပဲ တွေ့ခဲ့တယ်။ သီတင်းပတ် တချို့မှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ကြုံခဲ့ပြီးပါပြီ။ ခုချိန်မှာ ကျွန်တော်တို့ ပုံစံအသစ်တစ်ခု အစပြုဖို့ ကြိုးစားရပါတော့မယ်။ ဗီလာဟာ မှန်းဆရသိပ်ခက်တဲ့ အသင်းပါ။ ဘာပဲဖြစ်ဖြစ် သူတို့အိမ်ကွင်းမှာ (၃)မှတ်ယူဖို့ ကျွန်တော်တို့ သွားကစားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရမှတ်တွေ များများစားစား မစုဆောင်းနိုင်သေးတာကို သိပါတယ်။ ဒါကြောင့် ပိုပြီးတော့ ကြိုးစားရပါလိမ့်မယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။ 

Ref:skysport
Soccer Myanmar

RangonNewsDaily:: December . 14 .2013
အက်စ်တန်ဗီလာနှင့် ပွဲစဉ်သည် မန်ချက်စတာ ယူနိုက်တက်အတွက် အလွန်အရေးကြီးသော အခြေအနေ ဖြစ်လာပြီဟု နောက်ခံလူ ဖီးလ်ဂျုံးစ်က ဝန်ခံ ပြောကြားလိုက်သည်။

ဒေါက်တာ စင်သီယာမောင်ကို ထိုင်းမင်းသမီး သီရိဒုံက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည်

Photo: ဒေါက်တာ စင်သီယာမောင်ကို ထိုင်းမင်းသမီး သီရိဒုံက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည်
Saturday, December 14, 2013

ထိုင်း-မြန်မာနယ်စပ် တပ်ဒ်ခရိုင်အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည် စခန်းများကို ဆေးကုသမှု ပေးနေသော မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းနိုင်ငံ၏ ဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံက ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မယ်တော်ဆေးခန်းမှ ကြေညာချက် ထုတ်ပြန်သည်။

ယင်းဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ဒီဇင်ဘာ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဘန်ကောက်မြို့ရှိ Ubon Ratchathani တက္ကသိုလ်တွင် ချီးမြှင့်မည်ဟု မယ်တော် ဆေးခန်းက ထုတ်ပြန်သော အဆိုပါ ကြေညာ ချက်တွင် ဖော်ပြထားသည်။
“ဆုရတာနဲ့ ပတ်သက်ပြီး အထူးဂုဏ်ယူ မိပါတယ်။ နိုင်ငံခြား (ထိုင်း) မှာ ဒုက္ခရောက်သူတွေရဲ့ အားကိုးရာဖြစ်တဲ့ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းအစိုးရက အခုလို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အတွက် ဝမ်းမြောက်မိပါတယ်” ဟု ဒေါက်တာ စင်သီယာမောင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ရရှိခြင်းနှင့် ပတ်သက်၍ ကရင် အမျိုးသမီးများ ဖွံ့ဖြိုးရေးအဖွဲ့၏ ဒါရိုက်တာ ဒေါ်ဆူဆန်နာ လှလှစိုးက The Voice သို့ ပြောကြားသည်။

ဒေါက်တာ စင်သီယာမောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး ထိုင်း-မြန်မာနယ်စပ်သို့ လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲရန် တောခိုသွားသော ကျောင်းသား များကို ဆေးကုသ ပေးရန်အတွက် တပ်ဒ်ခရိုင် မဲဆောက် မြို့နယ်တွင် မယ်တော် ဆေးခန်းကို ဖွင့်လှစ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ်ရောက် ဒုက္ခသည် များနှင့် ရွေ့ပြောင်း အလုပ်သမားများကို ဆေးကုသ ပေးလျက် ရှိသည်။

ဒေါက်တာ စင်သီယာမောင်သည် ရွေ့ပြောင်း ဒုက္ခသည်များ ကျန်းမာရေး ကိစ္စနှင့် လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုများကြောင့် ဖိလစ်ပိုင်နိုင်ငံမှ ချီးမြှင့်သော ရာမွန်မက်ဆေး ဆေးပညာဆုနှင့် သြစတြေးလျနိုင်ငံမှ ချီးမြှင့်သော ဆစ်ဒနီ ငြိမ်းချမ်းရေးဆုတို့ ရရှိထားသည်။

The Voice Weekly

RangonNewsDaily:: December . 14 .2013
ထိုင်း-မြန်မာနယ်စပ် တပ်ဒ်ခရိုင်အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည် စခန်းများကို ဆေးကုသမှု ပေးနေသော မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းနိုင်ငံ၏ ဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံက ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မယ်တော်ဆေးခန်းမှ ကြေညာချက် ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် မြင်းစီးအလှပြိုင်ပွဲမှာ ဆုချီးမြှင့်

Photo

RangonNewsDaily:: December . 14 .2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နေပြည်တော် မြင်းစီးအလှပြိုင်ပွဲမှာ ဆုချီးမြှင့်ပေးခဲ့ပါတယ်။

မြန်မာဘီယာကုမ္ပဏီမှ ကုန်ကြမ်းဟုယူဆရသော ဖွဲနုများကြောင့် ယာဉ်တန်းများစလစ်ဖြစ်ကာ ခရီးသည်တင်ယာဉ်တစ်စီး ခုံးကျော်တံတားပေါ်မှထိုးကျ

Photo

RangonNewsDaily:: December . 14 .2013
ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေး ရပ်ကွက်ရှိ နိုင်ငံရေးမှတ်တိုင်အနီးပြည် လမ်းမပေါ် ရထားလမ်းကူး ခုံးကျော် တံတားပေါ်တွင် မြန်မာဘီယာကုမ္ပဏီ၏ ကုန်ကြမ်းများဟု ယူဆရသော ဖွဲ့နုများ ကြောင့်

27 SeaGame မြန်မာ - ထိုင်း ဘောလုံးပွဲအတွက်ပိရိသတ်များတဖွဲဖွဲရောက်ရှိနေ

Khin Mg Latt's photo.

RangonNewsDaily:: December . 14 .2013
ယနေ့ညနေ၆နာရီ၄၅မိနစ်တွင်ကျင်းပမည့် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ထိုင်းအသင်းနှင့်ယှဉ်ပြိုင် ည့်မြန်မာ
အမျိုးသားအသင်းကိုကွင်းပြင်တွင်တိုက်ရိုက်ပြမည့်LED ဘုတ်ရှေ့တွင်ပရိသတ်များစတင်ရောက်ရှိလာနေပြီ
ဖြစ်ကြောင်းသတင်းရရှိပါသည်။

မြန်မာ - ထိုင်း ဘောလုံးပွဲ

RangonNewsDaily:: December . 14 .2013
ယနေ့ ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး ကွင်း၌ ယှဉ်ပြိုင် ကစား မည့် မြန်မာ - ထိုင်း ဘောလုံးပွဲစဉ်ကို
ရန်ကုန်ယူနိုက် တက် ကွင်းရှိ LED Score Board တွင်တိုက်ရိုက်ပြသသွားမည်ကြောင်းအသိပေးအပ်ပါသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံဘုရင်နှင့်မိဖုရားတို့က တည်ခင်းဧည့်ခံသည့်ဂုဏ်ပြုလက်ဖက်ရည်ပွဲသို့တက်ရောက်

Photo: နိုင်ငံတော်သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံဘုရင်နှင့်မိဖုရားတို့က တည်ခင်းဧည့်ခံသည့်ဂုဏ်ပြုလက်ဖက်ရည်ပွဲသို့တက်ရောက်
Saturday, December 14, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် သည်ယနေ့ညနေ ၄နာရီတွင် ဂျပန် နိုင်ငံ ဘုရင့်နန်းတော်၌ နှစ်(၄ဝ) ပြည့်အာဆီယံ-ဂျပန်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ဂျပန်-မဲခေါင်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့်အာဆီယံ ခေါင်းဆောင်များနှင့်ဇနီးများအား ဂျပန်နိုင်ငံဘုရင် Akihito နှင့်မိဖုရား Michiko Shoda တို့တည်ခင်းဧည့်ခံ သည့် ဂုဏ်ပြုလက်ဖက်ရည်ပွဲသို့ တက်ရောက်ရာ(ဝဲပုံ) ဂျပန်နိုင်ငံ ဘုရင်နှင့် မိဖုရားတို့ က Imperial Palace ၌ ခင်မင်ရင်းနှီးစွာကြိုဆို
နှုတ်ဆက်ပြီးဂုဏ်ပြုလက်ဖက်ရည် ပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတသည် ဂျပန်နိုင်ငံဝန်ကြီးချုပ်
နေအိမ်၌ကျင်းပသည့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ဇနီးတို့ တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အတူတက်ရောက်ပြီး အာဆီယံ ဒေသအတွင်းရှိ သဘာဝဘေးဒဏ် သင့်ပြည်သူများအတွက် တစ်မိနစ် ငြိမ်သက်စွာ ဆုတောင်းမေတ္တာပို့ ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ သည် ည ၉နာရီတွင် တိုကျို မြို့ရှိ မြန်မာသံရုံးသို့ရောက်ရှိပြီး သံရုံးဝန် ထမ်းများနှင့်မြန်မာပညာတော်သင် များအားတွေ့ဆုံနှုတ်ဆက်၍ လက် ဆောင်ပစ္စည်းများပေးအပ်သည်။


The Union Daily

RangonNewsDaily:: December . 14 .2013
နိုင်ငံတော်သမ္မတဦးသိန်းစိန် သည်ယနေ့ညနေ ၄နာရီတွင် ဂျပန် နိုင်ငံ ဘုရင့်နန်းတော်၌ နှစ်(၄ဝ) ပြည့်အာ
ဆီယံ-ဂျပန်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ဂျပန်-မဲခေါင်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်
လာကြသည့်အာဆီယံ ခေါင်းဆောင်များနှင့်ဇနီးများအား

ဒီဇယ်ဆီတွဲ ယာဉ်ပေါ်တက် ဆီခပ်ယူသော ရွာသူရွာသား ၂၅၀ ကိုအမှုဖွင့်

Photo: ဒီဇယ်ဆီတွဲ ယာဉ်ပေါ်တက် ဆီခပ်ယူသော ရွာသူရွာသား ၂၅၀ ကိုအမှုဖွင့်
Saturday, December 14, 2013

ရန်ကုန်မြစ်တွင်းရှိ ဆိပ်ကမ်းမြို့နယ် သက်ကယ်ကွင်း ကျေးရွာ အနီးတွင် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်တွဲ ယာဉ်ပေါ်သို့ ရွာသူရွာသား ၂၅၀ ခန့် တက်ရောက်ကာ ဒီဇယ်များ ခပ်ယူမှုကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အမှုဖွင့်ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ခံ မန်နေဂျာ ဦးသန်းထွေးက ပြောကြားသည်။ 

သီလဝါဆိပ်ကမ်း အရှေ့ဘက်ရှိ ရေလယ်တွင် ကျောက်ချ ရပ်နားထားသော စင်ကာပူ ကုမ္ပဏီပိုင် သင်္ဘောပေါ်မှ ဒီဇယ် ဂါလန် သုံးသိန်းတစ်သောင်းကို ကမ်းခြေသို့ သယ်ဆောင်လာသည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်တွဲယာဉ်မှာ ဦးဆိုက်သွားသဖြင့် နီးစပ်ရာ ကမ်းစပ်ဖြစ်သော သက်ကယ်ကွင်း ကျေးရွာ အနီးသို့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကမ်းကပ်ခဲ့ကြောင်း၊ ယင်းသို့ ကမ်းကပ်ထားစဉ် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ရွာသူရွာသားများက ဆီတွဲယာဉ်ပေါ် တက်ကာ ချိတ်ပိတ်ထားသော ဆီထည့်ပေါက် များကို ဖွင့်၍ အုပ်စုလိုက် ဒီဇယ်များ ခတ်ယူခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ ကိုစိုးသီဟက ရှင်းပြသည်။
“မြစ်ထဲကို ဒီဇယ်တွေကျလို့ အခြားသူတွေ ခပ်ယူတယ်ဆိုရင် အမှုမဖွင့်ပါဘူး၊ ခုဟာက ဒီဇယ်တွဲပေါ် အုပ်စုလိုက် တက်ခပ်လို့သာ အမှုဖွင့်တာပါ” ဟု ၎င်းကဆိုသည်။

ဒီဇယ်တွဲယာဉ် ကမ်းကပ် ထားချိန်တွင် လှေလေးစီးဖြင့် ရေလုပ်သား ရှစ်ဦးခန့် ရောက်ရှိလာပြီး ဘာကြောင့် ကပ်သည်ကို လာရောက် မေးမြန်ခဲ့ကြောင်း၊ ယင်းနောက် ရေလုပ်သားများ ပြန်သွားပြီး မိနစ် ၂၀ ခန့် အကြာတွင် လှေအစီး ၁၀၀ ကျော်ဖြင့် လူ ၂၅၀ ကျော် ရောက်လာပြီး ဒီဇယ်တွဲယာဉ် ပေါ်တက်ကာ ဒီဇယ်များ ခပ်ယူခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆီခပ်ယူနေချိန်တွင် ကုမ္ပဏီဘက်မှ တာဝန်ရှိသူများက မခပ်ယူရန် တားမြစ်သော်လည်း ယင်းရွာသားများက ဂါလန်ပုံးများဖြင့် အလုအယက် ခပ်ယူကာ လှေများဖြင့် သယ်ယူသွားကြောင်း အဆိုပါ ဆီတွဲယာဉ်ပေါ် လိုက်ပါလာသူ အထွေထွေ လုပ်သား ကိုပိုင်လေးက ပြောကြားသည်။
“ကျွန်တော်တို့က မယူကြဖို့ တားပေမယ့် ရေထဲမြုပ်ပြီး ဆုံးရှုံးမယ့် အတူတူ ငါတို့ယူတာ အကျိုးရှိတယ် ဆိုပြီး အတင်းခပ်တော့တာပဲ၊ လူအုပ်က အရမ်းများတော့ မပြောရဲဘူး” ဟု ၎င်းက ရှင်းပြသည်။

သီလဝါ ဆိပ်ကမ်းတွင် စက်သုံးဆီ တင်ဆောင်လာသော နိုင်ငံခြား သင်္ဘောများ ကပ်ချိန်တွင် ရန်ကုန်မြို့တော်တွင်းသို့ ဆီသယ်ဆောင်ရန် ပြည်တွင်း ဆီသယ်ယူရေး လုပ်ငန်းများက သုံးရက်အတွင်း လုပ်ဆောင် ပေးရကြောင်း၊ ဆီသယ်ဆောင်ရာတွင် အခက်အခဲ တစ်ခုကြောင့် ဆီတွဲယာဉ် ကမ်းကပ်ရာတွင် စက်သုံးဆီများကို အုပ်စုလိုက် လာရောက် ယူဆောင်ခြင်းသည် လုပ်ငန်းရှင်များ၏ အကျိုးစီးပွားအတွက် လုံခြုံမှု မရှိကြောင်း၊ အုပ်စုလိုက် ဒီဇယ်ခပ်ယူမှုကို ထိရောက်စွာ အရေးယူပေး စေလိုကြောင်း ယင်းကုမ္ပဏီ၏ ဒါရိုက်တာ ကိုစိုးသီဟက ပြောကြားသည်။

အုပ်စုလိုက် ဒီဇယ်ခပ်ယူ နေစဉ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့ရောက်ရှိလာကာ တားမြစ်စေသော်လည်း တားမရကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီမိနစ် သုံးဆယ်ခန့်တွင် စက်လှေဖြင့် ရောက်ရှိလာသော ဆိပ်ကမ်းရဲ တပ်ဖွဲ့ဝင်များက တားမြစ်မှသာ ဆီတွဲပေါ်မှ ရွာသူရွာသားများ ပြန်လည်ဆင်းကာ ထွက်ခွာသွားခဲ့ကြောင်း ရွှေဗျိုင်းဖြူ ကုမ္ပဏီထံမှ သိရှိရသည်။

အဆိုပါ ဒီဇယ်ဆီ လာရောက် ခပ်ယူသည့် ရွာသူရွာသားများကြောင့် ဆီပေပါ ၃၀၀ ခန့်ရှိသော ဒီဇယ်ပမာဏ ဆုံးရှုံးသဖြင့် အဆိုပါ ရွာသူရွာသားများကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းတွင် (ပ) ၃၄၆/၁၃၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

RangonNewsDaily:: December . 14 .2013
ရန်ကုန်မြစ်တွင်းရှိဆိပ်ကမ်းမြို့နယ်သက်ကယ်ကွင်း ကျေးရွာအနီးတွင် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်တွဲ ယာဉ်
ပေါ်သို့ ရွာသူရွာသား ၂၅၀ ခန့် တက်ရောက်ကာ ဒီဇယ်များ ခပ်ယူမှုကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အမှုဖွင့်ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ခံ မန်နေဂျာ ဦးသန်းထွေးက ပြောကြားသည်။

ဒီဇယ်ဆီတွဲ ယာဉ်ပေါ်တက် ဆီခပ်ယူသော ရွာသူရွာသား ၂၅၀ ကိုအမှုဖွင့်

Photo: ဒီဇယ်ဆီတွဲ ယာဉ်ပေါ်တက် ဆီခပ်ယူသော ရွာသူရွာသား ၂၅၀ ကိုအမှုဖွင့်
Saturday, December 14, 2013

ရန်ကုန်မြစ်တွင်းရှိ ဆိပ်ကမ်းမြို့နယ် သက်ကယ်ကွင်း ကျေးရွာ အနီးတွင် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်တွဲ ယာဉ်ပေါ်သို့ ရွာသူရွာသား ၂၅၀ ခန့် တက်ရောက်ကာ ဒီဇယ်များ ခပ်ယူမှုကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အမှုဖွင့်ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ခံ မန်နေဂျာ ဦးသန်းထွေးက ပြောကြားသည်။ 

သီလဝါဆိပ်ကမ်း အရှေ့ဘက်ရှိ ရေလယ်တွင် ကျောက်ချ ရပ်နားထားသော စင်ကာပူ ကုမ္ပဏီပိုင် သင်္ဘောပေါ်မှ ဒီဇယ် ဂါလန် သုံးသိန်းတစ်သောင်းကို ကမ်းခြေသို့ သယ်ဆောင်လာသည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်တွဲယာဉ်မှာ ဦးဆိုက်သွားသဖြင့် နီးစပ်ရာ ကမ်းစပ်ဖြစ်သော သက်ကယ်ကွင်း ကျေးရွာ အနီးသို့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကမ်းကပ်ခဲ့ကြောင်း၊ ယင်းသို့ ကမ်းကပ်ထားစဉ် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ရွာသူရွာသားများက ဆီတွဲယာဉ်ပေါ် တက်ကာ ချိတ်ပိတ်ထားသော ဆီထည့်ပေါက် များကို ဖွင့်၍ အုပ်စုလိုက် ဒီဇယ်များ ခတ်ယူခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ ကိုစိုးသီဟက ရှင်းပြသည်။
“မြစ်ထဲကို ဒီဇယ်တွေကျလို့ အခြားသူတွေ ခပ်ယူတယ်ဆိုရင် အမှုမဖွင့်ပါဘူး၊ ခုဟာက ဒီဇယ်တွဲပေါ် အုပ်စုလိုက် တက်ခပ်လို့သာ အမှုဖွင့်တာပါ” ဟု ၎င်းကဆိုသည်။

ဒီဇယ်တွဲယာဉ် ကမ်းကပ် ထားချိန်တွင် လှေလေးစီးဖြင့် ရေလုပ်သား ရှစ်ဦးခန့် ရောက်ရှိလာပြီး ဘာကြောင့် ကပ်သည်ကို လာရောက် မေးမြန်ခဲ့ကြောင်း၊ ယင်းနောက် ရေလုပ်သားများ ပြန်သွားပြီး မိနစ် ၂၀ ခန့် အကြာတွင် လှေအစီး ၁၀၀ ကျော်ဖြင့် လူ ၂၅၀ ကျော် ရောက်လာပြီး ဒီဇယ်တွဲယာဉ် ပေါ်တက်ကာ ဒီဇယ်များ ခပ်ယူခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆီခပ်ယူနေချိန်တွင် ကုမ္ပဏီဘက်မှ တာဝန်ရှိသူများက မခပ်ယူရန် တားမြစ်သော်လည်း ယင်းရွာသားများက ဂါလန်ပုံးများဖြင့် အလုအယက် ခပ်ယူကာ လှေများဖြင့် သယ်ယူသွားကြောင်း အဆိုပါ ဆီတွဲယာဉ်ပေါ် လိုက်ပါလာသူ အထွေထွေ လုပ်သား ကိုပိုင်လေးက ပြောကြားသည်။
“ကျွန်တော်တို့က မယူကြဖို့ တားပေမယ့် ရေထဲမြုပ်ပြီး ဆုံးရှုံးမယ့် အတူတူ ငါတို့ယူတာ အကျိုးရှိတယ် ဆိုပြီး အတင်းခပ်တော့တာပဲ၊ လူအုပ်က အရမ်းများတော့ မပြောရဲဘူး” ဟု ၎င်းက ရှင်းပြသည်။

သီလဝါ ဆိပ်ကမ်းတွင် စက်သုံးဆီ တင်ဆောင်လာသော နိုင်ငံခြား သင်္ဘောများ ကပ်ချိန်တွင် ရန်ကုန်မြို့တော်တွင်းသို့ ဆီသယ်ဆောင်ရန် ပြည်တွင်း ဆီသယ်ယူရေး လုပ်ငန်းများက သုံးရက်အတွင်း လုပ်ဆောင် ပေးရကြောင်း၊ ဆီသယ်ဆောင်ရာတွင် အခက်အခဲ တစ်ခုကြောင့် ဆီတွဲယာဉ် ကမ်းကပ်ရာတွင် စက်သုံးဆီများကို အုပ်စုလိုက် လာရောက် ယူဆောင်ခြင်းသည် လုပ်ငန်းရှင်များ၏ အကျိုးစီးပွားအတွက် လုံခြုံမှု မရှိကြောင်း၊ အုပ်စုလိုက် ဒီဇယ်ခပ်ယူမှုကို ထိရောက်စွာ အရေးယူပေး စေလိုကြောင်း ယင်းကုမ္ပဏီ၏ ဒါရိုက်တာ ကိုစိုးသီဟက ပြောကြားသည်။

အုပ်စုလိုက် ဒီဇယ်ခပ်ယူ နေစဉ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့ရောက်ရှိလာကာ တားမြစ်စေသော်လည်း တားမရကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီမိနစ် သုံးဆယ်ခန့်တွင် စက်လှေဖြင့် ရောက်ရှိလာသော ဆိပ်ကမ်းရဲ တပ်ဖွဲ့ဝင်များက တားမြစ်မှသာ ဆီတွဲပေါ်မှ ရွာသူရွာသားများ ပြန်လည်ဆင်းကာ ထွက်ခွာသွားခဲ့ကြောင်း ရွှေဗျိုင်းဖြူ ကုမ္ပဏီထံမှ သိရှိရသည်။

အဆိုပါ ဒီဇယ်ဆီ လာရောက် ခပ်ယူသည့် ရွာသူရွာသားများကြောင့် ဆီပေပါ ၃၀၀ ခန့်ရှိသော ဒီဇယ်ပမာဏ ဆုံးရှုံးသဖြင့် အဆိုပါ ရွာသူရွာသားများကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းတွင် (ပ) ၃၄၆/၁၃၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

RangonNewsDaily:: December . 14 .2013
ရန်ကုန်မြစ်တွင်းရှိဆိပ်ကမ်းမြို့နယ်သက်ကယ်ကွင်း ကျေးရွာအနီးတွင် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်တွဲ ယာဉ်
ပေါ်သို့ ရွာသူရွာသား ၂၅၀ ခန့် တက်ရောက်ကာ ဒီဇယ်များ ခပ်ယူမှုကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အမှုဖွင့်ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ခံ မန်နေဂျာ ဦးသန်းထွေးက ပြောကြားသည်။

ရှုံးရင်လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ ဟု ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ အားကစားသမားများ ကို ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: ရှုံးရင်လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ ဟု ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ အားကစားသမားများ ကို ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Saturday, December 14, 2013

(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင် မြန်မာအားကစားသမားများကို ရှုံးရင် လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ နိုင်တယ်ဆိုတာတောင် မှ သိက္ခာရှိရှိနိုင်တာမှ တန်ဖိုးရှိ တာဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က အားပေးစကားပြောကြား ခဲ့သည်။

ယနေ့ နေပြည်တော်ဝဏ္ဏ သိဒ္ဓိအားကစား(B)ရုံတွင် ကျင်းပ သော (၂၇)ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသမီးပြိုင် ပွဲ မြန်မာနှင့်ထိုင်းပွဲ ယှဉ်ပြိုင်မှု ကို တက်ရောက်အားပေးပြီး အ ပြန်တွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

''တကယ်တော့ ကိုယ့်ရဲ့အား ကစားသမားတွေကို အကောင်း ဆုံးဖြစ်စေချင် တာပေါ့။ ဒါပေမဲ့ အဓိကတော့ စိတ်ဓာတ်ပဲလေ။ စိတ်ဓာတ်အပေါ် အခြေခံ ရမယ်။ အမေကတော့ ပြိုင်တယ်ဆိုရင် အတတ်နိုင်ဆုံးလုပ်ရမယ်။ စိတ် ဓာတ် ခိုင်ခိုင် မာမာထားရမယ်။ ရှုံးလို့ရှိရင်လဲ မယိုင်နဲ့ နိုင်လို့ရှိရင် လဲ မကျောနဲ့ နိုင် တယ်ဆိုရင် တောင်မှ သိက္ခာရှိရှိနိုင်တာမှ တန် ဖိုးရှိတာ''ဟု ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်း ယနေ့ပြုလုပ်သောအား ကစားပြိုင်ပွဲများကို လည်းကောင်း၊ မြင်းပြိုင် ကွင်း၌ပြုလုပ်သော မြင်း အလှစီးပြိုင်ပွဲသို့ လည်းကောင်း သွားရောက် ကြည့်ရှုအားပေးခဲ့ သည်။

ယနေ့ကျင်းပသော နေပြည် တော် ဝဏ္ဏသိဒ္ဓိမြင်းပြိုင်ပွဲ တွင် ပြု လုပ်သော မြင်း အလှစီးပြိုင်ပွဲ တွင် သူမ၏မြင်းဖြစ်သော မြန်မာ့ အလှမြင်း အား ကမ္ဘောဒီးယားနိုင်ငံ မှ မြင်းစီးအားကစားသမားက စီး ၍ ယှဉ်ပြိုင်ခြင်းကိုလည်း လာ ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ၏ မြန်မာ့အလှမြင်းမှာ ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ၁၃ရက်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိမြင်းပြိုင်ပွဲတွင် ဆုရအားကစားသမားများအား ဒေါ်အောင်ဆန်းစုကြည် ဆုချီးမြှင့်နေစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/

ရန်ကုန်တိုင်းမ်

RangonNewsDaily:: December . 14 .2013
(၂၇) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအားကစားသမားများကိုရှုံးရင်လည်းမယိုင်နဲ့ နိုင်ရင်လည်း မကျော
နဲ့ နိုင်တယ်ဆိုတာတောင်မှသိက္ခာရှိရှိနိုင်တာမှတန်ဖိုးရှိတာဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်
ဆန်းစု ကြည်က အားပေးစကားပြောကြား ခဲ့သည်။