Pages

Pages - Menu

Sunday, April 21, 2013

သမီးရည်းစားစုံတွဲ စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်

သမီးရည်းစားစုံတွဲ စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖမ်းမိ
Sunday, April 21, 2013

မန္တလေးကန်တော်ကြီးသဘာဝဥယျာဉ်ရှေ့ တွင် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်ည ၉ နာရီ ကျော်ခန့် က သမီးရည်းစားစုံတွဲ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ရာ ယင်းတရားခံကို ဧပြီလ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်က ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 



အဆိုပါသမီးရည်းစားစုံတွဲတွင် သေဆုံးသူအမျိုးသမီးမှာ ချမ်းမြသာစည်မြို့နယ် တွင်နေထိုင်သူဖြစ်ပြီး တရားခံမှာ မဟာအောင်မြေမြို့နယ်မှ ဖြစ်ကာ နှစ်ဦင်္း စလုံးမှာ အသက် ၂၀ကျော်ဝန်းကျင်သာ ရှိသေးကြောင်း၊ သမီးရည်းစား စုံတွဲသဘာဝအလျောက် ချိန်းတွေ့ရာမှ စကားများရန်ဖြစ်ပြီး အမျိုးသားမှ ၎င်း၏ အဖော်ကို ဖိနပ်ချုပ်ရာတွင် အသုံးပြုသည့် အရှည်တမိုက်ခန့် ရှိသည့် ဓါးဖြင့် လက်မောင်းနှင့်မေးစေ့ ကို မွှန်းခဲ့ပြီး နောက်ကျောနှင့် လည်ပင်းနေရာသို့ အဆိုပါဓါးဖြင့် နေရာတွင်ပင်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အမှတ်၁၀ ရဲစခန်း နယ်ထိန်း ဒုရဲအုပ် စိုးသိန်းက ဧရာဝတီသို့ပြောသည်။ 

“ အခင်းဖြစ်တဲ့နေရာနားက နည်းနည်းမှောင်တယ်၊ လာတဲ့စုံတွဲတွေကို လုံခြုံရေးအရ မသွားမလာဖို့ ရှင်းပေ မဲ့ ရဲကို တောင်ပြန်ခံပြောတာတွေရှိတော့ လုပ်ရကိုင်ရတာတွေ ခက်တာရှိတယ်။ဒီအမှုကတော့ လက် ရှိနှစ်ပိုင်းမှာ ပထမဆုံးပဲ။ တရားခံကလည်း သူသတ်တယ်ဆိုတာ ဝန်ခံထားပြီးပြီ။”ဟု ဒုရဲအုပ် စိုးသိန်း က ပြောသည်။ 

လက်ရှိတွင် တရားခံကို လူသတ်မှုပုဒ်မ ၃၀၂၊ ပနံပါတ် ၁၁၈ ဖြင့် အမှတ်၁၀ ရဲစခန်းက အမှုဖွင့်ထားပြီး အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။ 

အခင်းဖြစ်ပွားသည့်နေရာ ပတ်ဝန်းကျင်သည် လူနေ ရပ်ကွက်များနှင့် နီးသော်လည်း ညကိုးနာရီခန့်မှ စတင်ကာ လူပြတ် သွားတတ်ကြောင်း၊ ယင်းနေရာသို့ စုံတွဲများ၊ လူငယ်အုပ်စုများနှင့် မသမာသူအချို့က အများဆုံး လှုပ်ရှားသွားလာမှုများ ပြုလုပ်လေ့ရှိကြောင်း ချမ်းမြသာစည်မြို့နယ်နေ ကိုလှိုင်ထက်ကျော်က ဆိုသည်။ 

“ ဖြတ်သွားဖြတ်လာတွေရှိပေမဲ့ စုံတွဲတွေ ရန်ဖြစ်တာ မြင်လည်း ကိုယ်နဲ့မဆိုင်တော့ ဝင်ပါလေ့မရှိတာ များတယ်၊ အဲ့ဘက်က သာမန်လက်လုပ်လက်စား ရပ်ကွက်ဖြစ်တော့ လူတွေအလုပ်သိမ်းချိန်ကျော်ရင် လူမရှိသလောက်ပြတ်တယ်။” ဟု ၎င်းကပြောပြသည်။ 

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၀၀၈ခုနှစ်က လူသတ်မှု ၇၈၉ မှုသာရှိခဲ့သော်လည်း ၂၀၁၂ခုနှစ်တွင် ၁၃၁၂မှုဖြစ်ပွားခဲ့ပြီး အမှုကြီး ၁၀မျိုး ဖြစ်သည့် လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှုစသည့် အမှုအခင်းဖြစ်ပွားမှုမှာ ၂၀၀၈ ခုနှစ်တွင် အမှုပေါင်း ၁၄၈၄မှု ရှိခဲ့ပြီး ၂၀၁၂ နှစ်တွင်မှု ၂၃၁၈မှုထိ မှုခင်းဖြစ်ပွားမှုရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝက်ဆိုက်ဘ်တွင် ဖော်ပြထားသည့် စာရင်းအရသိရသည်။ 

မေစစ်ပိုင် 
ဧရာဝတီ

Sunday, April 21, 2013

မန္တလေးကန်တော်ကြီးသဘာဝဥယျာဉ်ရှေ
့ တွင် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်ည ၉ နာရီ ကျော်ခန့် က သမီးရည်းစားစုံတွဲ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ရာ ယင်းတရားခံကို ဧပြီလ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်က ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နေ့စဉ်မြင်တွေ့နေရတဲ့ ကားတွေရဲ့တာယာဘီးတွေပတ်လည်မှာရေးထားတဲ့ စာတွေကဘာတွေကိုဖော်ပြသလဲ ?

ကျွန်တော်တို့ ကားတာယာတွေ ဘေးမှာရေးထားတဲ့ စာတွေက ဘာတွေလဲ
Sunday, April 21, 2013

ပုံအရဆိုရရင် 165/65R14 79T

165 - ဆိုတာ တာယာရဲ့ အကျယ်ကိုပြောတာပါ 165mm တဲ့.
65 - ဆိုတာကတော့ တာယာ အသားရဲ့ ထုကိုခေါ်တာပါ တာယာအကျယ်ရဲ့ 65% ပါတဲ့
R - ဆိုတာက တာယာကို ဘယ်လိုတည်ဆောက်ထားပုံကိုပြောချင်တာပါ။ R ဆိုတာ radial တည်ဆောက်ပုံကိုညွှန်းပါတယ်။ အခြား bias belt (B), diagonal (D) ဆိုတာမျိုးလည်းရှိပါတယ်။ အဲ့ဒီနေရာ စာလုံးနေရာကို မရေးထားရင် R ဟုမှတ်ပါ။
14 - ဆိုတာ တာယာအတွင်းပိုင်း diameter ကို လက်မနဲ့ဖော်ပြထားတာပါ။ Rim diameter ဆိုပါတော့။z
79 - ဆိုတာ တာယာခံနိုင်တဲ့ ဝန်အားကိုဆိုပါတယ်။ နံပါတ်သတ်မှတ်မှုသာဖြစ်ပြီး unit မရှိပါဘူး။ 79 ဆိုလျှင် 960 ပေါင်ခန့် ခံနိုင်ပါတယ်။ Load Index Table ကို ကြည့်ရန် => http://goo.gl/fdNle
T - ဆိုတာကတော့ speed rating ပေါ့။ အခြားသတ်မှတ်မှုတစ်ခုဖြစ်ပါတယ်။ T ဆိုလျှင် 190 km/h အထိရနိုင်ပါတယ်။ Speed Rating Table ကို ကြည့်ရန် => http://goo.gl/dLo1gz

ဒါကတော့ အကြမ်းဖျင်းသာဖြစ်ပြီး၊ အသေးစိတ်သိလိုရင်တော့ Wiki မှာ ဖတ်နိုင်ပါတယ်။ http://en.wikipedia.org/wiki/Tire_code
Credit by:Myanmar CarsDB

ZinYawNews
http://www.facebook.com/ZinYawNews

Sunday, April 21, 2013

ပုံအရဆိုရရင် 165/65R14 79T 165 - ဆိုတာ တာယာရဲ့ အကျယ်ကိုပြောတာပါ 165mm တဲ့. 65 - ဆိုတာကတော့ တာယာ အသားရဲ့ ထုကိုခေါ်တာပါ တာယာအကျယ်ရဲ့ 65% ပါတဲ့ R - ဆိုတာက တာယာ
ကို ဘယ်လိုတည်ဆောက်ထားပုံကိုပြောချင်တာပါ။ R ဆိုတာ radial တည်ဆောက်ပုံကိုညွှန်းပါတယ်။

"အာဏာပိုင်များ၏လစ်လျှုရှုခြင်းခံနေကြရသောမိတ္ထီလာမြို.ဒုက္ခသည်စခန်းတွင်းမှသူများ"

"အာဏာပိုင်များ၏လစ်လျှုရှုခြင်းခံနေကြရသောမိတ္ထီလာမြို.ဒုက္ခသည်စခန်းတွင်းမှသူများ" မိတ္ထီလာမြို.တွင်မီးရှို.ဖျက်ဆီးလုယက်မှုကြောင့်ဒုက္ခသည်စခန်းများတွင်ရောက်ရှိနေသောဒုက္ခသည်များ၏အခြေအနေမှာတနေ.တခြားဆိုးရွားလာပြီဟု စခန်းတွင်းမှဒုက္ခသည်တဦး၏ပြောဆိုချက်အရသိရှိရပါသည်။အခုအချိန်ထိ ၁ လ ပြည့်လာပြီဖြစ်သော်လည်း၎င်းတို.နှင့်ပက်သက်၍အာဏာပိုင်များမှမည်ကဲ့သို.စီစဉ်ထားသည်ကိုဘာမှမသိရသေးကြောင်း စားရေးသောက်ရေးမှာလည်းခက်ခဲလာကြောင်း၊မိမိတို.၏နေအီမ်များသို.ပြန်လည်နေထိုင်နိုင်ရေးအတွက်မည်သို.စီစဉ်ထားသည်ကိုလည်းဘာမှမသိရကြောင်း၊ပြင်ပကုမ္ပဏီများတွင်အလုပ်လုပ်ခဲ့သူများအားယခုအခါ သက်ဆိုင်ရာကုမ္ပဏီများကပြန်လည်ခေါ်ယူနေသော်လည်း  အာဏာပိုင်များကဘာမှစီစဉ်မပေးကြောင်း၊ထိုကြောင့်ငွေကြေးအခက်အခဲများရှိလာကြောင်း ၊၎င်းတို.သည်အကျဉ်းသားများနှင့်တူနေကြောင်း နောက်တစ်ရက် နှစ်ရက်အတွင်းမှဘာမှစီစဉ်မပေးနိုင်လျှင်၎င်းတို.အနေဖြင့်ဖြစ်သည့်နည်းဖြင့်အပြင်ထွက်ကာမိမိတို.နေအီမ်များတွင်ပြန်လည်နေထိုင်ရန်ဆန္ဒရှိကြောင်း သိရပါသည်။

မိတ္ထီလာမြို.တွင်မီးရှို.ဖျက်ဆီးလုယက်မှုကြောင့်ဒုက္ခသည်စခန်းများတွင်ရောက်ရှိနေသောဒုက္ခသည်များ၏
အခြေအနေမှာတနေ.တခြားဆိုးရွားလာပြီဟု စခန်းတွင်းမှဒုက္ခသည်တဦး၏ပြောဆိုချက်အရသိရှိရပါသည်။
အခုအချိန်ထိ ၁ လ ပြည့်လာပြီဖြစ်သော်လည်း၎င်းတို.နှင့်ပက်သက်၍အာဏာပိုင်များမှမည်ကဲ့သို.စီစဉ်ထား
သည်ကိုဘာမှမသိရသေးကြောင်း စားရေးသောက်ရေးမှာလည်းခက်ခဲလာကြောင်း၊

ကယားပြည်နယ်လွိုင်ကော်မြို့တွင် ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုအပ်

ကယားပြည်နယ်လွိုင်ကော်မြို့တွင်ထူးဆန်းသည့်ကျတ်ဂူကို
သက်ဆိုင်ရာက ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုအပ်

ကယားပြည်နယ်လွိုင်ကော်မြို့ (၁၀)မိုင်အကွာရှိ ပါလောင်းကျေးရွာ
အုပ်စုတွင်ရှိသော ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက သဘာဝ
အတိုင်းထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ဒေသခံများကဆန္ဒရှိနေကြောင်း
သိရသည်။“ဟိုအရင်တုန်းက ဒီဂူထဲကိုဘယ်သူမှဝင်လို့မရပါဘူး၊

အထဲကို မီးတုတ်တွေနဲ့ဝင်သွားရင်မီးတုတ်ငြိမ်း တယ်၊ဘတ္ထရီ၊လျှပ်စစ်မီးတွေနဲ့
ဝင်သွားရင်လည်းမီးတွေငြိမ်းသွားပါတယ်။ နောက်ပိုင်းမှာတော့လူတွေ
ဝင်ထွက်သွားလာမှုတွေရှိခဲ့ပြီးနိုင်ငံခြားသားတွေပါလာရောက်လေ့လာ
ခဲ့ကြပါတယ်။

ထူးဆန်းတဲ့အရာတွေကတော့လူ့အသုံးအဆောင်ပစ္စည်း
တွေက ကျောက်ဂူနံရံတွေပေါ်မှာတင်နေကပ်နေသလိုဖြစ်နေပြီး
လူတွေကသွားထိလိုက်တာနဲ့နေရာရွေ့သွားပြီးမူလနေရာကိုပြန်တင်လို့
မရတော့ဘဲပစ္စည်းတွေပါပျောက်သွားတဲ့အတွက်အခုနောက်ပိုင်းမှာ
ဆိုရင် ကျွန်းတလားသစ်ခေါင်းလိုပုံစံမျိုးတွေပဲတွေ့ရပါတော့တယ်”ဟု
ဒေသခံပြည်သူ တချို့ကပြောကြားပါတယ်။

အဲဒီကယားပြည်နယ်မှာရှိတဲ့ ကျတ်ဂူဟာ မိုင်မည်မျှရှည်လျားပြီးမည် သည့်အရပ်ဒေသတွင်ခရီးဆုံးသည် ဆိုတာကို ယခုလက်ရှိအချိန် အထိ ဘယ်သူမှအတိအကျမပြောနိုင်သေးကြောင်း သတင်းရရှိပါသည်။
Skynet News


Re-Post By ACM 21-4-2013
အေးချမ်းမွန် Credit & Copy From > အဖြူရောင်စာမျက်နှာ<<Thank

ကယားပြည်နယ်လွိုင်ကော်မြို့ (၁၀)မိုင်အကွာရှိ ပါလောင်းကျေးရွာအုပ်စုတွင်ရှိသော ထူးဆန်းသည့်ကျတ်ဂူ
ကို သက်ဆိုင်ရာက သဘာဝ အတိုင်းထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ဒေသခံများကဆန္ဒရှိနေကြောင်း သိရ
သည်။“ဟိုအရင်တုန်းက ဒီဂူထဲကိုဘယ်သူမှဝင်လို့မရပါဘူး

ယနေ့ညနေ ၄နာရီကျော်ခန့်က မန္တလေးမီးရထားဘူတာအတွင်း မီးလောင်မှုဖြစ်ပွား

ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီကျော်က မန္တလေးမီးရထားဘူတာအတွင်း
မီးလောင်မှုဖြစ်ပါတယ်။ အထက်တန်းအိပ်စင် ရထားတွဲအမှတ် BNUEZ 12665
မီးလောင်တာဖြစ်ပါတယ်။ ရပ်နားထားတဲ့တွဲတွေကြားမှာလောင်တာဖြစ်ပြီး
အချိန်မီတွဲတွေဖြုတ်ရွှေ့နိုင်တာကြောင့် တွဲတစ်တွဲသာ မီးလောင်မှု
ဖြစ်ခဲ့ပါတယ်။ အရင်ရက်ကလည်း အထက်တန်းအိပ်စင်တွဲ
မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး တစ်ရက်ခြားမှာ ဒုတိယအကြိမ်
ထပ်မံမီးလောင်မှုဖြစ်ပွားတာဖြစ်ပါတယ်

သတင်းဓါတ်ပုံ - ချစ်ကို
သတင်းဓါတ်ပုံ - ချစ်ကို
ဧပြီလ၂၁ရက်နေ့ညနေ၄နာရီကျော်ကမန္တလေးမီးရထားဘူတာအတွင်းမီးလောင်မှုဖြစ်ပါတယ်။အထက်တန်း
အိပ်စင်ရထားတွဲအမှတ်BNUEZ 12665မီးလောင်တာဖြစ်ပါတယ်။ရပ်နားထားတဲ့တွဲတွေကြားမှာလောင်တာ
ဖြစ်ပြီးအချိန်မီတွဲတွေဖြုတ်ရွှေ့နိုင်တာကြောင့် တွဲတစ်တွဲသာ မီးလောင်မှုဖြစ်ခဲ့ပါတယ်။

မုံရွာမြို့တွင် စံချိန်တင်အပူပြင်းထန်မှုကြောင့် လူသေဆုံးမှုများဆက်လက်ဖြစ်ပွားနေ

မိုးလူငြိမ်း၊ မုံရွာ၊ ဧပြီ၊ ၂၁
မုံရွာမြို့တွင်စံချိန်တင်အပူပြင်းထန်မှုကြောင့်လူသေဆုံးမှုများဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။အ
ထူးသဖြင့် သက်ကြီးရွယ်အိုများသည် ၄၄ ဒီကရီအထိရောက်ရှိနေသော အပူဒဏ်ကို မခံနိုင်သဖြင့် နာမကျန်း
ဖြစ်ကာ သေဆုံးကြကြောင်းသိရသည်။

အမျိုးသားလွှတ်တော် ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ

Alanka Monywa
အမျိုးသားလွှတ်တော် ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ ( မောက္ခပညာရေးမဂ္ဂဇင်း )
မှောင်ခို ဒေါက်တာဘွဲ့အတုဆိုတာ ဖော်ထုတ်နိုင်ပြီ
ဦးခင်ရွှေရဲ့ ဒေါက်တာဘွဲနောက်ကြောင်းကို အမေရိကန် တက်ကြွလှုပ်ရှားသူတွေက စုံစမ်းဖော်ထုတ်ရာမှာ-
၁။ ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်ဆိုတာ အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်မဟုတ်ဘဲ ဟာဝိုင်အီကျွန်းမှာ မှတ်ပုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်နယ် Bryn Mawr မှာ စာတိုက်သေတ္တာနံပတ်တခုနဲ့ ဘွဲ့တွေ ရောင်းစားနေတဲ့ တက္ကသိုလ်အတု ဖြစ်နေတာ တွေ့ရပါတယ်။ ဒေါက်တာဘွဲ့တခုကို အမေရိကန်ဒေါ်လာ ၃၆၀၀ ကနေ ဒေါ်လာ ၆၀၀၀ ကြားဈေးနဲ့ မှောင်ခိုရောင်းနေတဲ့ တက္ကသိုလ်အမည်ခံ မှောင်ခိုလုပ်ငန်းတခုသာ ဖြစ်ပါတယ်။
၂။ ဒါပေမဲ့ ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့အတုရောင်းတဲ့ တကယ်မရှိတဲ့ နာမယ်တူ ၀ါရှင်တန်တက္ကသိုလ်ရဲ့ သတင်းကြောင့် အမေရိကန်နိုင်ငံ St. Louis မှာတကယ်ရှိတဲ့ ၀ါရှင်တန်တက္ကသိုလ်က ကြားကနေ အချောင် နာမယ်ပျက်သွားပါတယ်။ ဒီမှာတင် အမှန်တကယ် တည်ရှိတဲ့ St. Louis ၀ါရှင်တန်တက္ကသိုလ်က ဦးခင်ရွှေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတယ်ဆိုတဲ့ စစ်အစိုးရသတင်းဟာ မှားယွင်းကြောင်းနဲ့ အထင်လွဲစရာတွေ ဖြစ်ကုန်ကြောင်းကြေငြာချက်ထုတ်ပြန်ြပီး တရားစွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။
(ပင်ဆယ်ဗေးနီးယား အခြေစိုက် စီးပွားဖြစ်လုပ်စားနေတဲ့ ၀ါရှင်တန်တက္ကသိုလ်အတုကို St. Louis ၀ါရှင်တန်တက္ကသိုလ် အစစ်ကနေ ဦးခင်ရွှေကို ပေးတဲ့ဘွဲ့ကိစ္စနဲ့ ပတ်သက်ပြီး Federal District တရားရုံးကနေ တရားစွဲခဲ့ရာမှာ နောက်ဆုံး တရားရုံးပြင်ပမှာ ကျေအေးခဲ့ပါတယ်။ ဒါပေမဲ့ စာတိုက်ပုံးတစ်လုံးနဲ့ မှောင်ခို ဒေါက်တာဘွဲ့တွေ ရောင်းစားနေသူတွေအနေနဲ့ တရားရုံးဆုံးဖြတ်ချက်အရ နောက်နောင် ၀ါရှင်တန်တက္ကသိုလ်အစစ်နဲ့ တခြားအမေရိကန်တက္ကသိုလ်တွေရဲ့ အမည်သုံးပြီ်း စီးပွားမလုပ်နိုင်အောင် ဟန့်တားနိုင်ခဲ့ပါတယ်)။
၃။ ဦးခင်ရွှေကို မှောင်ခိုဒေါက်တာဘွဲအတုပေးတဲ့ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဆိုတာ စင်္ကာပူနိုင်ငံမှာသာ အခြေစိုက်တဲ့အဖွဲ့ဖြစ်နေတာ တွေ့ရပါတယ်။
၎။ စစ်အစိုးရသတင်းစာပါ ဦးခင်ရွှေကို ဒေါက်တာဘွဲ့အတုပေးတဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal ဆိုတာလဲ အမေရိကန်နိုင်ငံ Philadelphia မှာရှိတဲ့ Drexell တက္ကသိုလ်က ဓါတုဗေဒ ပါမောက္ခဖြစ်နေတာ တွေ့ရပြီး ဦးခင်ရွှေဘွဲ့ပေးဖို့ သူမြန်မာနိုင်ငံသွားတဲ့စရိတ်ကို ဦးခင်ရွှေကပဲ စိုက်ထုတ်ကျခံတယ်လို့ သိရပါတယ်။
၅။ တကယ်တော့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆိုတာ ဘွဲ ဒီဂရီ ပေးခွင့်မရှိတဲ့ အဖွဲ့အစည်းတခုက ပေးတဲ့ မှောင်ခိုဒေါက်တာဘွဲ့အတုသာဖြစ်ပီး ဒေါက်တာဘွဲပေးတဲ့ ဖြစ်စဉ်တခုလုံးရဲ့ ကုန်ကျစရိတ်တွေကို ဦးခင်ရွှေကဘဲ အကုန်အကျခံတာ ပေါ်လွင်နေတယ်လို့ ကိုလံဘီယာတက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Tom Lansner ကပြောပါတယ်။
ခုလို ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့ အတုရအောင် စစ်အစိုးရက ဘာကြောင့် လုပ်ပေးရသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေပေးတာ မနာလိုတဲ့အတွက် ဖြစ်နိုင်တယ်လို့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ နောက်ကြောင်းကို ဖော်ထုတ်သူ အမေရိကန် တက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ချပါတယ်။

နိဂုံး
ဦးခင်ရွှေဟာ စစ်အစိုးရအကျိုးစီးပွားကို နာမယ်ပျက်ခံ ဆောင်ကျဉ်းပေးခဲ့သူဖြစ်တဲ့အတွက် ကနေ့ အမျိုးသားလွှတ်တော်မှာ ကြံ့ဖွံ့အမတ်အနေနဲ့ နိုင်ငံရေးနယ်ပယ်ထိ ဦးသိန်းစိန်အစိုးရက ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရ ဒါမှမဟုတ် ဦးသိန်းစိန်အစိုးရဟာ ဦးခင်ရွှေနဲ့ အကျိုးတူဖြစ်နေတာမို့ ဒီလို သိက္ခာမဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျိုးကို အခြေခံဥပဒေ ၂၀၀၈ အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းပေးပါရန် (recall) မဲဆန္ဒရှင်တွေက စုပေါင်းလက်မှတ်ထိုးပြီး ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုခွင့်ရှိပါတယ်။
ဂျက်ဖရီ ဆန်းမောင် စုဆောင်းတင်ပြသည်။
ဝါရှင်တန်တက္ကသိုလ်မှ ဦးခင်ရွှေအား မည်သည့်အခါကမျှ မည်သည့်ဘွဲ့မျိုး မပေးအပ်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည့်စာ

Kyaymhon Khin

အမျိုးသားလွှတ်တော် ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ မှောင်ခို ဒေါက်တာဘွဲ့အတုဆို
တာ ဖော်ထုတ်နိုင်ပြီ ဦးခင်ရွှေရဲ့ ဒေါက်တာဘွဲနောက်ကြောင်းကို အမေရိကန်တက်ကြွလှုပ်ရှားသူတွေက စုံ
စမ်းဖော်ထုတ်ရာမှာ-၁။ ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်ဆိုတာ အ
သိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်မဟုတ်ဘဲဟာဝိုင်အီကျွန်းမှာမှတ်ပုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်
နယ် Bryn Mawr မှာ စာတိုက်သေတ္တာနံပတ်တခုနဲ့ဘွဲ့တွေ ရောင်းစားနေတဲ့တက္ကသိုလ်အတု ဖြစ်နေတာတွေ့
ရပါတယ်။

လိုင်စင်မဲ့ ကားနဲ့ ရာဇ၀တ်မှု ကျူးလွန်တဲ့ ဒုရဲအုပ်

လိုင်စင်မဲ့ ကားနဲ့ ရာဇ၀တ်မှု ကျူးလွန်တဲ့ ဒုရဲအုပ်

တရားခံ က ဒုရဲအုပ် ဖြစ်နေတော့ 
ဥပဒေ အတိုင်းတိတိကျကျ အရေး ယူမှာလား
နားလည်မှု နဲ့ ကြည့်လုပ်လိုက်မှာလား ဆိုတာ
သဲသဲကွဲကွဲ မသိရသေးတဲ့ အမှု ။


ဥပဒေ ဘက်တော်သား က ဥပဒေမဲ့ယာဉ် နဲ့ ရာဇ၀တ်မှုကျူးလွန်တဲ့ အမှု
ဧပြီ ၁၈ ရက်၊ ၂၀၁၃

ဧပြီ ၁၈ ရက်နေ့ ည ၇ နာရီခွဲ ခန့် က တစ်မိုင်ကုန်းကျေးရွာမှ ကော့ကရိတ် သို့ထွက်လာသည့် ဆိုင်ကယ်အား မတ်တူး ဆလွန်းကား ဖြင့် တိုက်ပြီး မောင်းပြေး သည့် အမှု တစ်ခု ဖြစ်ပွါးခဲ့သည်။

ယာဉ်တိုက်ပြီးမောင်းပြးသည့် မတ်တူး ဆလွန်းကားနှင့် အတူ အတိုက်ခံရသည့် ဆိုင်ကယ်လည်း ချိတ်လျက် ဒရွတ်တိုက် ပါသွားခဲ့သည်။

 ကော့ကရိတ်မြို့မ ရဲစခန်း အနီးသို့အရောက်တွင် ကားမှာဆက်မောင်း၍ မရတော့သဖြင့် ယာဉ်မောင်းမှ ထွက်ပြေးခဲ့သည်။

 ရပ်ကွက်နေပြည်သူများ နှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဝိုင်းဝန်း ဖမ်းဆီးသဖြင့် မန်ကျီးပင်မှတစ်ဆင့် အိမ်ခေါင်မိုးပေါ် တက်ပြေး သည့်ယာဉ်မောင်းအား ညတွင်းချင်းဖမ်းဆီးနိုင်ခဲ့သည် ။ 

ယာဉ်တိုက်ပြီးမောင်းပြေးသည့် ယာဉ်မောင်းမှာ ဒုရဲအုပ်ပြည်ဟိန်းထွန်း(အဖ)ဦးမြင့်အောင် ဖြစ်ပြီး 

အဆိုပါယာဉ်မှာလည်း(၉ခ/၉၇၄၃) နံပါတ်ပြားတပ်ထားသည့် လိုင်စင်မဲ့ ယာဉ်
ဖြစ်နေသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသည့် ကိုမျိုးအောင်(ခ)အလိ (၄၄ နှစ်) 
မှာညှပ်ရိုးကျိုးသွားပြီး၊ ဦးခေါင်းအတွင်းပိုင်းထိခိုက် ဒဏ်ရာရထား သည်။

မစန္ဒာအောင်(၂၆ နှစ်) နှင့် (၁)နှစ်အရွယ်သမီး ဂျူစီ တို့လည်း သီးသီးထိခိုက်ဒဏ်ရာရရှိကြသည်။

ထိခိုက်ဒဏ်ရာရှိသူ (၃)ဦးလုံး ကော့ကရိတ်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါ ဒုရဲအုပ်(ယခင်မှူးယစ်တွင်တာဝန်ကျသူ) မှာ ဆေးဝါးတစ် ခုခုအလွန်အကျွန်သုံးစွဲ ထားပုံရပြီး ၊ အသိစိတ်လွတ် ကာ ၄င်း၏ဇနီးဖြစ်သူ မစန္ဒာအောင် နှင့် သမီးဖြစ်သူတို့အား ဓါးဖြင့်ရန်ပြုနေသဖြင့် ကိုမျိုးအောင် မှဘေးကင်းရာသို့ ခေါ်သွားစဉ် အနောက်မှ ကားဖြင့် လိုက်တိုက် ခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်ရာတွင် အသုံပြုသည့် လိုင်စင်မဲ့ ကားကို ကော့ကရိတ်ရဲစခန်း တွင် သိမ်းဆည်း ထားပြီး ၊ တရားခံကို လည်း ကော့ကရိတ်မြို့ မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

Posted From Bo Aung Din

ဧပြီ ၁၈ ရက်၊ ၂၀၁၃

ဧပြီ ၁၈ ရက်နေ့ ည ၇ နာရီခွဲ ခန့် က တစ်မိုင်ကုန်းကျေးရွာမှ ကော့ကရိတ် သို့ထွက်လာသည့် ဆိုင်ကယ်အား မတ်တူးဆလွန်းကားဖြင့်တိုက်ပြီး မောင်းပြေး သည့် အမှု တစ်ခု ဖြစ်ပွါးခဲ့သည်။ ယာဉ်တိုက်ပြီးမောင်းပြးသည့် မတ်တူး ဆလွန်းကားနှင့် အတူ အတိုက်ခံရသည့် ဆိုင်ကယ်လည်း ချိတ်လျက် ဒရွတ်တိုက် ပါသွားခဲ့သည်။

ပရီးမီးယားလိဂ်ကို နှုတ်ဆက်ရတော့မယ် အသင်းတွေ

ပရီးမီးယားလိဂ်ကို နှုတ်ဆက်ရတော့မယ် အသင်းတွေ

ပရီးမီးယားလိဂ်ပွဲစဉ် ၃၄အပြီးမှာတန်းဆင်းရမယ့်အသင်းတွေကို
သိသိသာသာမြင်လာရပါပြီ။နောဝစ်ခ်ျကို ၂-၁ဂိုးနဲ့ ရှုံးခဲ့တဲ့ ရက်ဒင်းဟာ အဝေးကွင်း ၁၇ပွဲမှာ ၅မှတ်သာ ရခဲ့သလို အဝေးကွင်းပွဲစဉ်တိုင်းမှာ ဂိုးပေးရတဲ့ အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး အဆင့် ၁၈နေရာက ၀ီဂန်နဲ့တောင် ၇မှတ်ကွာနေလို့ ပရီးမီးယားလိဂ်မှာ တစ်ရာသီကစားပြီး တန်းဆင်းရတော့မယ့် အသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါပြီ။

ဒါ့အပြင် စတုတ်စီးတီးနဲ့ ပွဲစဉ်မတိုင်မီမှာ ပရီးမီးယားလိဂ်မှာ ဆက်ကစားဖို့ မျှော်လင့် ချက်ရှိသေးတယ်ဆိုတဲ့ ကျူပီအာနည်းပြကြီး ရက်နက်ဟာလည်း စတုတ်ကို ၂ဂိုးပြတ်ရှုံးပြီးနောက်မှာတော့ ပရီးမီးယား လိဂ်မျှော်လင့်ချက် အဆုံးသတ်ခဲ့ပြီလို့ ၀န်ခံသွားသလို သူတို့အသင်းဟာလည်း ရမှတ် ၂၄မှတ်ပဲ ရထားလို့ ရက်ဒင်းနဲ့ အဖြစ်တူနေပါတယ်။ ဒါပေမဲ့ ရက်ဒင်း၊ ကျူပီအာတို့နဲ့အတူ တန်းဆင်းရမယ့် နောက်တစ်သင်းကိုတော့ အခုအချိန်ထိ အတိအကျ အဖြေမထုတ်နိုင်သေးပါဘူး။

ဘာကြောင့်လဲဆိုရင် အဆင့် ၁၈နေရာက ၀ီဂန်ဟာ ၃၃ပွဲ ကစားပြီး ၃၁မှတ် ရထားသလို အဆင့် ၁၇နေရာက ဗီလာကလည်း ၃၃ပွဲ ကစားရာမှာ ၃၄မှတ်၊ အဆင့် ၁၆နေရာက နယူးကာဆယ်၊ အဆင့် ၁၅နေရာက စတုတ်စီးတီး၊ အဆင့် ၁၄နေရာက ဆန်းဒါးလန်းတို့ဟာလည်း ၃၄ပွဲ ကစားရာမှာ ၃၇မှတ်စီ ရရှိထားလို့ လက်ကျန် ၄ပွဲမှာ မျှော်လင့်ချက်ကိုယ်စီ ရှိနေကြတာပါပဲ။
http://yoyarlay.com/sport/football/35165-2013-04-20-20-26-17

YoYarLay

ပရီးမီးယားလိဂ်ပွဲစဉ် ၃၄အပြီးမှာတန်းဆင်းရမယ့်အသင်းတွေကိုသိသိသာသာမြင်လာရပါပြီ။နောဝစ်ခ်ျကို ၂-၁ဂိုးနဲ့ ရှုံးခဲ့တဲ့ ရက်ဒင်းဟာ အဝေးကွင်း ၁၇ပွဲမှာ ၅မှတ်သာ ရခဲ့သလို အဝေးကွင်းပွဲစဉ်တိုင်းမှာ ဂိုးပေးရတဲ့ အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး အဆင့် ၁၈နေရာက ၀ီဂန်နဲ့တောင် ၇မှတ်ကွာနေလို့ ပရီးမီးယားလိဂ်မှာ တစ်ရာသီကစားပြီး တန်းဆင်းရတော့မယ့် အသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါပြီ။

ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းရှိ တိုင်းရင်းသားပါတီနှင့် ကိုယ်စားလှယ်များအား တရုတ်အစိုးရဖိတ်ခေါ်

Sunday, April21, 2013

ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ဒေသတွင်း တိုင်းရင်းသားပါတီအချို့နှင့် လွှတ်တော်တွင်ကိုယ်စားလှယ်အဖြစ် အများအပြား တက်ရောက်နေကြသော ပါတီများအား တရုတ် ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖိတ်ခေါ်ထားကြောင်း ဖိတ်ကြားခံရသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဥက္ကဌ ဒေါက်တာအေးမောင် ကပြောသည်။

ရန်ကုန်မြို့၊ သင်္ကြန်တွင်း AGD မဏ္ဍပ်ရှေ့ လူသေမှုဖြစ်စဉ်တွင် ပါဝင်သူ တပ်မတော်သားများ ထိုက်တန်သည့် ပြစ်ဒဏ် ကျခံစေချင်လို

သင်္ကြန်နောက်ဆုံးရက် ဧပြီလ ၁၆ရက် သင်္ကြန်လည်သော တပ်မတော်သား တစ်ချို့နှင့် ရေပက်ခံကားတစ်စီး ခြောက်မိုက်ခွဲရှိ AGD မဏ္ဍပ်ရှေ့တွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရေပက်ခံကားမှ ရေပက်ခံကားမှ ပြည်သူတစ်ဦးသေဆုံးသွားခဲ့သည့် ယင်းဖြစ်စဉ်တွင် ပါဝင်သူတပ်မတော်သားများအား ထိုက်တန်သည့်ပြစ်ဒဏ်ကျခံစေချင်သည်ဟု သေဆုံးသူ၏ ဇနီးမှ ပြောကြားသည်။

ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း ဇီးကုန်းမြို့နယ်တွင် ၉၆၉ အကြမ်းဖက်ဖျက်သူများက အကြမ်းဖက်ဖျက်ဆီးခဲ့မှုအခြေအနေ


ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း ဇီးကုန်းမြို့နယ်တွင် အကြမ်းဖက်ဖျက်ဆီးသူများ၏ ၂၇.၃.၂၀၁၃ (တပ်မ
တော်နေ့) နံနက် ၂း၀၀ နာရီမှ ၅း၀၀ နာရီထိ တစ်ကြိမ်၊ နေ့လယ် ၂း၀၀နာရီမှ ညနေ ၄း၁၅ နာရီထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဖျက်ဆီးခံရမှုတွင် အစ္စလာမ်ဘာသာဝင်များ၏ဗလီကြီးနှင့်ဗလီကြီးရှိ အတွင်းပစ္စည်းများ
အားလုံး၊ စာသင်ကျောင်းနှင့် သာရေးနာရေးပစ္စည်းများ၊

မုံရွာ-မန္တလေး အဝေးပြေး လမ်းမကြီးပေါ်တွင် ကားတိုက်ခံရမှုကြောင့် သားအဖသုံးဦး ပွဲချင်းပြီးသေဆုံး


မုံရွာ၊ ဧပြီ ၁၉

မုံရွာ-မန္တလေး အဝေးပြေး လမ်းမကြီးပေါ်ရှိ ပရစ်ကုန်းမြောက်ရွာအနီး လမ်းကွေ့ တွင် ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ အချိန်က လမ်းဘေးချ ရပ်စောင့်နေသော ဆိုင်ကယ်ကို တစ်ဖက်ယာဉ်ကြောမှ လာသော မော်တော်ယာဉ်က ဝင်တိုက်ရာမှ သားအဖသုံးဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

မနှစ်က သင်္ကြန်တွင် သင်ဇာဝင့်ကျော် နာမည်ပျက်ထွက်ခဲ့ပြီး ယခုနှစ်သင်္ကြန်တွင် ထွန်းအိန္ဒြာဗိုလ် နာမည်ပျက် ထွက်


၂၀၁၂ ခု နှစ်သင်္ကြန်ကာလတွင် မြန်မာ့ရိုးရာ နှင့် ဆန့်ကျင်သော အဝတ်အစားများ ဝတ်ဆင်မှုကြောင့် သင်ဇာဝန်ကျော်ကို လူအများက စိတ်ပျက်ခဲ့ကြပြီး ယခုနှစ် သင်္ကြန်မှာတော့ သင်ဇာဝင့်ကျော်ကို လုံးဝမတွေ့ခဲ့ရပဲ အသက် ၄၇ နှစ် အရွယ် ထွန်းအိန္ဒြာဗိုလ် မှ မြန်မာ့ရိုးရာ နှင့် ဆန့်ကျင်သော ဝတ်စား ဆင်ရင်မှုကြောင့် နာမည်ပျက်ခဲ့ရကြောင်း မြန်မာ့အနုပညာအသိုင်းအဝိုင်းမှ လာသော သတင်းများအရ သိရသည်။

ရန်ကုန် မြို့ ယုဇနပလာဇာရှိ ဗုဒ္ဒဘာသာဝင် မေခလာ(သမီး) အထည်ဆိုင်မှ စေတီပုံပါ အထည်စများရောင်းချနေမှု မင်္ဂလာတောင်ညွှန့်မြို့နယ်ရဲတပ်ဖွဲ့မှ စုံးစမ်းစစ်ဆေးမှုများပြုလုပ်နေ

Photo: စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား
Saturday, 20 April 2013


စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည်တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

သို့သော် ဧရာဝတီမှ စုံစမ်းသိရှိရသမျှ အမှုသွား အမှုလာများအရ အထည်ဆိုင်ပိုင်ရှင်ကို တရားစွဲဆိုနိုင်လောက်သည့် အထောက်အထားများ မတွေ့ရှိရဘဲ  ဆိုရှယ်မီဒီယာပေါ်တွင် လူပြောများနေသည့် စေတီပုံ ဒီဇိုင်းဆင်ထားသည်ဆိုသော အထည်စများသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ် တင်သွင်းလာသောအစများ ဖြစ်ဖွယ်ရှိသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ယုဇနပလာဇာ မျက်နှာစာတမ်းအနီးရှိ မေခလာ(သမီး) အထည်ဆိုင်တွင် ရောင်းချလျက်ရှိသော ပိတ်စအချို့တွင် စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည် ၇ ထည်ကို သိမ်းဆည်းရမိခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဦးသက်နိုင်က ဧရာဝတီသို့ ပြောသည်။ ‘အစကတော့ ထမီစလည်း ချုပ်လို့ရတယ်။ အကျီစလည်း ချုပ်လို့ရတယ်။ ပါတိတ်ပေါ့။ ကျနော်တို့ ၇ ထည် မိထားတယ်”ဟု သူက ပြောသည်။

ချည်ထည်အစများတွင် စေတီပုံ ရိုက်နှိပ်ထားခြင်းကို ကာယကံရှင် ဆိုင်ရှင်များကိုယ်တိုင် မသိရှိဘဲ ရဲများဝင်ရောက် ရှာဖွေမှသာ သိရှိရသည်ဟု ထွက်ဆိုထားကြောင်း စခန်းမှူးက ရှင်းပြသည်။

ယခုကိစ္စကို တိုင်း ခရိုင် အဆင့်ဆင့်တင်ပြခဲ့ပြီး သင်္ကြန်ကာလ အလုပ်ရှုပ်နေသောကြောင့် အမှုမဖွင့်ဘဲထားခဲ့ရာ  ဘာသာရေး အဖွဲ့အစည်းတခုမှ အမှုဖွင့်ပေးရန် ဖိအားပေး တောင်းဆိုသောကြောင့် ဧပြီလ ၁၄ ရက်နေ့တွင် သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ  ၂၉၅ ဖြင့် ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် မင်းမင်းအောင်က တရားလိုလုပ်၍ အမှုဖွင့်ထားကြောင်း၊ စခန်းမှူးကိုယ်တိုင်က အမှုစစ်အရာရှိ အဖြစ်ဆောင်ရွက်နေကြောင်းလည်း ရှင်းပြသည်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ အထည်အလိပ်များမှ မော်လမြိုင်ဘက်မှ ၀င်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မော်လမြိုင် အဆက်အသွယ်ကို လိုက်လံ ဖော်ထုတ်လျက် ရှိကြောင်း၊ မေခလာပိုင်ရှင်မှာ ဗုဒ္ဓဘာသာဖြစ်ပြီး ဘုရားတည် ကျောင်းဆောက်နေသူ ဖြစ်ကြောင်း၊ ဆိုင်အပေါ်ထပ်သို့ ၀င်ရောက်ရှာဖွေရာ ဘုရားစင်တစ်ခုကို တွေ့ရှိရကြောင်း၊ သက်သေခံပစ္စည်းကို သိမ်းဆည်းထားပြီး စေတီပုံမှာ ပြောင်းပြန်လှန်လိုက်မှသာ နောက်ကျောဘက်တွင် တွေ့ရှိရကြောင်း၊အထည်စတိုင်းတွင် တွေ့ရှိရခြင်း မဟုတ်ဘဲ အချို့အစများတွင်သာ တွေ့ရှိရကြောင်း ရဲအရာရှိ ဦးသက်နိုင်က ဧရာဝတီနှင့် တွေ့ဆုံရာတွင် ရှင်းပြသည်။

ထိုသို့ စေတီပုံပါရှိကြောင်း ရဲတပ်ဖွဲ့သို့ ဖမ်းဆီးရန် သတင်းပေးသူများမှာ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။ ဇာတ်လမ်းအစမှာ ဧပြီလ ၁၁ ရက်နေ့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပြေ ၃ ရပ်ကွက် ဥက္ကဋ္ဌ ဒေါ်ဥမ္မာ ဆိုသူသည် မေခလာ(သမီး) အထည်ဆိုင်တွင် ထမီချုပ်ရန် ပိတ်စတစ်ခုဝယ်ယူခဲ့ရာ အထည်စတွင် စေတီပုံပါနေသောကြောင့် အံ့သြသွားခဲ့ကြောင်း၊ အတူပါရှိလာသူ အဖော်များကို ပြ၍ မိမိအား ဖုန်းဆက်အကြောင်းကြားသောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာ ဟုတ်မှန်နေကြောင်း သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ ဦးလှမိုးက ဧရာဝတီသို့ပြောသည်။

”ကျနော်လည်း မြို့နယ်ကို သတင်းပို့ပြီး ရပ်ကွက်ရုံးကို သွားတယ်။ ရဲတွေခေါ်တယ်။ ပြီးရင် ၀င်ဖမ်းတယ်။ ရဲတွေ ၀င်ဖမ်းတော့ ဘာမှမရှိဘူး။ ပထမ ပြောထားတုန်းက လိုသလောက်ရတယ်လို့ ပြောထားတာ။ ကိုယ်တိုင်ဝယ်ခဲ့တဲ့ မဥမ္မာက ကြားတွေကြားတွေမှာ ညှပ်ညှပ်ထားတာတွေကို ဆွဲထုတ်ပြတယ်။ အဲဒီအခါကျမှ ထွက်လာတာ”ဟု  ဦးလှမိုးက ပြောသည်။

သို့သော် ဧပြီလ ၁၁ ရက်နေ့ ဖြစ်စဉ်ကို လုံးဝမသိရှိခဲ့ဘဲ ၁၂ ရက်နေ့တွင် မန္တလေးမြို့မှ အရှင်ဝီရသူက ဖုန်း massage ပို့၍ အကြောင်းကြားမှသာ သိရှိရသောကြောင့် ၁၃ ရက်နေ့တွင် သာကေတ NLD ရုံးသို့ သွားရောက် စုံစမ်း၍ ၁၄ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်စုံစမ်းခဲ့ကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဆရာတော် ဦးကေသရက မိန့်သည်။

” စခန်းသွားစုံစမ်းတော့ အမှုမဖွင့်ရသေးဘူး။ မြို့နယ်မှူး ဦးဝင်းအောင်နီက စေတီတွေဟာ ပိတ်စပေါ်မှာ လုပ်ထားတာ သဘောရိုးနဲ့ လုပ်တာပါလို့ ထပ်ခါတလဲလဲ ပြောတယ်။ အထည်အကုန်လုံးမပါဘဲနဲ့ ကွက်တိကွက်ကျား ဟိုတစ ဒီတစ ပါတဲ့အတွက်ကြောင့် မှားယွင်းစွာ ပါလာတာလို့ ပြောတယ်။ နောက်တခုက ဗုဒ္ဓဘာသာဝင်တွေပါတဲ့။အရင် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သမီးတွေတဲ့။ အထည်တွေမှာ စေတီပုံပါတာ ဘယ်သူနစ်နာသလဲတဲ့။ နစ်နာတဲ့သူ အမှုဖွင့်၊ တိုင်ပေါ့တဲ့။ အထည်တွေတောင်း ကြည့်တော့ မရှိတော့ဘူး။အထက်ကို တင်လိုက်ပြီတဲ့။ သက်သေခံ ပစ္စည်းကို ကျုပ်တို့ကို ထုတ်မပြဘူး။ မြို့နယ်မှူးက ပိတ်စ ပိတ်လိပ်လို့ အကြိမ်ကြိမ် သုံးတယ်။ ဒီ အစက ဗြောင်မဟုတ်တဲ့အတွက်ကြောင့် ဘယ်သူမှ လုံချည်ချုပ်မ၀တ်ဘူး။ ထမီပဲ ချုပ်ကြမှာ”ဟု ဦးကေသရက ဧရာဝတီသို့ မိန့်သည်။

ထိုသို့ မေးမြန်းစုံစမ်းမှသာ အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးကေသရက ဆိုသည်။

ဘာသာရေး ရှုထောင့်မှ ကြည့်ပါက ဘာသာ သာသနာအတွက် လွန်စွာ နစ်နာကြောင်း၊ ဘုရားစေတီသည် ဗုဒ္ဓသာသနာအတွက် အထွတ်အမြတ်ဖြစ်ကြောင်း၊ အမျိုးသမီးဝတ် လုံချည်ဖြစ်သော အင်္ဂါဝရ နေရာတွင် ရိုက်နှိပ်ထားခြင်းသည် ဗုဒ္ဓဘာသာကို မဖွယ်မရာလုပ်ဆောင်သည့် သဘော ဖြစ်နေကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဦးနေမိန္ဒက မိန့်သည်။

”ဦးဇင်းတို့က တိုင်းရုံးကို စုံစမ်းမေးမြန်းမှ မြို့နယ်ရုံးမှာ ဖွင့်ပေးထားတယ်လို့ ပြောတယ်။ ဦးဇင်းတို့ ပြန်လာပြီး ညကျမှ ဖွင့်ပေးတာ။ ပြီးတော့ ဒီဆိုင်ကို အငြိုးထားတာ မဟုတ်ဘူး။ ဘယ်က လာလဲဆိုတဲ့ Source ကိုလည်း သိချင်တယ်”ဟု ဦးနေမိန္ဒက ဆိုသည်။

စေတီတော်ပုံ အထည်စများ ရောင်းချမိခြင်းကို လုံးဝမသိရှိခဲ့ကြောင်း မေခလာအထည်ဆိုင် ပိုင်ရှင် ဒေါ်မေခလာသိန်းက ဧရာဝတီသို့ ပြောသည်။

”ရှက်လည်း ရှက်တယ်။ စိတ်လည်းညစ်တယ်”ဟူ၍သာ  ဒေါ်မေခလာသိန်းက ကောက်ချက်ချ ပြောဆိုပြီး မိမိသည် ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက် ဖြစ်ကြောင်း၊ နှစ်စဉ် ၀ါဆိုသင်္ကန်းကပ်ကြောင်း၊ ဆရာတော် သံဃာတော်များကို အပတ်စဉ် ဆွမ်းကပ်လျက်ရှိကြောင်း၊ မြန်မာတနိုင်ငံလုံးတွင် ဘုရားတည် ကျောင်းဆောက်လျက်ရှိကြောင်း အထောက်အထား ဓါတ်ပုံများစွာ ထုတ်ပြခဲ့သည်။

”အမေ ကိုယ်တိုင်လည်း လက်မခံဘူး။ ရအောင် ဖော်ထုတ်ပါ။ အမေတို့ ကိုယ်တိုင် ဘုရားတည်နေတာပါ” ဟု ဒေါ်မေခလာသိန်းက မျက်ရည်စက်လက်ဖြင့် ပြောသည်။

ပြဿနာ ဖြစ်ပေါ်လျက်ရှိသော အထည်စ ပိတ်စများမှာ ၂၀၁၁-၁၂ ခုနှစ်ထဲတွင် မော်လမြိုင်မြို့မှ တင်သွင်းခဲ့ပြီး ဂိုဒေါင်ထဲတွင် သိုလှောင်ထားခဲ့ရာမှ ဈေးကွက် အနေအထားအရ ယခုလတွင် ထုတ်၍ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်ခံထားရသူ မေခလာအထည်ဆိုင်မှ ကိုကျော်လှိုင်သိန်းက ပြောသည်။

”ဒီလို အချိန်မျိုးမှာ ကျနော် ဘယ်လိုလုပ်ပြီး ရောင်းရဲမှာလဲ။ တကယ် သိသိကြီးနဲ့ ရောင်းခဲ့ရင် အခုချိန်ထွက်ပြေးနေပြီ”ဟု ကိုကျော်လှိုင်သိန်းက ဆိုသည်။

အထည်အလိပ်ပေါ်ရှိ စေတီပုံများမှာ ထိုင်းနိုင်ငံ၏ Trade Mark တခုသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၄င်းပုံစံစေတီ မရှိကြောင်း၊ မေခလာအထည်ဆိုင်မှ အထည်စများကို မသိရှိဘဲ ရောင်းချခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မေခလာ မှာ ဗုဒ္ဓဘာသာဆိုင်ဖြစ်ကြောင်းကို အာမခံကြောင်း ရွှေဝါရောင် ကျောင်းတိုက်ဆရာတော် ဦးပဏ္ဍ၀ံသက ဧရာဝတီကို မိန့်သည်။

”ထိုင်းနိုင်ငံက အယုဒ္ဓယဘက်မှာ ပိတ်တွေမှာ ဒီလိုပုံတွေ ရိုက်နေကြ။ အခုကိစ္စက ဘာသာရေး အစွန်းရောက်သူတွေ ထွင်တဲ့ လမ်းကြောင်းပါ။ ရိုးသားမှု မရှိပါဘူး”ဟု ဦးပဏ္ဍ၀ံသက မိန့်သည်။

မေခလာ အထည်ဆိုင် ၃ ဆိုင်ရှိရာ ယင်းအထည်စများကို မေခလာ(သမီး)ဆိုင်၌သာ ရဲက ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက အထည်ဆိုင် တဆိုင် (ဓာတ်ပုံ – indochinatravelplan.com)

ထက်နိုင်ဇော် ( ဧရာဝတီ)
စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည် တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

တောင်ကြီးမြို့  ဗဟိုရ်မဏ္ဍပ်၌ သင်္ကြန်အတက်နေ့ ညနေပိုင်းတွင် ၉၆၉ စာနှင့်အခွေများ လက်သိပ်ထိုးဖြန့် ဝေ

တောင်ကြီးမြို့  ဗဟိုရ်မဏ္ဍပ်၌ သင်္ကြန်အတက်နေ့ ညနေပိုင်းတွင်  ၉၆၉ စာနှင့်အခွေများ လက်သိပ်ထိုးဖြန့် ဝေခဲ့
===================
ဧပြီ-၂၀-၂၀၁၃
M-Media
သတင်း- ကျောက်ခဲ

ပြီးခဲ့သည့် သင်္ကြန် အတက်နေ့ တွင် တောင်ကြီးမြို့ ရှိ အစိုးရ မဏ္ဍပ်တစ်ခုဖြစ်သော ဗဟိုရ်မဏ္ဍပ်တွင် မွတ်စလင် ဆန့် ကျင်ရေးတရားများပါဝင်သည့် ၉၆၉ တရားခွေနှင့်စာများကို လက်သိပ်ထိုးပုံစံမျိုးနဲ့ လူလေးငါးယောက်က ဝေသွားသည်ဟု လက်ဝယ်ရရှိခဲ့သူတစ်ဦးက M-Media သို့ ပြောပါသည်။

ယင်းဗဟိုရ်မဏ္ဍပ်သည် မြို့ မဈေးကြီးနှင့် ကပ်လျက်ရှိတည်ရှိပြီး သင်္ကြန် အပြီးမြို့ မဈေးအတွင်း ရှိဆိုင်အချို့ တွင်လည်း ယင်း တရားခွေများ လာပေးသည်ကို မြင်တွေ့ ခဲ့ရကြောင်း မျက်မြင်တစ်ဦးက ပြောပါသည်။ 

" ဒီသင်္ကြန်မတိုင်ခင်ကပေါ့၊ ဟိုမိတ္ထီလာအရေးအခင်းလည်း မဖြစ်သေးတဲ့ အချိန်က သီလရှင်တစ်ပါးက ဆိုင်မှာ အခွေလာရောင်းတယ်။ သူကဆိုင်ထဲမ၀င်ခင် ဗုဒ္ဓဘာသာ ဆိုင်လားလို့ အရင်မေးတယ်။ ဟုတ်တယ် ဆိုတော့မှ ခွေကိုပြပြီး ဒါက အမျိုး၊ ဘာသာအတွက်
ဟောထားတဲ့ အခွေပါ။ အရမ်းကောင်းပါတယ်။ မော်လမြိုင်ဘက်မှာ အရမ်းပေါက်တယ်။ အားပေးပါအုန်း " လို့ ဆိုတယ်ဗျာ။ ကျွန်တော်တို့ ကလည်း ဈေးရောင်းကရှုပ်နေချိန် ပြီးတော့ သိပ်လည်း စိတ်မ၀င်စားတာနဲ့ မ၀ယ်ဖြစ်ခဲ့ဘူး။ အဲဒီမှာ သီလရှင်က မ၀ယ်ရ ကောင်းလားဆိုပြီးတော့ ကျွန်တော်တို့ ကိုတောင် သိပ်မကြည် မလင်ဖြစ်သွားခဲ့သေးတယ်လို့ " ဗုဒ္ဓဘာသာ ၀င်တစ်ဦးက M-Media သို့ ပြောပြပါသည်။

ပြီးခဲ့သည့် သင်္ကြန် အတက်နေ့ တွင် တောင်ကြီးမြို့ ရှိ အစိုးရ မဏ္ဍပ်တစ်ခုဖြစ်သော ဗဟိုရ်မဏ္ဍပ်တွင် မွတ်စ
လင် ဆန့် ကျင်ရေးတရားများပါဝင်သည့် ၉၆၉ တရားခွေနှင့်စာများကို လက်သိပ်ထိုးပုံစံမျိုးနဲ့ လူလေးငါး
ယောက်က ဝေသွားသည်ဟု လက်ဝယ်ရရှိခဲ့သူတစ်ဦးက M-Media သို့ ပြောပါသည်။

မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များထဲမှ အဆင်းရဲဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး

သန်းရွှေရဲ့  သားကြီး ထွန်းနိုင်ရွှေ

သူဟာ စီးပွားရေးသက်သက်သာလုပ်ပေမယ့် သန်းရွှေရဲ့ သားသမီးများထဲမှာ အဆင်းရဲဆုံးပါတဲ့ဗျာ။ သူဆင်းရဲလွန်းပြီး ပိုင်ဆိုင်မှုတွေကတော့ အိမ်ကြီး (၁၂) လုံးရှိပါသတဲ့။ ပြီးတော့ ဂျေဒိုးနပ် (J Donuts) ဆိုင်များ၊ မိုင်မေးက် (My Milk)၊ စားသောက်ဆိုင်များနဲ့  အခြားသော သွင်းကုန်ပို့ ကုန် ကန်ထရိုက်တွေ ပိုင်ဆိုင်ပါတယ်။ ဒီပိုင်ဆိုင်မှုတွေထဲက ရှယ်ယာ ၃၅% ဟာ သူ လုံးလုံးပိုင်တာဖြစ်ပြီး ကျန်တဲ့အစုရှယ်ယာတွေကတော့ မြန်မာပြည်ဖွား တရုတ်စီးပွားရေးသမားတွေ ပိုင်ဆိုင်တာလို့  သိရပါတယ်။ သူနဲ့  အတူတူ စီးပွားရေးလုပ်ဘက်တွေပါ။

သန်းရွှေ သားအကြီး ထွန်းနိုင်ရွှေ (ခ) ထွန်းထွန်းနိုင် ဖြစ်ပါတယ်။

- ဒီ့အပြင် သူ ပိုင်ဆိုင်တာတွေကတော့-
--- ဒင်ဆမ် (Dim Sum) ဆိုင်များ၊ 
--- ထိုင်းနိုင်ငံမှ သွင်းကုန်ပစ္စည်းများ (Queen Orange Juice Concentrates)၊ 
--- နိုက်ကလပ်များ(Dream JellyJ-J Night Club)၊
--- ကာရာအိုကေပါရှိသော ထိုင်းစားသောက်ဆိုင်တို့ အပြင် အခြားသောလုပ်ငန်းပေါင်းမြောက်မြားစွာရှိပါတယ်။

မြန်မာနိုင်ငံမှာတင်မက တရုတ်၊ ထိုင်းနိုင်ငံနဲ့  အင်ဒိုနီးရှားတို့ မှာလည်း သူပိုင် စီးပွားရေးလုပ်ငန်းတွေ ရှိတယ်လို့  သိရှိရပါတယ်။

နောက် ထွန်းနိုင်ရွှေဟာ သူရဲ့ ငယ်သူငယ်ချင်းဖြစ်သူ (ဦးအောင်သိန်းရဲ့ သား) ဂျိုးဆက်ခင်မောင်သိန်းနဲ့  စီးပွားရေးအတူတူလုပ်ကြပြီး နှစ်ဦးအတူပိုင်တာကတော့ J & J company ဖြစ်ပါတယ်။
ထွန်းနိုင်ရွှေ ပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းများကို ဂျိုးဆက်က တာဝန်ယူကြီးကြပ်ပေပြီး၊ တရုတ်ပြည်က စီးပွားရေးလုပ်ငန်းတွေကိုတော့ ဂျိုးဆက်ရဲ့ ညီမ ကာရိုလ်က တာဝန်ယူကြီးကြပ်လုပ်ကိုင်ပေးနေပါတယ်။

ထွန်းနိုင်ရွှေရဲ့  ပိုင်ဆိုင်မှုတွေအားလုံးဟာ တကယ်တော့ သူ့ အဖေ သန်းရွှေ အာဏာကြောင့်ပါ။ 
ပြီးတော့ တိုင်းပြည်ပိုင် သယံဇာတတွေကို မောင်ပိုင်စီးထားကြတဲ့ သူတို့ မိသားစုတစ်စုလုံး ဘုန်းထားကြတဲ့ ငွေတွေနဲ့  လုပ်ဆောင်နေကြတဲ့ စီးပွားရေးတွေပါ။

ကျွန်တော်တို့  ပြည်သူတွေအတွက် အကျိုးအမြတ်တစ်ခုမှ မရှိပါဖူး။ ပြည်သူတွေရဲ့  သွေးချွေးတွေနဲ့  ရလာတဲ့ငွေကြေးလေးတွေ အပေါ်မှာတောင် အမြတ်ထပ်ထုပ်ပြီး ရောင်းချနေတဲ့ လုပ်ငန်းတွေပါ။
ဒီတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့  သန်းရွှေမိသားစုပိုင်၊ ထွန်းနိုင်ရှေပိုင်၊ သူတို့ ရဲ့ အပေါင်းအပါပိုင် စီးပွားရေးလုပ်ငန်းတွေ (ဥပမာ - ဂျေဒိုးနပ်ဆိုင်က အစ) အခြားသောလုပ်ငန်းများနဲ့ ဆိုင်တာတွေကို လုံးဝမသုံးစွဲ မ၀ယ်ယူဘဲ တစ်ဦးချင်းစီက အသိစိတ်ဓါတ်ရှိရှိနဲ့  သပိတ်မှောက်ဖို့ သင့်ပါတယ်။

မူရင်း-- Posted by Niknayman at 6:15 PM

သန်းရွှေရဲ့  သားကြီး ထွန်းနိုင်ရွှေသူဟာ စီးပွားရေးသက်သက်သာလုပ်ပေမယ့် သန်းရွှေရဲ့ သားသမီးများထဲ
မှာ အဆင်းရဲဆုံးပါတဲ့ဗျာ။ သူဆင်းရဲလွန်းပြီး ပိုင်ဆိုင်မှုတွေကတော့ အိမ်ကြီး (၁၂) လုံးရှိပါသတဲ့။ ပြီးတော့
ဂျေဒိုးနပ် (J Donuts) ဆိုင်များ၊ မိုင်မေးက် (My Milk)၊ စားသောက်ဆိုင်များနဲ့  အခြားသော သွင်းကုန်ပို့ ကုန် ကန်ထရိုက်တွေ ပိုင်ဆိုင်ပါတယ်။