Pages
▼
Pages - Menu
▼
Sunday, September 29, 2013
Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း
RangonNewsDaily:: September 29, 2013
Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ်တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များ ကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများ အကြောင်း၊ သူမနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

အမေရိကန်နှင့် အီရန်သမ္မတတို့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖုန်းဆက်ဆွေးနွေး
RangonNewsDaily:: September 29, 2013
အမေရိကန် သမ္မတဘားရက် အိုဘားမားနှင့် အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီတို့ သောကြာနေ့တွင် ဖုန်းဆက် စကားပြောခဲ့ကြပြီး ယင်းကဲ့သို့ နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်နှစ်ဦး တိုက်ရိုက် စကားပြောဆိုမှုသည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

HUNGER GAMES ဒါရိုက်တာနှင့် ပြန်လည်အလုပ်လုပ်မည့် ဂျနီဖာလောရင့်စ်
RangonNewsDaily:: September 29, 2013
ဂျနီဖာ လောရင့်စ် အနေဖြင့် Hunger Games ဇာတ်ကားတွင် အတွဲညီခဲ့သည့် ဒါရိုက်တာ ဂယ်ရီရော့စ်နှင့် နောက်တစ်ကြိမ် လက်တွဲဖြစ်မည်ဟု သိရသည်။ အမျိုးသမီး တစ်ဦး၏ စွန့်စားခန်းများကို အသားပေး ဖော်ကျူးခဲ့သည့် Hunger Games ဇာတ်ကားတွင် ဂယ်ရီသည် ဂျနီဖာကို အကောင်းဆုံး လမ်းညွှန်သွန်သင်မှုများ ပြုလုပ်ပေးခဲ့သည်။

သံတွဲသတင်း (ည ၈း၄၅)
RangonNewsDaily:: September 29, 2013
ခုသံတွဲ အာမီဆပ်ဆီကဖုန်းလာပါတယ် အာမီဆပ်ကြီး အိမ်နဲ့ ဘေးအိမ် မီးထဲပါသွားပါပြီ ။ ဦးကျော်ဇံလှ အိမ်နဲ့ တလမ်းကျော် မှာရှိတဲ့ သံတွဲအကြီးဆုံးဗလီဖြစ်တဲ့ သံတွဲဂျာမေဗလီ ကြီး ကိုရန်ပြုမယ်ဆိုတဲ့သတင်းကြောင့် မိုစမာန် ညီနောင်တွေအားလုံး သံတွဲဂျာမေဗလီကြီးထဲမှာ စုထားပါတယ် အဲ့ဒါ စစ်တပ်က အပြင်ကနေ ၀ိုင်းပြီးပိတ်ထားလိုက်ပါတယ်။
ခုသံတွဲ အာမီဆပ်ဆီကဖုန်းလာပါတယ် အာမီဆပ်ကြီး အိမ်နဲ့ ဘေးအိမ် မီးထဲပါသွားပါပြီ ။ ဦးကျော်ဇံလှ အိမ်နဲ့ တလမ်းကျော် မှာရှိတဲ့ သံတွဲအကြီးဆုံးဗလီဖြစ်တဲ့ သံတွဲဂျာမေဗလီ ကြီး ကိုရန်ပြုမယ်ဆိုတဲ့သတင်းကြောင့်
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်နေတဲ့ သံတွဲမြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှု
RangonNewsDaily:: September 29, 2013
သံတွဲမြို့ အမှတ် ၃ ရပ်ကွက် ဂန္ဓမာလမ်း နှင့် တာဝတီံသာလမ်း နေ ဦးလှမြင့် ရဲ့ အိမ်ကို မီးရှိုးလိုက်တာ ၂ နာရီလောက်ရှိသွားပါပြီ။သံတွဲမြို့မှ ဂုဏ်သရေရှိ မြို့မိမြို့ဖ ဝင်တစ်ဦးဖြစ်တဲ့ ဆရာဦးခင်မောင် နေအိမ်ကိုလည်း ခဲနှင့်ပစ်လို့ မှန်တွေကွဲသွားပါတယ်။
သံတွဲမြို့ အမှတ် ၃ ရပ်ကွက် ဂန္ဓမာလမ်း နှင့် တာဝတီံသာလမ်း နေ ဦးလှမြင့် ရဲ့ အိမ်ကို မီးရှိုးလိုက်တာ ၂ နာရီလောက်ရှိသွားပါပြီ။သံတွဲမြိ
သံတွဲမြို့တွင် အကြမ်းဖက်သမားများမှ မွတ်စလင်မ်အိမ်များနှင့် ဗလီအားမီးရှိုဖျက်ဆီး
RangonNewsDaily:: September 29, 2013
မနေ့က ဖြစ်ပွားခဲ့သော သံတွဲမြို့ အခြေအနေတွင် ကမန်တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌအိမ်အား မီးရှို့ရန်လုပ်ဆောင်နေပြီး မအောင်မြင်မှုအပေါ် ယနေ့တွင် အကြမ်းဖက်သမားများမှ လူစုကာ ညနေ ၆း၄၅-နာရီခန့်က စတင်၍ အကြမ်းဖက် မီးရှို့မှုကို သံတွဲမြို့ပေါ်တွင် စတင် လုပ်ဆောင်နေပါတယ်။

ဘ၀အတွက် တန်ဖိုးရှိတာလေးတွေ (၂)
RangonNewsDaily:: September 29, 2013
စကားပြောတတ်အောင် ၂ နှစ်အချိန်ယူ ကျွန်တော်သင်ခဲ့ပြီး
ဆိတ်ဆိတ်နေတတ်အောင် နှစ်၆ဝအသုံးပြုပြီး ကျွန်တော်သင်ယူခဲ့ရတယ် ----
Ernest Hemingway

နေပြည်တော် ဝဲကြီးရွာက ရဲနဲ့ ပဋိပက္ခ ရွာသား ၁ဝ ဦးကို ဖမ်းဆီးထား
RangonNewsDaily:: September 29, 2013
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပုဒ်မ ၃ခုနဲ့ တရားစွဲခံထားရတဲ့ ဝဲကြီးရွာသား ၁ဝ ဦးက ကျည်တောင်ကန်ရဲစခန်းမှာ သွားရောက်အဖမ်းခံတဲ့အတွက် ဥတ္တရသီရိမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မိသားစုဆိုတာ
RangonNewsDaily:: September 29, 2013
- ရန်ပွဲတွေ နေ့စဉ်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမယ့် အိမ်အတွင်းမှာ နေသမျှ လုံခြုံမှုရှိတယ်
::
- စီးပွားရေးတွေပြေလည်ချင်မှပြေလည်လိမ့်မယ် တစ်ယောက်တစ်လုပ်စီ ဝေမျှစားခြင်းက နွေးထွေးခြင်းကိုဖြစ်စေတယ်
- ဘယ်လောက်ပဲ အတွင်းမှာ မတည့်ကြပေမယ့် အပြင်လူနဲ့ ရန်ဖြစ်တဲ့အခါ မိသားစုဆိုတဲ့ သွေးက ပေါ်လာတတ်တယ်

ဆက်သွယ်မှု နှစ်ရက်ကြာ ပြတ်တောက်ခဲ့သော ဗန်းမော်တွင် ဖုန်းလိုင်းများ ပြန်ရသော်လည်း အင်တာနက်သုံး၍ ရမည်မဟုတ်
RangonNewsDaily:: September 29, 2013
မိုဘိုင်းလ်ဖုန်း ဆက်သွယ်မှု နှစ်ရက်ကြာ ပြတ်တောက်ခဲ့သော ကချင်ပြည်နယ်
ဗန်းမော်မြို့၌ စက်တင်ဘာ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ မိုဘိုင်းလ်
ဖုန်းလိုင်းများ အားလုံး ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း
အင်တာနက်ကို အသုံးပြုနိုင်ဦးမည် မဟုတ်ကြောင်း ကချင်ပြည်နယ် ဆက်သွယ်ရေး
မန်နေဂျာရုံးမှ ဦးစီးအရာရှိ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။
မိတ္ထီလာမြို့ ကလေးကစားကွင်းရှိ ဂိမ်းစက်များတွင် ၀င်ရောက်ဆော့ကစားရာမှ သိန်းချီ၍ အရှုံးအနိုင်ဖြစ်
RangonNewsDaily:: September 29, 2013
မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသော ကလေးကစားကွင်းရှိ ဂိမ်းကစားနည်း အချို့ကို ၀င်ရောက်ဆော့ကစားရာမှ ကျပ်သိန်းကျော် အနိုင်အရှုံးရှိကြောင်း ၀င်ရောက်ဆော့ကစားလေ့ ရှိသူများထံမှ သိရသည်။

နိုင်ငံတော် သမ္မတက အထူးတာဝန်ပေး Taskforce လက်ရုံးများအဖြစ် ဒုတိယ၀န်ကြီး ၂၃ ဦးအား တာဝန်ပေး
RangonNewsDaily:: September 29, 2013
နိုင်ငံတော် သမ္မတက အထူးတာဝန်ပေး Taskforce လက်ရုံးများအဖြစ် ဒုတိယ၀န်ကြီး ၂၃ ဦးအား တာဝန်ပေး
အပ်ကာ အစိုးရအဖွဲ့ ဆပ်ကော်မတီ ၂၆ ခုတွင် ဥက္ကဋ္ဌများအဖြစ် ခန့်အပ်ခြင်းကို စက်တင်ဘာ ၂၇ ရက်က
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး စီးပွားရေးရာ ကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း
နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

SEA Games ကျင်းပမည့် နေပြည်တော် အခြေခံကျောင်းများ ဒီဇင်ဘာ တစ်လလုံး ပိတ်မည်
RangonNewsDaily:: September 29, 2013
မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် SEA Games ပြိုင်ပွဲ ကျင်းပမည့် နေပြည်တော်တွင် ပြိုင်ပွဲကျင်းပစဉ် ကာလအ
တွင်းအခြေခံကျောင်းများဒီဇင်ဘာတစ်လလုံးပိတ်မည် ဖြစ်သဖြင့်အစားထိုး ကျောင်းဖွင့်ရက်ကို သီတင်းကျွတ်
ကျောင်းပိတ်ရက်များတွင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနပညာရေးစီမံကိန်းနှင့် လေ့ကျင့်
ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ ဈေးများသတ်မှတ်အပြီး ဒေါပုံမြို့နယ်တွင် ဈေးနှုန်းများ ကျပ်သိန်းရာချီမြင့်တက်
RangonNewsDaily:: September 29, 2013
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြေဈေးနှုန်းများကို သက်ဆိုင်ရာမှ သတ်မှတ်ပေးပြီးနောက် ဒေါပုံမြို့နယ် အတွင်း အိမ်၊ ခြံ၊ မြေဈေးနှုန်းများ ကျပ်သိန်းရာချီ၍ ဈေးမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ အဆိုပါဒေါပုံမြို့နယ်အတွင်းရှိ မြေကွက်များကို ဆောက်လုပ်ရေး လုပ်ငန်းများက သဘောကျနှစ်ခြိုက် ကြသောကြောင့်အခန်းပေးအခန်း ယူစနစ်ဖြင့် လာရောက်၍ ဆောက်လုပ်ခြင်းများကြောင့် အိမ်၊ ခြံ၊ မြေဈေးများ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း အကျိုးဆောင်များက ပြောကြားသည်။