Pages

Pages - Menu

Saturday, December 14, 2013

ယီမင်မှ မင်္ဂလာပွဲ ယာဉ်တန်း အယ်လ်ကေဒါးနှင့်မှားပြီး တိုက်ခိုက်ခံရ

Photo: ယီမင်မှ မင်္ဂလာပွဲ ယာဉ်တန်း အယ်လ်ကေဒါးနှင့်မှားပြီး တိုက်ခိုက်ခံရ
Saturday, December 14, 2013


ဒီဇင်ဘာ ၁၂ရက်က ယီမင်နိုင်ငံအလယ်ပိုင်းမှ မင်္ဂလာပွဲတစ်ခု၏ ယာဉ်တန်းကို အမေရိကန် ဒရုန်းက အယ်လ်ကေဒါး အကြမ်းဖက်သမားများနှင့် အမြင်မှားပြီး ပစ်ချခဲ့သဖြင့် အနည်းဆုံး ၁၃ဦးသေဆုံးခဲ့သည်။ တိုက်ခိုက်မှုသည် အယ်ဘေဒါ ပြည်နယ် 
အလယ်ပိုင်း ကွိုင်ဖာရွာတွင်ဖြစ်ပွားခဲ့သည်။ 

ယခု ပစ်ခတ်မှုအပေါ် သတင်းအမျိုးမျိုးထွက်လျက်ရှိရာ ကနဦးက ဒရုန်းထိန်းချုပ်သူသည် အယ်လ်ကေဒါး ယာဉ်တန်းနှင့် အမြင်မှားပြီး ပစ်ချခဲ့သည်ဟု ဆိုသည်။ သို့သော် အခြားလုံခြုံရေးဆိုင်ရာ တရားဝင်ပြောကြားချက်များတွင်မူ အယ်လ်ကေ ဒါးတို့သည် မင်္ဂလာပွဲနှင့်ဝင်ရောကာ ကိုယ်ရောင်ဖျောက်ရန် ကြိုးပမ်းခဲ့သည်ဟု
ဆိုသည်။ 

ပစ်ခတ်မှုကြောင့် လမ်းမ ထက်တွင် ကားများမီးလောင်ခဲ့ပြီး အလောင်းများလည်း ပြန့်ကျဲခဲ့ရသည်ဟု မီဒီယာများက ဆိုသည်။ 
ယီမင်နိုင်ငံသည် အမေရိကန်တို့၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှု အများဆုံး နိုင်ငံထဲမှ တစ်နိုင်ငံ ဖြစ်သလို အယ်လ်ကေဒါးတို့ အခြေချ လှုပ်ရှားမှု အရှိဆုံးနိုင်ငံလည်း ဖြစ်သည်။ 

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ယီမင်တွင် ကန်ဒရုန်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများ ဒါဇင်နှင့်ချီကာ ရှိနေပြီဟုဆိုသည်။

Ref: AP
ွှ့The Myanma Age

RangonNewsDaily:: December . 14 .2013
ဒီဇင်ဘာ ၁၂ရက်က ယီမင်နိုင်ငံအလယ်ပိုင်းမှ မင်္ဂလာပွဲတစ်ခု၏ ယာဉ်တန်းကို အမေရိကန် ဒရုန်းက အယ်
လ်ကေဒါးအကြမ်းဖက်သမားများနှင့်အမြင်မှားပြီး ပစ်ချခဲ့သဖြင့် အနည်းဆုံး ၁၃ဦးသေဆုံးခဲ့သည်။ တိုက်ခိုက်
မှုသည် အယ်ဘေဒါ ပြည်နယ် အလယ်ပိုင်း ကွိုင်ဖာရွာတွင်ဖြစ်ပွားခဲ့သည်။ ယခုပစ်ခတ်မှုအပေါ်သတင်းအမျိုးမျိုးထွက်လျက်ရှိရာ ကနဦးက ဒရုန်းထိန်းချုပ်သူသည် အယ်လ်ကေဒါး ယာဉ်
တန်းနှင့် အမြင်မှားပြီး ပစ်ချခဲ့သည်ဟု ဆိုသည်။ သို့သော် အခြားလုံခြုံရေးဆိုင်ရာ တရားဝင်ပြောကြားချက်
များတွင်မူ အယ်လ်ကေ ဒါးတို့သည် မင်္ဂလာပွဲနှင့်ဝင်ရောကာ ကိုယ်ရောင်ဖျောက်ရန် ကြိုးပမ်းခဲ့သည်ဟုဆို
သည်။

ပစ်ခတ်မှုကြောင့် လမ်းမ ထက်တွင် ကားများမီးလောင်ခဲ့ပြီး အလောင်းများလည်း ပြန့်ကျဲခဲ့ရသည်ဟု မီဒီ
ယာများက ဆိုသည်။ 

ယီမင်နိုင်ငံသည် အမေရိကန်တို့၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှု အများဆုံး နိုင်ငံထဲမှ တစ်နိုင်ငံ ဖြစ်သလို အယ်လ်ကေဒါးတို့ အခြေချ လှုပ်ရှားမှု အရှိဆုံးနိုင်ငံလည်း ဖြစ်သည်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ယီမင်တွင် ကန်ဒရုန်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများ ဒါ
ဇင်နှင့်ချီကာ ရှိနေပြီဟုဆိုသည်။

Ref: AP
ွှ့The Myanma Age , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment