Pages
Pages - Menu
Sunday, March 10, 2013
တိုင်းပြည်တိုးတက်ရေးအတွက် ပါတီတိုင်းကို မိတ်ဖက်ပါတီအဖြစ် သဘောထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဋ္ဌေးဦးက ပြောကြား
2013-03-10
NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တက်ရောက်ခဲ့တာဟာ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးအတွက် ပါတီတိုင်းကို မိတ်ဖက်ပါတီအဖြစ် သဘောထားတဲ့ အတွက် သွားရောက်ခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဋ္ဌေးဦးက ပြောကြားပါတယ်။
NLD ပါတီ ညီလာခံကနေ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ရွေးချယ်ဖွဲ့စည်း
NLD ပါတီ ညီလာခံကနေ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ရွေးချယ်ဖွဲ့စည်း
2013-03-10
NLD ပါတီ သက်တမ်း (၂၅) နှစ်တာ အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ မျိုးဆက်သစ် လူငယ်တွေ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အမျိုးသမီးတွေပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တဲ့ NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
" ဗဟိုကော်မရှင်ကနေပြီး ကျွန်မကို ဥက္ကဌ အဖြစ် ရွေးချယ်ပေးတဲ့အခါကျတော့၊ ကျွန်မအနေနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကို ဘယ်လိုနည်းနဲ့ ရွေးချယ်ခဲ့တယ်ဆိုတာ ကျွန်မ မူလေးတွေကို ရှင်းပြဖို့လိုမယ်လို့ ထင်ပါတယ်၊ အဓိကအားဖြင့် ကျွန်မအချက် သုံးချက်ပေါ်မှာ အခြေခံပါတယ်၊ တစ်ချက်ကဘာလဲဆိုတော့ ကျွန်မတို့ဟာ အတိတ်နဲ့ ပစ္စုပ္ဗန်နဲ့ အနာဂတ်ကို ဆက်နွယ်မှုရှိရမယ်၊ ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တစ်စိုက်မတ်မတ်လုပ်လာတဲ့ ပုဂ္ဂိုလ်ကြီးများဟာ ဆက်ပြီးတော့ အချိန်ကာလတစ်ခုအထိ တာဝန်တွေ ထမ်းဆောင်သွားဖို့လိုတယ်ဆိုပြီးတော့ ကျွန်မယုံကြည်ပါတယ်၊ တိုင်းပြည်အတွက် အလုပ်တွေကို ပီပီပြင်ပြင်လုပ်နိုင်ဖို့အတွက် အရည်အချင်းနဲ့ ပြည့်စုံတဲ့ အဖွဲ့ဝင်တွေ လိုအပ်မယ်လို့ ကျွန်မတို့ သတ်မှတ်ပါတယ်၊ ဒီအထဲမှာဆိုလို့ ရှိရင် ကျွန်မတို့ဟာ တိုင်းရင်းသားလူမျိုးစုများ ပါဝင်ရေး အမျိုးသမီးများ ပါဝင်ရေးကိုလည်း စဉ်စားပါတယ်၊ မျိုးဆက်သစ် လူငယ်တွေ ပါဝင်ရေးကိုလည်း စဉ်းစားပါတယ်"
တစ်ဆက်တည်းမှာပဲ အသစ်ပြန်လည်ရွေးချယ်ထားတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအနေနဲ့လည်း၊ ရရှိ နေတဲ့ အခွင့်အရေးတွေကို မလွတ်တမ်းဆုပ်ကိုင်ပြီး တိုင်းပြည် ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်သွားဖို့ လိုကြောင်း၊ ဒီအခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးသွားတာနဲ့ သမိုင်းတရားခံတွေ ဖြစ်သွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပါတယ်။
NLD ပါတီဝင်တွေထဲကနေ အသစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရသူတွေကတော့ ဥက္ကဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ အဖြစ် ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာ အောင်မိုးညို၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကျော်ခင်၊ ဦးညီပု၊ ဒေါက်တာဦးမျိုးအောင်တို့ဖြစ်ပြီး အရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအဖြစ် ဦးမန်းဂျော်နီ၊ ဒေါက်တာသိန်းလွင်၊ ဦးအောင်စိုး၊ ဦးဇိုဘွဲနဲ့ ဒေါ်ဖြူဖြူသင်းတို့ကို ရွေးချယ်အတည်ပြုခဲ့ပါတယ်။
2013-03-10
NLD ပါတီ သက်တမ်း (၂၅) နှစ်တာ အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ မျိုးဆက်သစ် လူငယ်တွေ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အမျိုးသမီးတွေပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
Malaysia Relif Association NGO အဖွဲ့ မှ ရခိုင်မှ ဒုက္ခသည်များ အတွက် ထပ်မံ သွားရောက် လှူဒါန်း
Malaysia Relif Association NGO အဖွဲ့ မှ ရခိုင်မှ ဒုက္ခသည်များ အတွက် ထပ်မံ သွားရောက် လှူဒါန်း
================================================
MRA(Malaysia Relif Association)  ရဲ့ ဥက္ကဌ ဒါတွတ် ဒေါက်တာ အဗ်ဒူလ် ရာဇတ်ကေချစ်က်(Dato ‘Dr. Abdul Razak Kechik) ဦးဆောင်သညှ် ကူညီထောက်ပံရေး အဖွဲ့ တစ်ခုကို ရခိုင်ပြည်နယ်သို့ မတ်လ ၃ ရက်နေ့က စေလွှတ်ခဲ့သည်။
ထိုအဖွဲ့သည် အောင်မင်္ဂလာ၊ သဲချောင်း၊ တာပိုင်၊ သက်ကယ်ပြင်၊ ရွှေစေတီ၊ စက်ရုံစုနှင့် မင်းဂံ စသည့် ဒုက္ခသည် စခန်းများသို့ သွားရောက်၍ အကူအညီများပေးအပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဒုက္ခသည် စခန်းများရှိ အိမ်ထောင်စုပေါင်း ၆၀၀ ခန့်သည် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ပဲ၊ ကြက်သွန်၊ ထင်း စသည့် ထောက်ပံရေးပစ္စည်းများကို ရရှိကြပြီး၊ ကလေးငယ်များ ဆက်လက် ပညာ သင်ကြားစေနိုင်ရန် အတွက် ရွှေစေတီနှင့် သက်ကယ်ပြင် ဒုက္ခသည်စခန်းရှိ ကလေးငယ် ၄၈၀၀ခန့်ကိုလည်း စာအုပ်များ၊ ခဲတံများဝေငှခဲ့ကြကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ ကူညီထောက်ပံမှုများ အပြင် MRA အဖွဲ့သည် ရေရှည် ကူညီမှု အစီအစဉ်များအတွက် အခွင့်အလမ်း ရှာဖွေခဲ့ပြီး ဒေသခံအာဏာပိုင် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် အတွက်လည်း မျှော်လင့်ထားကြောင်း သိရသည်။
News@M-Media
MRA(Malaysia Relif Association) ရဲ့ ဥက္ကဌ ဒါတွတ် ဒေါက်တာ အဗ်ဒူလ် ရာဇတ်ကေချစ်က်(Dato ‘Dr. Abdul Razak Kechik) ဦးဆောင်သညှ် ကူညီထောက်ပံရေး အဖွဲ့ တစ်ခုကို ရခိုင်ပြည်နယ်သို့ မတ်လ ၃ ရက်နေ့က စေလွှတ်ခဲ့သည်။
KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကိုယ်စားလှယ်တွေ ရွှေလီမြို့ ကိုရောက်ရှိ
2013-03-10
အစိုးရနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ မတ်လ ၁၁ ရက်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် နှစ်ဖက် ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံရွှေလီမြို့ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အတူ တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ လိုက်ပါလာကြပြီး KIO ဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ အရာရှိတွေ တက်ရောက်မှာ ဖြစ် သလို တရုတ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့လည်း လေ့လာသူတွေ အဖြစ်တက် ရောက်မှာဖြစ်ကြောင်း၊
ငြိမ်းချမ်းရေး လမ်းလျှောက်သူများ လက်ဂျားယန်မှ ရှေ့ဆက်သွားခွင့် မရ
ငြိမ်းချမ်းရေး လမ်းလျှောက်သူများ လက်ဂျားယန်မှ ရှေ့ဆက်သွားခွင့် မရ
Re-Post By ACM 10-3-2013
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း မြင်းခြံမြို့ကနေ လမ်းလျှောက်ခဲ့ကြတဲ့ အဖွဲ့ဟာ မနေ့က လိုင်ဇာမြို့ကို မရောက်ခင် လက်ဂျားယန် အစိုးရတပ်စခန်းက ရှေ့ဆက်သွားခွင့် မပေးတာကြောင့် အခုအချိန်အထိ လက်ဂျားယန် မိုးလဲချောင်းတံတားထိပ်မှာရှိနေဆဲလို့ သိရပါတယ်။
မြင်းခြံအဖွဲ့ဟာ မနေ့ညနေ ၃ နာရီလောက်ကတည်းက လိုင်ဇာမြို့နဲ့ ၇ မိုင်လောက်အကွာ လက်ဂျားယန် တံတားထိပ်ကို ရောက်နေခဲ့ကြတာပါ။
နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ လမ်းလျှောက်အဖွဲ့ ဦးဆောင်ပါဝင်သူ ကိုသန့်စင်က အခုလိုပြောပါတယ်။
" ကျွန်တော်တို့ မနေ့ကတည်းက ခုချိန်ထိပါပဲ လက်ဂျားယန် တံတားထိပ်မှာ မကူးရသေးဘူး၊ အဓိကကတော့ ဟိုဘက်က ထောင်ထားတဲ့ မိုင်းရော ဒီဘက်က ထောင်ထားတဲ့မိုင်းရော အန္တရာယ်ရှိတယ်၊ မသွားစေချင်ဘူး မစွန့်စားစေချင်ဘူးလို့ ပြောတာပေါ့ တားတာမဟုတ်ပါဘူးလို့လည်းပြောတယ်၊ ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်နေတဲ့ သူတွေကို အေးအေးဆေးဆေး ဖွင့်ပေးသင့်တယ် လမ်းမှာ မိုင်းတွေရှိရင်လည်း ရှင်းပေးသင့်တယ်လို့ တော့မြင်တာပဲ၊ သူတို့က ပုခုံးမှာအပွင့်တပ်မထားဘူးဗျ၊ ပြောလည်းမပြောဘူး၊ ထင်ရတာတော့ အရာရှိစီနီယာနဲ့တူတယ်"
မြင်းခြံအဖွဲ့မှာ အမျိုးသမီး ၁၁ ယောက် ၊ သံဃာတော် ၉ ပါး အပါအဝင်စုစုပေါင်း ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။
မနေ့ညက လက်ဂျားယန်တံတားထိပ်မှာ ဖြစ်သလို အိပ်ကြရပြီး သံဃာတွေ အတွက်တော့ စစ်တပ်က အခင်းတွေ လာပို့တယ်လို့ သိရပါတယ်။
ဒီကနေ့မှာတော့ ပါလာတဲ့ အစားအသောက်တွေ သိပ်မကျန်တော့ပဲ တချို့က အစာငတ်ခံဆန္ဒပြသဘောမျိုးနဲ့ အစာမစားကြတော့ဘူးလို့ ကိုသန်စင်က ပြောပါတယ်။
" နေ့လည်စာမှာ ကျွန်တော်တို့ လူတွေအားလုံး ထမင်းမစားဘူး ဘုန်းကြီး ၂ ပါး ဆွမ်းဘုန်းမပေးဘူးပေါ့၊ ကျွန်တော်တို့ နောက်က ထမင်းလာပို့တာလည်း မရှိဘူး၊ လမ်းဘေး ထမင်းဆိုင်လည်း မရှိဘူးပေါ့၊ ကျွန်တော်တို့ ပါတဲ့ဟာပဲ ချွေတာပြီးတော့ စားနေရတယ်၊ အလုံအလောက်တော့မရှိတော့ဘူးပေါ့၊ ကျွန်တော်တို့ ငြိမ်းချမ်းရေး လိုလားလို့ သွားတာပဲလေ၊ ငြိမ်းချမ်းရေးလိုလားသူတွေကို အနှောက်အယှက် ပြုတာလို့ပဲမြင်တယ်၊ ကျွန်တော်တို့ လိုင်ဇာမရောက်မချင်းသွားမှာပါ"
လိုင်ဇာမြို့ လူထုနဲ့ ကေအိုင်အို အဖွဲ့တွေကတော့ ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေ ရောက်လာမယ် အထင်နဲ့ မနေ့ညနေကတည်းက အစားအသောက်၊ နေရေးထိုင်ရေးနဲ့ သွားရေးလာရေး လုံခြုံရေးတွေ စီမံထားပြီး အဆင်သင့် ကြိုဆိုနေကြကြောင်း သိရတယ်လို့ ကိုသန့်စင်က ပြောပါတယ်။
ကိုသန့်စင်နဲ့အဖွဲ့ဟာ မြင်းခြံမြို့ကနေ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က စတင်လမ်းလျှောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
အေးချမ်းမွန် Credit to >> RFA Burmese<< Thank
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း မြင်းခြံမြို့ကနေ လမ်းလျှောက်ခဲ့ကြတဲ့ အဖွဲ့ဟာ မနေ့က လိုင်ဇာမြို့ကို မရောက်ခင် လက်ဂျားယန် အစိုးရတပ်စခန်းက ရှေ့ဆက်သွားခွင့် မပေးတာကြောင့် အခုအချိန်အထိ လက်ဂျားယန် မိုးလဲချောင်းတံတားထိပ်မှာရှိနေဆဲလို့ သိရပါတယ်။
*ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်
*ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်
(ရန်ကုန်၊ မတ် ၉)
မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း၆ရာကျော် ကုန်ကျမည့် ဥရောပ- မြန်မာ ဗုဒ္ဓစင်တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့မိန့်ကြားသည်။
အရှေ့တောင်အာရှတွင် ထေရဝါဒ အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကို ဥရောပနိုင်ငံသားများကို ဖြန့်ဖြူးရန် ဥရောပခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ တစ်ခုပါဝင်ပြီး မြေနေရာအကျယ် ၂ဧကခွဲရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို တည်ထောင်လိုခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်၊
“မြန်မာတွေဆောက်တဲ့ အကြီးဆုံး ဥရောပသာသနာပြု ဗုဒ္ဓစင်တာဖြစ်လာမယ်၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ သင်တန်းတွေပေးသွားမယ်” ဟု ဆရာတော်က ရှင်းလင်း မိန့်ကြားသည်။
အဆိုပါ မြန်မာဗုဒ္ဓစင်တာကို မြန်မာလူမျိုးများ၏ အလှူငွေများဖြင့် တစ်နှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး မြေနေရာ ၁ပေပတ်လည်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် စတာလင်ပေါင် ၅၀၀နှုန်းဖြင့် အလှူခံနေပြီး မြန်မာနိုင်ငံသားများ လှူဒါန်းမည် ဆိုပါက မြေနေရာ၁ပေ ပတ်လည်ကို ၅သောင်းကျပ် ဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေး အသင်းထံမှ စုံစမ်းသိရှိရသည်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သည် တစ်နှစ်လျှင် ကမ္ဘာလှည့် ခရီးသွား လူဦးရေ ၁၇သန်းခန့် လာရောက်လည်ပတ်ကြပြီး ဗုဒ္ဓစင်တာကြီး ပြီးစီးသွားပါက ကမ္ဘာလှည့် ခရီးသွားများ လာရောက်လေ့လာမှုများ ရှိလာနိုင်ကြောင်း လန်ဒန်မြို့တော်တွင် ဗုဒ္ဓဘာသာဝင် အနည်းငယ်သာရှိပြီး ခရစ်ယာန်ဘာသာဝင် များပြားကြောင်း၊ သို့သော် မည့်သည့်ဘာသာမှ မကိုးကွယ်သည့် လူငယ်များလည်း များပြားလာနေကြောင်း ဆရာတော်က သုံးသပ်မိန့်ကြားသည်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အပါအဝင် အိုင်ယာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ် စသည့် ဥရောပ ၁၀နိုင်ငံ တို့တွင် မြန်မာ ဘုန်းတော်ကြီးကျောင်းများ ရှိကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားရေးအသင်း ဥက္ကဌ ဆရာဦးနေအုပ် (စိန်ပေါလ်) က ဆိုသည်။(News:The Voice)
Photo:Buddha Center at Taiwan
(Photo from internet)
Photo:Buddha Center at Taiwan
(ရန်ကုန်၊ မတ် ၉)
မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း၆ရာကျော် ကုန်ကျမည့် ဥရောပ- မြန်မာ ဗုဒ္ဓစင်တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့မိန့်ကြားသည်။
ကွယ်လွန်သွားသော ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗက်စ်နေရာကို အစားထိုးမည့် ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲ ဧပြီ ၁၄ တွင် ကျင်းပမည်ဟု ကြေငြာ
ဟူဂိုချားဗက်စ်နေရာကို အစားထိုးမည့် ဗင်နီဇွဲလား
သမ္မတရွေးကောက်ပွဲ ဧပြီ ၁၄ တွင် ကျင်းပမည်ဟု ကြေငြာ
ကာရာကတ်စ်၊ မတ် ၁၀။
ကွယ်လွန်သွားသော ဗင်နီဇွဲလားသမ္မတ ဟူဂို ချားဗက်စ်၏ လစ်လပ်သွားသော သမ္မတနေရာကို အစားထိုးမည့် သမ္မတ
ရွေးကောက်ပွဲများကို လာမည့်ဧပြီ ၁၄ တွင် ကျင်းပသွားမည်
ဖြစ်ကြောင်း ဗင်နီဇွဲလားရွေးကောက်ပွဲကော်မရှင်က ကြေငြာ
လိုက်သည်။
ရွေးကောက်ပွဲကော်မရှင်၏ ယခုကြေငြာချက်သည် ချားဗက်စ် ကွယ်လွန်ပြီးနောက် ၎င်း၏ဒုသမ္မတက ဖွဲ့ စည်းပုံအရ ကြားဖြတ် သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။
လာမည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိကြားဖြတ်သမ္မတ
မဒူရိုက အာဏာရပါတီ၏ သမ္မတလောင်းအဖြစ် ဝင်ပြိုင်မည်
ဖြစ်ကာ ၊ အတိုက်အခံဘက်မှ ဟင်းနရစ် ကတ်ပရီလတ်စ်က ဝင်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။
ကွယ်လွန်ခဲ့သည့် သမ္မတချာဗက်စ်သည် ဗင်နီဇွဲလားကို
၁၄ နှစ်ကြာ ဦးဆောင်ခဲ့ပြီး နောက်ဆုံးကျင်းပခဲ့သည့် အောက်
တိုဘာရွေးကောက်ပွဲ တွင် မစ္စတာ ကတ်ပရီလတ်စ်အား
အနိုင်ရခဲ့သည်။ ထိုစဉ်က ချားဗက်စ်က မဲ ၅၄ ရာခိုင်နှုးနှင့် ကတ်ပရီလတ်စ်က မဲ ၄၄ ရာခိုင်နှုန်းရရှိခဲ့သည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တီဘီဆေ လူစီနာက ပါဝင်
ယှဉ်ပြိုင်မည့် သမ္မတလောင်းများသည် တနင်္လာနေ့မှစ၍
ရွေးကောက်ပွဲအတွက် မှတ်ပုံတင်နိုင်ကြောင်း ပြောကြားသည်။
အတိုက်အခံဘက်မှ သမ္မတလောင်း ကတ်ပရီလတ်စ်သည်
အသက် ၄၀ အရွယ်ရှေ့ နေတစ်ဦးဖြစ်ပြီး ဗင်နီဇွဲလားရှိ မီရန်
ဒါပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်။
ဆိုရှယ်လစ်ဝါဒီအဖြစ် သတ်မှတ်ခံရသည့် ချားဗက်စ်နှင့်
မတူဘဲ အတိုက်အခံခေါင်းဆောင် ကတ်ပရီလတ်စ်ကမူ ၎င်း၏ ပေါ်လစီများသည် အလယ်အလတ် ဗဟိုဝါဒီ၊ လူသား ဝါဒီဆန်ကြောင်း ထုတ်ဖေါ်ထားပြီး ၎င်းလေးစားသည့် ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗား ကဲ့သို့ပင် စီးပွားရေးလုပ်ငန်းးများနှင့် လူမှုဖူလုံရေးအစီအစဉ်များကို ဖွံ့ ဖြိုးအောင်ဆောင်ရွက်ပြီး ရင်းနှီးမြှပ်နှံမှုများကိုလည်း
ဆွဲဆောင်ရန် ကြိုးပမ်း သွားမည်ဟု ပြောကြားထားသည်။
Ref: BBC
Re-Post By ACM 10-3-2013
အေးချမ်းမွန် Credit to >> The Myanma Age<< Thank
ကာရာကတ်စ်၊ မတ် ၁၀။
ကွယ်လွန်သွားသော ဗင်နီဇွဲလားသမ္မတ ဟူဂို ချားဗက်စ်၏ လစ်လပ်သွားသော သမ္မတနေရာကို အစားထိုးမည့် သမ္မတရွေးကောက်ပွဲများကို လာမည့်ဧပြီ ၁၄ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဗင်နီဇွဲလားရွေးကောက်ပွဲကော်မရှင်က ကြေငြာလိုက်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) လူထုနှင့်တွေ့ရန်ရှိသည်ဟူသော သတင်းမဖြစ်နိုင်ကြောင်းနီးစပ်သူတစ်ဦးဆို
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) လူထုနှင့်တွေ့ရန်ရှိသည်ဟူသော သတင်းမဖြစ်နိုင်ကြောင်းနီးစပ်သူတစ်ဦးဆို
Re-Post By ACM 10-3-2013, သတင်း 
ယခင်နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ    ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)မှ မြန်မာပြည်သူလူထု   နှင့် တွေ့ဆုံစကားပြောမည်ဟု    အင်တာနက်သတင်းအချို့၌ပျံ့နှံ့  လျက်ရှိနေပြီး ယင်းကိစ္စနှင့်ပတ် သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့်နီးစပ်သူဟုယူဆရသူတစ်ဦး ဖြစ်သူ ယခင်အစိုးရ၀န်ကြီးဟောင်း     တစ်ဦးဖြစ်သူ ဦးဌေးဦးမှ ယင်း သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း    မီဒီယာများသို့ အတိအလင်းပြော ကြားလိုက်သည်။
““ကျွန်တော့်အနေနဲ့ပြောရ ရင် ဒီလမ်းကြောင်းဖြစ်လာအောင်   တင်ပေးခဲ့တာပါ တင်ပေးပြီးတော့ မှ ဒီလမ်းကြောင်းအောင်မြင် အောင် ဆောင်ရွက်နိုင်တယ်လို့ ယူဆတဲ့ အဖွဲ့အစည်းတွေ အကုန် လုံးလုပ်ဆောင်နေပြီး သူလည်းပဲ လုံး၀၀င်ရောက်စွက်ဖက်မှုမရှိတော့ ပါဘူး။ စွက်ဖက်မှုမရှိတော့တဲ့ အတွက် ခုနက အင်တာနက်ပေါ်    မှာထွက်နေတဲ့သတင်းတွေဟာ ကျွန်တော် သဘောအနေနဲ့ပြော ရရင် မဖြစ်နိုင်ပါဘူး။လက်ရှိအနေ အထားအရရော ယခင်ဆောင် ရွက်ခဲ့မှု အနေအထားတွေအရ ရော ဗိုလ်ချုပ်မှူးကြီးအနေနဲ့ဝင် စွက်ဖက်မှာ ပါဝင်မှာမဟုတ်တော့ ပါဘူး။ဒီတော့ ဒီလိုထွက်နေတဲ့ သတင်းတွေဟာ ဖြစ်နိုင်မှာမဟုတ်ပါဘူး””ဟု ဦးဌေးဦးမှပြောကြား သွားခဲ့သည်။
ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ  အနေဖြင့် လက်ရှိအစိုးရအား ၂၀၁၀ခုနှစ် အထွေထွေရွေးကောက် ပွဲကြီးအပြီး နိုင်ငံတော် အာဏာ    အရပ်ရပ်အားလွှဲပြောင်းပေးခဲ့ပြီး   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်    ရာထူးမှလည်းအနားယူခဲ့ရာ ယနေ့ ထိ လူထုကြားသို့ထွက်ရှိခြင်းလုံးဝ  မရှိခဲ့ပဲ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှ    ပျောက်ကွယ်နေခဲ့ရာ ယခုကဲ့သို့ လူထုနှင့်တွေ့ဆုံစကားပြောမည် ဟူသောသတင်းမှာမူ လက်ရှိ အနေအထားအရ လူထုမှစိတ်ဝင်      စားစရာ သတင်းတစ်ခုဖြစ်နေ လျက်ရှိသည်။
ခန့်ခန့်(ဒဿနိက)
အေးချမ်းမွန် Credit to >>The Hot News << Thank
ယခင်နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)မှ မြန်မာပြည်သူလူထု နှင့် တွေ့ဆုံစကားပြောမည်ဟု အင်တာနက်သတင်းအချို့၌ပျံ့နှံ့ လျက်ရှိနေပြီး ယင်းကိစ္စနှင့်ပတ် သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့်နီးစပ်သူဟုယူဆရသူတစ်ဦး ဖြစ်သူ ယခင်အစိုးရ၀န်ကြီးဟောင်း တစ်ဦးဖြစ်သူ ဦးဌေးဦးမှ ယင်း သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း မီဒီယာများသို့ အတိအလင်းပြော ကြားလိုက်သည်။
ကမ္ဘာပတ်နေတဲ့ ဂျာမဏီနိုင်ငံက မော်တော်ယာဉ်တန်း မြန်မာပြည်မှ ထွက်ခွာ
ဂျာမဏီယာဉ်တန်း မြန်မာပြည်မှ ထွက်ခွာ 
Sunday, March 10, 2013
ကမ္ဘာပတ်နေတဲ့ ဂျာမဏီနိုင်ငံက မော်တော်ယာဉ် ၂၈ စီး ခရီးတထောက် ရပ်နားရာနေရာ ဖြစ်တဲ့ ကရင်ပြည်နယ် ဒေါနတောင်ကျော်လမ်းကိုဖြတ်ပြီး 
မြန်မာပြည်ထဲကနေ မနေ့က ညနေပိုင်းမှာ ထွက်ခွာသွားပါပြီ။
ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ကူးသွားကြတာပါ။ 
၅၄ ဦးပါ ခရီးသွားအဖွဲ့ဟာ မကြာခင်ကမှ မြန်မာအစိုးရ စတင်ခွင့်ပြုခဲ့တဲ့
နိုင်ငံတကာ ခရီးသွားယာဉ်တန်းတွေကို နယ်စပ်ကနေ ၀င်ရောက်ခွင့်ပြုတဲ့ အစီအစဉ်အရ မြန်မာပြည်ကို ဖြတ်သန်း လည်ပတ်ကြတာပါ။
ဒီယာဉ်တန်း အိန္ဒိယနယ်စပ် တမူး မိုးရေးကနေ အရင်လ ၂၂ ရက်နေ့က ၀င်ရောက်လာတာဖြစ်ပြီး ပုဂံ၊ အင်းလေး၊ မန္တလေး၊ ကလော အပါအ၀င် အထင်ကရနေရာဒေသတွေကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ 
မြန်မာနိုင်ငံဟာသဘာဝတောတောင်ရေမြေတွေအပြင် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့နေရာဒေသတွေ အများကြီးရှိတဲ့တိုင်းပြည်ဖြစ်တယ်လို့ ဒီခရီးသွားတွေက  မြန်မာလ၀ကအရာရှိတွေကို မှတ်ချက်ပေးကြောင်း
မြ၀တီက လ၀က ၀န်ထမ်းတဦးက ဆိုပါတယ်။
ဂျာမနီအခြေစိုက် the seas Bridge Motor Home Co..Ltd က ပထမဆုံးစီစဉ်တဲ့ခရီးစဉ်ဖြစ်ပြီး  ၂၀၁၂  အောက်တိုဘာမှာ ခရီး စတင်ခဲ့တာပါ။
ဒီခရီးစဉ်မှာ ဂျာမနီ၊ ဆွစ်ဇလန်၊ သြစတြီးယား၊ အီတလီ၊  နယ်သာလန်၊ ဗြိတိန်၊ အီရန်နိုင်ငံသားတွေ ပါဝင်ပါတယ်။
ခရီးသည်ထဲက ၉၀ ရာခိုင်နှုန်းဟာ ဂျာမန်တွေဖြစ်ကြပါတယ်။
သူတို့ရဲ့ ရက်ပေါင်း ၇၀၀ ခရီးစဉ်မှာ ထိုင်း၊ လာအို၊ တရုတ်၊ ဗီယက်နမ်၊  ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ နိုင်ငံတွေကိုလည်း  သွားရောက် လည်ပတ်ကြမှာပါ။ မြန်မာနိုင်ငံမရောက်ခင်တော့ တူရကီ၊ အာမန်းနီးယား၊ အီရတ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နိုင်ငံတွေကို ၀င်ရောက်လည်ပတ်ခဲ့ကြပါတယ်။
နယ်စပ်မြ၀တီကတဆင့် အာရှဒေသ ခရီးသွားအဖွဲ့တွေ မြန်မာနိုင်ငံ အတွင်းကို မော်တော်ယာဉ်တန်းနဲ့အတူ ခရီးသွားလည်ပတ်မှုခရီးစဉ်
၃ ခု နှစ်ကုန်ပိုင်းမှာ တွေ့ခဲ့ရပါတယ်။
ဥရောပနိုင်ငံမှခရီးသွားယာဉ်တန်း မြန်မာနိုင်ငံအတွင်း လာရောက် လည်ပတ်ခြင်းက ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
ပြည်တော်မြင့်
ဧရာဝတီ
Sunday, March 10, 2013
ကမ္ဘာပတ်နေတဲ့ ဂျာမဏီနိုင်ငံက မော်တော်ယာဉ် ၂၈ စီး ခရီးတထောက်ရပ်နားရာနေရာ ဖြစ်တဲ့ ကရင်ပြည်
နယ် ဒေါနတောင်ကျော်လမ်းကိုဖြတ်ပြီး မြန်မာပြည်ထဲကနေမနေ့ကညနေပိုင်းမှာထွက်ခွာသွားပါပြီ။ထိုင်းနိုင်
ငံ မဲဆောက်မြို့ဘက်ကို ကူးသွားကြတာပါ။
၁၈၂၄ ခုနှစ်မတိုင်မီကတည်းက ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” ရှိခဲ့ကြောင်း မငြင်း နိုင်သော သက်သေအထောက်အထား
၁၈၂၄ ခုနှစ်မတိုင်မီကတည်းက ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” ရှိခဲ့ကြောင်း မငြင်း နိုင်သော သက်သေအထောက်အထား
===========================
ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” နေထိုင်ခဲ့ကြောင်း ၁၈၂၄ ခုနှစ် မတိုင်မီက ရေးသားထုတ်ဝေခဲ့သည့် အစ္စလာမ်ဘာသာဝင် မုစ်လင်မ် လုံးဝ မဟုတ်သူ အနောက်တိုင်းပညာရှင် သုတေသီ တစ်ဦး မှ ပြုစုရေးသားခဲ့သည့် စာတမ်းတစ်စောင်တွင် တွေ့ရှိရပေသည်။
ထိုစာတမ်း၏ ခေါင်းစဉ်မှာ “ဗမာ့အင်ပါယာအတွင်း ပြောဆိုသုံးစွဲနေကြသော ဘာသာစကားအချို့၏ ဝေါဟာရ(များ)အား နှိုင်းယှဉ်လေ့လာခြင်း”ဟု အဓိပ္ပါယ်ရသည်။ အင်္ဂလိပ်ဘာသာဖြင့် “A Comparative Vocabulary of Some of the Languages Spoken in the Burma Empire” ဖြစ်သည်။ ရေးသားခဲ့သည့် သုတေသီပညာရှင်မှာ Francis Buchanan-Hamilton ဖြစ်ပြီး၊ ခရစ်သက္ကရာဇ် ၁၇၉၉ ခုနှစ်တွင် ရေးသား ပြုစုခဲ့သည်။ ခရစ်သက္ကရာဇ် ၁၈၀၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ယင်းစာတမ်းအား အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်ရှိ Northwestern University ၏ စာကြည့်တိုက်ကြီးတွင် ငှားရမ်း ဖတ်ရှုနိုင်သည်။ ထိုတက္ကသိုလ်ကြီး၏ စာတိုက်၏ ၀ဘ်ဆိုဒ်လိပ်စာမှာ အောက်ပါအတိုင်း ဖြစ်သည်။
http://www.library.northwestern.edu/
ယင်းစာတမ်းတွင် ရိုဟင်ဂျာတိုင်းရင်းသားများ၏ အမည်အား Rooinga ဟု ပေါင်းထားသည်။ သို့သော် အောက်ပါရှင်းလင်းချက်အရ ရိုဟင်ဂျာတိုင်းရင်းသားများအား ရည်ညွှန်း၍ သုံးနှုန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“I shall now add three dialects, spoken in the Burma Empire, but evidently derived from the language of the Hindu nation. The first is that spoken by the Mohammedans, who have long settled in Arakan, and who call themselves Rooinga, or natives of Arakan”
“ကျွန်ုပ်အနေနှင့် ယခု ဗမာအင်ပါယာအတွင်း ပြောဆိုသုံးနှုန်းနေခဲ့ကြသော ဒေသိယဘာသာစကား သုံးခုကို ပူးပေါင်း၍ တင်ပြပေမည်။ သို့သော် ထိုဘာသာစကားများသည် ဟိန္ဒူလူမျိုးများ၏ ဘာသာစကား များမှ မြစ်ဖျားခံ ဆင်းသက်ခဲ့ကြောင်း သက်သေအထောက်အထားများအရ ဆိုနိုင်သည်။ ပထမဆုံး တင်ပြထားသည့် ဘာသာစကားမှာ ရခိုင်ပြည်နယ် (အာရ်ကာန်ပြည်နယ်) အတွင်း ရှေးကပင် အခြေချ နေ ထိုင်ခဲ့ကြသော မဟာမေဒင်များ ပြောဆိုကြသည့် ဘာသာစကား ဖြစ်သည်။ ထိုသူတို့သည် သူတို့ကိုယ်ကို သူတို့ ရိုဟင်ဂျာ (၀ါ) ရခိုင်ပြည်နယ် (အာရ်ကာန်ပြည်နယ်)၏ တိုင်းရင်းသားများဟု ခေါ်ကြသည်။”
ဤစာတမ်းအား အစအဆုံး ဒေါင်း၍ ဖတ်လိုသူများ အောက်ပါလင့်ခ်ကို နှိပ်၍ လွယ်ကူစွာ ဒေါင်းလုပ် လုပ်ကာ ဖတ်ရှုလေ့လာသုတေသန ပြုနိုင်ပေသည်။
https://docs.google.com/open?id=0B4fThqDxAlBUNnhQSVZ5ek9pczg
လှည့်စားတတ်သူ ရခိုင်အကြမ်းဖက်သမားများ၏ အလိမ်အညာစက်ဝန်းများမှ လွတ်ကင်းကာ အမုန်းတရားများ ကွယ်ပျောက်၍ မေတ္တာတရား၊ အကြင်နာတရားဖြင့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်စေကြောင်း ဆန္ဒပြုလျှက်
ချမ်းမြေ့
29-11-2012
ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” နေထိုင်ခဲ့ကြောင်း ၁၈၂၄ ခုနှစ် မတိုင်မီက ရေးသားထုတ်ဝေခဲ့သည့် အစ္စလာမ်ဘာသာဝင် မုစ်လင်မ် လုံးဝ မဟုတ်သူ အနောက်တိုင်းပညာရှင် သုတေသီ တစ်ဦး မှ ပြုစုရေးသားခဲ့သည့် စာတမ်းတစ်စောင်တွင် တွေ့ရှိရပေသည်။
ကမ္ဘာ့ထိပ်တန်းနည်းပညာပြပွဲ CeBIT တွင် သုံးဖက်မြင် ပုံနှိပ်စက် နည်းပညာကို စိတ်အ၀င်စားဆုံး ဖြစ်
ကမ္ဘာ့ထိပ်တန်းနည်းပညာပြပွဲ CeBIT တွင် သုံးဖက်မြင် ပုံနှိပ်စက် နည်းပညာကို စိတ်အ၀င်စားဆုံး ဖြစ်ခဲ့
Sunday, March 10, 2013
ကမ္ဘာ့ထိပ်တန်း နည်းပညာပြပွဲ တစ်ခုဖြစ်သော CeBIT ပြပွဲတွင်
ခေတ်အမီဆုံး နည်းပညာအသုံးအဆောင်များကို ပြသခဲ့ရာ ထုထည်ပစ္စည်းများကို ကွန်ပျူတာတွင် မြင်ရသည့်အတိုင်း
ပလတ်စတစ်ဖြင့် သုံးဖက်မြင် ပုံနှိပ်ပေးသည့် 3D printer ပုံနှိပ်စက်ကို စိတ်အ၀င်စားဆုံး ဖြစ်ခဲ့ကြသည်။
ဂျာမနီကုမ္ပဏီ Fabbster က ထုတ်လုပ်သော သုံးဖက်မြင် ပုံနှိပ်စက်သည် ပလတ်စတစ်ကို အရည်ဖျော်ပြီး ၀ ဒသမ ၀၈၈ မီလီမီတာသာထူသော အလွှာများတည်ဆောက်ကာ ထုထည်ပစ္စည်းတစ်ခုကို တိတိကျကျ ထုတ်လုပ်ပေးသည်။ ယင်း စနစ်ကို အသေးစားစီးပွားရေး လုပ်ငန်းများ၊ ဗိသုကာလုပ်ငန်းများ၊ ဒီဇိုင်းပညာရှင်များ၊ အင်ဂျင်နီယာများက လတ်တလောတွင် အသုံးပြုနေကြောင်း သိရသည်။
သီအိုရီအတိုင်း ဆိုပါက ထုတ်လုပ်ပေးနိုင်သော ထုထည်ပစ္စည်း၏ အရွယ်အစားမှာ အကန့်အသတ် မရှိသော်လည်း ပြပွဲတွင် ပြသခဲ့သော စက်ကထုတ်လုပ်ပေးနိုင်သော ထုထည်ပမာဏမှာ အလျား ၈ ဒသမ ၈ လက်မ၊ အနံ ၈ ဒသမ ၈ လက်မ နှင့် အမြင့် ၈ ဒသမ ၃ လက်မဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ ဖေဘီယန်ဂရက်က ပြောကြားခဲ့သည်။ 
3D ပုံနှိပ်စက်ကို ပြပွဲတွင် ဒေါ်လာ ၂၀၀၀၊ ယူရို ၁၅၀၀ ဖြင့် ရောင်းချမည်ဟု ၎င်းကပြောကြားခဲ့သည်။ ဂျာမနီမြောက်ပိုင်း ဟန်နိုဗာမြို့တွင် မတ် ၅ ရက်နေ့မှ ၉ ရက်အထိ ကျင်းပသော CeBIT နည်းပညာပြပွဲသည် ကမ္ဘာ့အကြီးဆုံး နည်းပညာပြပွဲဖြစ်ပြီး နိုင်ငံ ၇၀ ကျော်မှ ပြခန်း ၄၁၀၀ ခန့် ပြသခဲ့ကြသည်။
(Photo - Reuters)
Ref:AFP
Eleven Media Group
(Photo - Reuters)
Sunday, March 10, 2013
ကမ္ဘာ့ထိပ်တန်း နည်းပညာပြပွဲ တစ်ခုဖြစ်သော CeBIT ပြပွဲတွင် ခေတ်အမီဆုံး နည်းပညာအသုံးအဆောင်များကို ပြသခဲ့ရာ ထုထည်ပစ္စည်းများကို ကွန်ပျူတာတွင် မြင်ရသည့်အတိုင်း
ပလတ်စတစ်ဖြင့် သုံးဖက်မြင် ပုံနှိပ်ပေးသည့် 3D printer ပုံနှိပ်စက်ကို စိတ်အ၀င်စားဆုံး ဖြစ်ခဲ့ကြသည်။
ဘင်လာဒင်၏သမက်ကို နယူးယောက် တရားရုံးတွင် ရုံးတင်စစ်ဆေး
ဘင်လာဒင်၏သမက်ကို နယူးယောက် တရားရုံးတွင် ရုံးတင်စစ်ဆေး
Sunday, March 10, 2013
အိုစမာဘင်လာဒင်၏ သမက်ဖြစ်သူ Suleiman Abu Ghaith ကို အမေရိကန် နိုင်ငံသားများအား သတ်ရန်ကြိုးပမ်းမှု စွဲချက်များဖြင့် နယူးယောက်၌ မတ် ၈ ရက်တွင် ရုံးတင်စစ်ဆေးခဲ့ရာ ယင်းစွဲချက်များကို ကျူးလွန်ခဲ့ခြင်းမရှိဟု ၎င်းက ထွက်ဆိုခဲ့သည်။
အယ်လ်ကေးဒါးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သည့် Abu Ghaith ကို ဂျော်ဒန်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖမ်းဆီးမိခဲ့ပြီး နှစ်နိုင်ငံ တရားခံလွှဲပြောင်းရေး စာချုပ်များအရ Abu Ghaith ကို ပြီးခဲ့သည့် သီတင်းပတ်၌ အမေရိကန် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေး ခဲ့ကြောင်း ဂျော်ဒန်လုံခြုံရေး အရာရှိတစ်ဦးက အေပီသတင်းဌာနသို့
ပြောကြားခဲ့သည်။
Abu Ghaith သည် 9/11 တိုက်ခိုက်မှုတွင် ပူးပေါင်းကြံစည်ခဲ့သူ တစ်ဦးဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကူဝိတ်တွင် ကျောင်းဆရာတစ်ဦးနှင့် ဗလီဆရာ တစ်ဦးဖြစ်သည့် Abu Ghaith သည် 9/11 တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကူဝိတ်နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခံရသည်။
Abu Ghaith သည် ၂၀၀၁ ခုနှစ်မေလမှ ၂၀၀၂ ခုနှစ်အထိ ဘင်လာဒင်နှင့်
အတူ တာဝန်ထမ်းဆောင်ခဲ့ပြီး 9/11 နှင့် အလားတူသော တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်မည်ဆိုသော သတိပေးမှုများကို ပြောကြားခဲ့သူ
ဖြစ်ကြောင်း တရားရေးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အထူးသဖြင့် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် Abu Ghaith သည် ဘင်လာဒင်နှင့် ဇာဝါဟီရီတို့နှင့်အတူ ထွက်ပေါ်ခဲ့ပြီး အမေရိကန်ကို သတိပေးစကားပြောခဲ့ကြောင်း တရားရုံးမှတ်တမ်းများအရ သိရှိရသည်။ ဘင်လာဒင်၏ပြော ကြားမှုများကို ပြန်လည်ပြောကြားသည့် ဗီဒီယိုများစွာတွင် ပါဝင်ခဲ့သည်ဟု FBI လက်ထောက်ညွှန်ကြားရေးမှူးချုပ် George Venizelos က ပြောကြားခဲ့သည်။
Abu Ghaith ၏ ရုံးတင်စစ်ဆေးမှုမှာ အယ်လ်ကေးဒါး အကြီးတန်း
ခေါင်းဆောင် တစ်ဦးကို အမေရိကန်တွင် ပထမဆုံး ရုံးတင်စစ်ဆေးနိုင်မှု
ဖြစ်လာမည်ဖြစ်သည်။
ဓာတ်ပုံ - ဒူဘိုင်းအခြေစိုက် MBC ရုပ်သံက ၂၀၀၂ ခုနှစ်၊ ဧပြီ ၁၇ တွင် ထုတ်လွှင့်ခဲ့သော ဗီဒီယို၌ Abu Ghaith ကို တွေ့ရစဉ်
Ref:CNN/BBC
Eleven Media Group
ဓာတ်ပုံ - ဒူဘိုင်းအခြေစိုက် MBC ရုပ်သံက ၂၀၀၂ ခုနှစ်၊ ဧပြီ ၁၇ တွင် ထုတ်လွှင့်ခဲ့သော ဗီဒီယို၌ Abu Ghaith ကို တွေ့ရစဉ်
Sunday, March 10, 2013
အိုစမာဘင်လာဒင်၏ သမက်ဖြစ်သူ Suleiman Abu Ghaith ကို အမေရိကန် နိုင်ငံသားများအား သတ်ရန်ကြိုးပမ်းမှု စွဲချက်များဖြင့် နယူးယောက်၌ မတ် ၈ ရက်တွင် ရုံးတင်စစ်ဆေးခဲ့ရာ ယင်းစွဲချက်များကို ကျူးလွန်ခဲ့ခြင်းမရှိဟု ၎င်းက ထွက်ဆိုခဲ့သည်။
နာမည်ကျော်အမှတ်တံဆိပ်အမည်များ၏ မူလဇစ်မြစ်များ
နာမည်ကျော်အမှတ်တံဆိပ်အမည်များ၏ မူလဇစ်မြစ်များ
----------------------------------------------------------------
APPLE
>>> စတင်တည်ထောင်ခဲ့တဲ့ Steve Jobs ရဲ့ အကြိုက်ဆုံးသီးနှံကတော့ ပန်းသီးဖြစ်ပါတယ်... သူဟာသူ့ကုမ္ပဏီကို အမည်စာရင်းတင်သွင်းဖို့ သုံးလနောက်ကျခဲ့ပါတယ်... အဲ့ဒီနေ့ညနေ ၅ နာရီအချိန်ကျမှ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ ပိုကောင်းတဲ့နာမည်တစ်ခုခုကို အကြံမပြုနိုင်ခဲ့ရင် သူ့ကုမ္ပဏီကို Apple Computers လို့အမည်ပေးဖို့ အရေးပေါ်ဆုံးဖြတ်လိုက်ပါတယ်....
MERCEDES
>>> ဒီနာမည်ဟာ တကယ်တော့ ကုမ္ပဏီပိုင်ရှင်ရဲ့ သမီးနာမည်ဖြစ်ပါတယ်...
ADOBE
>>> စတင်တည်ထောင်သူ John Warnock ရဲ့ အိမ်အနောက်ဖက်မှာ စီးဆင်းနေတဲ့ Adobe ဆိုတဲ့ မြစ်နာမည်ကို အစွဲပြုပေးထားတာဖြစ်ပါတယ်...
CISCO
>>> လူအများယုံကြည်လက်ခံထားသလို စာလုံးတွေရဲ့ရှေ့ဆုံးအက္ခရာတွေစုစည်းထားတဲ့ နာမည်မဟုတ်ပါဘူး... San Francisco ရဲ့ အတိုကောက်နာမည်ကိုယူထားတာဖြစ်ပါတယ်...
COMPAQ
>>> စတင်တည်ထောင်စဉ်တုန်းက Gateway Technology လို့ ယာယီနာမည်ပေးခဲ့ကြပေမဲ့ နောက်ပိုင်းမှာ Compaq လို့ပေးခဲ့ကြပါတယ်... Compatibility and Quality ကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်... ဒါပေမဲ့ ဒီနာမည်ရဲ့ဖွင့်ဆိုချက်တွေကတော့ နောက်မှပြန်လည်ဖွင့်ဆိုထားတာဖြစ်ပြီး နာမည်ပေးစဉ်ကတော့ ကွန်ပျူတာတွေကိုရည်ညွန်းတဲ့ COM နဲ့ စုစည်းတည်ဆောက်ထားတဲ့ပစ္စည်းငယ်တစ်ခုကိုဖော်ညွှန်းတဲ့ PAQ တို့ပေါင်းစပ်ထားတဲ့နာမည်ဖြစ်တယ်လို့သိရပါတယ်...
COREL
>>> ဒီနာမည်ကတော့ စတင်တည်ထောင်သူ Dr. Michael Cowpland ရဲ့ နာမည်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်... အပြည့်အစုံကတော့ COwpland REsearch Laboratory ကနေ အက္ခရာအကြီးနဲ့ ဖော်ပြထားတာတွေကို ယူလိုက်တာပါ...
GOOGLE
>>> Search Engine ကနေ သတင်းအချက်အလက်ဘယ်လောက်ရှာနိုင်မလဲဆိုတဲ့ ပမာဏကို ဟာသလုပ်ပြောရာကနေ ဒီနာမည်ဖြစ်လာတာပါ... မူလပေးထားတဲ့နာမည်က Googol ဖြစ်ပါတယ်... အဓိပ္ပာယ်ကတော့ တစ်နောက်က သုညအလုံး ၁၀၀ လိုက်တဲ့ကိန်းရဲ့ တန်ဖိုးကိုဖော်ပြတဲ့ သင်္ချာ ဝေါဟာရစကားလုံးဖြစ်ပါတယ်... စတင်တည်ထောင်သူတွေဖြစ်တဲ့ Sergey Brin နဲ့ Larry Page တို့ဟာ သူတို့ရဲ့ project ကို ရင်းနှီးမြှုပ်နှံသူတစ်ဦးဆီ ပြသခဲ့ပြီးတဲ့နောက်မှာ သူတို့ဟာ Google ဆိုတဲ့ နာမည်နဲ့ ချက်လက်မှတ်တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်... အဲ့ဒီနာမည်ကိုပဲ ဆက်လက်သုံးစွဲရာကနေ့ ဒီကနေ့ Google ဖြစ်လာခဲ့တာပါပဲ...
HOTMAIL
>>> စတင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ Jack Smith က ကမ္ဘာရဲ့ဘယ်နေရာမှာရှိတဲ့ ကွန်ပျူတာတစ်လုံးကနေမဆို ကွန်ရက်ကိုဖြတ်ပြီး အီးမေးလ်ပို့နိုင်တဲ့ idea ကို ရရှိခဲ့ပါတယ်... နောက်တစ်ဦးဖြစ်တဲ့ Sabeer Bhatia က မေးလ်ဝန်ဆောင်မှုအတွက် စီးပွားရေးစီမံချက်ပြုလုပ်လာချိန်မှာ mail ဆိုတဲ့ အဆုံးသတ်စာလုံးပါတဲ့ နာမည်အမျိုးမျိုးကို သုံးကြည့်ပါတယ်... နောက်ဆုံးတော့ hotmail ဆိုတဲ့နာမည်ကို အတည်ယူဖြစ်သွားပါတယ်... web page တွေရေးဖို့အသုံးပြုတဲ့ html language ကို ကိုယ်စားပြုတဲ့စာလုံးတွေ အကုန်လုံးပါဝင်တဲ့အတွက် ရွေးချယ်လိုက်တာလို့လည်းသိရပါတယ်... အစောပိုင်း hotmail တွေကို HoTMaiL ဆိုပြီး စာလုံးအကြီးတွေနဲ့ ပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်...
HEWLETT PACKARD
>>> Bill Hewlett နဲ့ Dave Packard တို့နှစ်ဦးဟာ ခေါင်းပန်းလှန်ပြီး သူတို့တည်ထောင်ခဲ့တဲ့ကုမ္ပဏီကို Hewlett-Packard လို့ပေးမလား ဒါမှမဟုတ် Packard-Hewlett လို့ပေးမလားဆိုတာ ဆုံးဖြတ်ခဲ့ကြပါတယ်....
INTEL
>>> Bob Noyce နဲ့ Gordon Moore တို့ဟာ သူတို့ရဲ့ ကုမ္ပဏီအသစ်ကို Moore Noyce လို့ နာမည်ပေးချင်ခဲ့ပါတယ်... ဒါပေမဲ့ အဲ့ဒီနာမည်ဟာ ဟိုတယ်လုပ်ငန်းနာမည်တစ်ခုအဖြစ် ရှိနေပြီးဖြစ်တဲ့အတွက် INTegrated ELectronics ရဲ့ ရှေ့စာလုံးတွေကိုယူပြီး Intel လို့ နာမည်ပေးခဲ့ပါတယ်...
----------------------------------------------------------------
Ref: Amazing Facts
 Credit to >> နှိုင်းရင့်နွေ
APPLE
>>> စတင်တည်ထောင်ခဲ့တဲ့ Steve Jobs ရဲ့ အကြိုက်ဆုံးသီးနှံကတော့ ပန်းသီးဖြစ်ပါတယ်... သူဟာသူ့ကုမ္ပဏီကို အမည်စာရင်းတင်သွင်းဖို့ သုံးလနောက်ကျခဲ့ပါတယ်... အဲ့ဒီနေ့ညနေ ၅ နာရီအချိန်ကျမှ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ ပိုကောင်းတဲ့နာမည်တစ်ခုခုကို အကြံမပြုနိုင်ခဲ့ရင် သူ့ကုမ္ပဏီကို Apple Computers လို့အမည်ပေးဖို့ အရေးပေါ်ဆုံးဖြတ်လိုက်ပါတယ်....
ဟင်္သာတမြို့ပေါ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်
ဟင်္သာတ၊ မတ် ၁၀။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ပေါ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုဖြစ်စဉ်များ ဆက်တိုက်ဆိုသလိုပင် ဖြစ်ပေါ်နေကြောင်း သိရသည်။ မြို့ပေါ်တွင်ပင် (၃) လအတွင်း ရပ်ကွက် (၄) ရပ်ကွက်မှ လိုင်စင်ဆိုင်ကယ် (၇)စီး ပျောက်ဆုံးခဲ့ကြောင်း မြို့နယ်ရဲစခန်းမှ စုံစမ်းသိရိရသည်။
တရုတ်နယ်စပ် မူစယ်၊ နမ့်ခမ်းတွင် ကျပ်ငါးထောင်တန်ငွေစက္ကူ အတုများ ပျံ့နှံ့နေ
မတ် ၁၀ ရက်၊ ၂၀၁၃
သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် ယခု တစ်ပတ်အတွင်း ကျပ်ငါးထောင်တန်ငွေစက္ကူ အတုများ နေရာတိုင်း ပျံ့နှံ့နေကြောင်း စုံစမ်းသိရှိရသည်။
အို… ဖုန်းမော် (ကဗျာ)
အို… ဖုန်းမော်
အို…သားငယ်ဖုန်းမော်၊ မောင်ဖုန်းမော်။
မင်းဟာ၊ မင်းလေးဟာ ဒို့ရဲဘော်၊
သွေးအိုင်ထဲလဲခဲ့ရှာတဲ့ ရဲဘော်၊
လူ့အခွင့်အရေးအတွက်
အသက်ပေးခဲ့တဲ့ရဲဘော်။
ဒို့မျှော်လင့် ဒို့အားထား
ဒို့သား ဒို့ညီ၊ ဒို့မောင်ငယ်
ဒို့တူ၊ ဒို့သားအရွယ်
ဥာဏ်ကောင်းတုန်းအရွယ်၊ အကြံကောင်းတုန်းအရွယ်
မာန်ကောင်းတုန်းအရွယ်၊ ဟန် ကောင်းတုန်းအရွယ်
သန်တုန်း မြန်တုန်းအရွယ်၊ အရွယ်ကောင်းတုန်း
ပန်းကောင်း အညွန့်ချိုး
ချိုးခဲ့ပါတယ်၊ သြော်…ကျိုးခဲ့ရှာပါတယ်။
မင်းဟာ…မင်းလေးဟာ
ဒို့တူ ဒို့သား ဒို့ညီဘွားပေါ့
သူတို့တူ၊ သူတို့သား
သူတို့ညီဘွားဆိုရင်
ဒီလိုပစ်ပါ့မလား၊ ဒီလိုဖြစ်ပါ့မလား
သားကောင်အမှတ် ရန်သူအမှတ်
သေနတ်နဲ့ပစ်မှာလား။
ပစ်ရက်မှာလား၊ ပစ်ရက်ပါ့မလားဟင်…လို့
မေးလိုက်စမ်းချင်တယ်။
သားချင်းစာနာ၊ တူချင်းစာနာ၊ ညီချင်းစာနာ
သြော်… ကိုယ်ချင်းစာနာပါအုံးတော့လား၊
ဒါလားဟေ့ ဒါလားဗုဒ္ဓဘာသာ၊ ဘုရားဒကာ
ဗမာလူယဉ်ကျေးလို့
မေးလိုက်စမ်းချင်လှပါတယ်။
ကျောင်းသားလေးတွေပါ
ကလေးတွေ သက်သက်
လက်နက်ဆို အပ်တိုတောင်ဆောင်မထားပါဘဲ၊
နိုင်ငံခြားသား ယိုးဒယား တရုတ်
ကျူးကျော်သူလည်း မဟုတ်ပါဘဲ၊
သူခိုးဓားပြ၊ တန္တမုဒိန်း၊
ထိန်းမနိုင် သိမ်းမရ၊ လောကရန်သူ
လူဆိုတွေလည်း မဟုတ်ပါဘဲ၊
သူပုန်သူကန်၊ မှုဆန်အန်တု၊
မလ္လင်လု၊ ရန်ပြုသူလည်းမဟုတ်ပါဘဲ။
မတရားလို့
မတရားတာကို၊ မတရားကြောင်း
မှားလို့ မှားတာကို
မှားတဲ့အကြောင်း
သားကောင်းတို့ထုံးစံ၊ အမုန်းအခံမပါပဲ၊
အမှန်တရား၊ အမှန်စကားကို
အမှန်သမားတွေနဲ့အတူ
လူလိုသူလိုပြောတာကို လူလိုသူလိုမဆက်ဆံ
အဖက်မတန်သလို၊ တဖက်ရန်အလား
ပွက်ပွက်ညံ ဘ၀ဂ်ကိုဆန်လို့
ကျည်ဆန်တွေနဲ့တုံ့ပြန်တယ်။
မလိုချင်လို့ မလိုချင်တာကို
မလိုချင်ဘူးလို့ ပြောရုံနဲ့….
လိုချင်လို့ လိုချင်တာကို
လိုချင်တယ်ဟေ့၊ လိုချင်တယ်ပြောရုံနဲ့…
ပြောသူပါးစပ်ကို သေနတ်နဲ့ပိတ်တာ
စစ်စိတ် စစ်မာန်၊ စစ်တပ်ရဲ့တာဝန်လား။
ပြည်သူ့ငွေ ပြည်သူ့အားနဲ့
ပြည်သူတွေခင်းထားတဲ့၊ ပြည်သူလမ်းများပေါ်မှာ
ပြည်သူပြည်သားတွေ၊ မလာမသွားရအောင်တားရမှာ
စစ်ဗိုလ်စစ်သား စစ်ဝတ္တရားက ဒါပဲလား။
စီတန်းလမ်းလျှောက်သူအပေါင်းဟာ
ကျောင်းသားမှ ကျောင်းသားစစ်စစ်
ကလေးတွေဖြစ်ရက်နဲ့
အပြစ်မရှိ အပြစ်ရှာခဲ့၊
အပြစ်အနာရှိပါတယ် ဆိုပါအုံး၊
ဟဲ့…ငဖုန်းမော်လို့ ရုံးတော်ကိုခေါ်ဆောင်
နောင်ကြည်အောင်၊ ထောင်ဒဏ်ကြိမ်ဒဏ်
ငွေဒဏ်တွေနဲ့၊ ဒဏ်ခတ်ဆုံးမ
ညွန်ပြသွန်သင်
စစ်တပ်ရဲ့တရားအစဉ်ကို အမှားမထင်ဖို့
နားဝင်အောင်ညွန်ပြပေါ့။
ခုတော့… မောဟမြေကြမ်းမှာ၊ လောဘခြေလှမ်းနဲ့
ဒေါသရှေ့တန်းတင်
မြင်မြင်ကရာကိုပစ်
ပြဿနာအထွေထွေကို သေနတ်မှာအဖြေရှာတော့
သွေးဆာတဲ့ သမိုင်း
ကမ္ဘာတွင်အောင်၊ ရာဇ၀င်ရိုင်းခဲ့ပြီ။
ဒါလား ဗုဒ္ဓဘာသာ…၊ ဒါလားဟေ့ ဓမ္မရာဇာ
စေတီတကာမှာ ငြင်းဆင်၊ ထီးတင်ကြ ထုံးသုတ်ကြ
လမ်းထီးလမ်းမတွေ ဘယ်ညာဖောက်
ကဏ္ဍားတွေထောက်၊ တံတားတွေဆောက်
အမြောက်တင်ကားမှာ ဗျောက်ဆင်တဲ့ခါးနဲ့
ဘုရားတကာ ဗိုလ်တစု၊ ဗိုလ်ရှုခံ ခရီးထွက်မတဲ့
ရုတ်တရက် ဘားခနဲ ကားရှေ့မှာသခင်အောင်ဆန်း
ရင်ဘောင်တန်းတာက ဗိုလ်အောင်ကျော်
ဖုန်းမော်ရဲ့အလောင်းကိုပိုက်ပြီး
ငမိုက်သားတွေကို မမိုက်မှားစေအောင် ကိုယ်ထင်ပြ
ဆုံးမမယ်ဆိုရင်
ဘာဖြစ်မယ်ထင်သလဲ…?၊ ဘာလုပ်မယ်ထင်သလဲ…?
ငရဲသား စစ်ဗိုလ်အပေါင်းက
ကောင်းဘွိုင်လက်၊ ဖက်ဆစ်လက်၊ လျှတ်ပြက်နဲ့
ခါးထက်က ဗျောက်တွေထုတ်၊ လူသတ်ပွဲလုပ်မှာပါပဲ
ငရဲသားဆိုတာ၊ ငရဲလားမှာကြောက်ပါ့မလား
နောက်ကျမှ မြေမျို၊ ခုလိုချင်တာ အာဏာ
အာဏာမှာ ဦးနှောက်မပါပေဘူး၊
ဒါပေမယ့်…
ဒါပေမယ့် ရဲဘော်တို့
ဒင်းတို့သတ်လည်း သတ်လို့မသေ ဖုန်းမော်တွေ
စိန်ပန်းမြေမှာ စိန်တံတိုင်းမှာ
စိန်သမိုင်းဖြစ်လို့နေပါပြီ။
အောင်ဆန်းလည်း ကမ္ဘာမသေ
အောင်ကျော်လည်း ကမ္ဘာမကြေ
ခွပ်ဒေါင်းရဲဘော် ဖုန်းမော်လည်း မသေ
ပြည်သူတွေရဲ့ ရင်ခွင်ကြားက
သမိုင်းဖြစ် လူသားကို
ဓားနဲ့ထိုး ဓားကျိုးလို့လှံခွေ
သေနတ်တွေ ယမ်းမကူး၊ ထပ်ဦးက အာဇာနည်ထုံးနဲ့
ဖုန်းမော်တို့မသေ၊
ဖုန်းမော်တွေ၊ ဖုန်းမော်တွေ၊
ဖုန်းမော်တွေဆယ်ဆတိုးပြီး
ဘိုးဘိုးအောင် ၀လုံးလို
ဖုန်းမော်တွေ အထောင်အသောင်းနဲ့
ဒို့ကျောင်းသားပြည်သူအပေါင်းတို့
ဒို့နိုင်ငံ လွတ်စေကြောင်းနဲ့
လူ့အခွင့်အရေးတွေ ပေးဟေ့ပေး…
ဒီမိုကရေစီ အခွင့်အရေး ပေးဟေ့ပေး…
ပေးဟေ့ပေး၊ ပေးဟေ့ပေးလို့တောင်းကြ
သွေးစည်းမယ် မဖည်မစောင်းစေနဲ့
ဟေ့-ခွပ်ဒေါင်းသံ လွှင့်
ခွပ်ဒေါင်းအလံ မြှင့်၊
မောင်စွမ်းရည်
မတ်လ ၁၂၊ ၂၀၀၆
အို…သားငယ်ဖုန်းမော်၊ မောင်ဖုန်းမော်။
မင်းဟာ၊ မင်းလေးဟာ ဒို့ရဲဘော်၊
သွေးအိုင်ထဲလဲခဲ့ရှာတဲ့ ရဲဘော်၊
လူ့အခွင့်အရေးအတွက်
အသက်ပေးခဲ့တဲ့ရဲဘော်။
မတူကွဲပြားမှု အခြေခံ ညီညွတ်ရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဒီမိုကရေစီ ဆိုသည်မှာ မတူကွဲပြားမှုအား လက်ခံမှုအပေါ်အခြေခံပြီး ညီညွတ်ရေးအတွက် လက်တွဲဆောင်ရွက် သွားကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ အဆောက်အအုံတွင် ကျင်းပသော နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့တွင် ပြောကြားလိုက်သည်။
၈၈မျိုးဆက်တွေရဲ့ ချင်းပြည်နယ် ခရီးစဉ်မှာ နှောင့်ယှက်မှုတွေရှိနေ
ချင်းပြည်နယ်မှာ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ရောက်နေကြတဲ့ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ဟောပြောပွဲ တစ်ချို့ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ပိတ်ပင်တားဆီးတာတွေ ရှိခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက မတ်လ ၉ ရက် ဒီကနေ့မှာ RFA ကို ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် သဘာပတိ၊ဗဟိုအလုပ်အမှုဆောင်နှင့် အရံဗဟိုအလုပ်မှုဆောင်များ ရွေးချယ်အတည်ပြု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့ဖြစ်သော မတ်လ ၁၀ ရက်နေ့တွင် သဘာပတိ ၇ ဦး ရွေးချယ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးနှင့် အရံဗဟိုအလုပ်မှုဆောင် ၅ ဦးအား အတည်ပြု ရွေးချယ်ခဲ့ကြောင်း သိရသည်။သဘာပတိ ၇ ဦးမှာ
၁။ ဦးတင်ဦး
ပါတီဝင်ဟောင်းတစ်ချို့ကို အဖွဲ့ဝင်အဖြစ် လက်မခံကြောင်း NLD ညီလာခံမှ ဆုံးဖြတ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှုတ်ထွက်သွားတဲ့ ပါတီဝင်ဟောင်းတစ်ချို့ကို လက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တယ်လို့ မတ်လ ၉ ရက်နေ့ ဒီကနေ့ ညနေမှာ ကျင်းပတဲ့ အန်အယ်လ်ဒီပါတီ ညီလာခံ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောလိုက်ပါတယ်။ အန်အယ်လ်ဒီပါတီဝင်ဟောင်းတွေဖြစ်တဲ့ ဒေါက်တာသန်းဝင်း၊ ဦးကြည်မြင့်၊ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ကို ပါတီဝင်အဖြစ် ပြန်လည်လက်မခံနိုင်ကြောင်း ညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့တယ်လို့ ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။
ပြည်လမ်းက တံတားဖြုကန်ဘောင် မှာ ကျောင်းသားတွေသွေးမြေကျခဲ့ရတဲ့ တံတားဖြုအရေးအခင်း
တံတားဖြူကနေ တံတားနီဖြစ်သွားတဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားသူများ ဝင်ဖတ်သွားကြပါ။ 
(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော မပျိုပျိုမေ အား အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်)။
၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက် နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့မှုများအကြောင်း အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့တယ်။ ရန်ကုန်တက္ကသိုလ်(ပင်မ)၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာစုရုံးကြပြီးမဆလအစိုးရ၏လုပ်ရပ်ကိုကန့်ကွက်ဆန္ဒပြကြတယ်။
ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြတယ်။ မွန်းလွဲ (၁) နာရီမှာ ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ် ဦးဘသန်းဟက် ကျောင်းသားများကို စကားပြောခဲ့ပါတယ်။ အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသူက ကျောင်းသားများရဲ့ လိုလားချက်ကို မေးမြန်းတဲ့အခါ ကျောင်းသားအုပ်ကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး .. ဒို့အရေး” လို့ သံပြိုင်ဖြေကြားခဲ့တယ်။ ဒုပါမောက္ခချုပ် ဦးဘသန်းဟက်လည်း ကျောင်းသားများရဲ့ စိတ်ကို နားလည်သွားပြီး တားမရတဲ့အဆုံး ကျောင်းဝင်းတွင်းက မထွက်ရင် ဘာမှ မဖြစ်စေရဘူးလို့လည်း အာမခံချက် ပေးခဲ့ပါသေးတယ်။
အဲ့ဒီနောက် ကျောင်းသားတွေလည်း တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြတယ်။ ကျောင်းဆောင်တွင်းမှာ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ကြတယ်။ ဆေးတက္ကသိုလ် ကျောင်းသားအချို့လည်း ပါဝင်လာကြတယ်။
ကျောင်းသားများထဲမှအလှည်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက်ကြရန် လှုံ့ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာတပြိုင်နက် ထောက်ခံခဲ့ကြတယ်။ ကျောင်းသားများအားလုံး စုစည်းကြပြီး ညီညွတ်စွာနဲ့ ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့ကြပါတယ်။
ပြည်လမ်းတလျှောက် ချီတက်ကြပြီး လှိုင်ကောလိပ်ကိုဝင်ပြီး သမိုင်းဝင်းတစ်ခုလုံးရှိ ကျောင်းသားအင်အားစုရန် ခရီးစဉ် ရေးဆွဲခဲ့ကြတယ်။ ပြည်လမ်းတခုလုံး ကျောင်းသားများနဲ့ ပြည့်နှက်နေပြီးအစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ ရန်ကုန်စက်မှုတက္ကသိုလ် ဆီသို့ ဦးတည်ပြီး ချီတက်ကြတာ အလွန်တက်ကြွဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။
အဓိပတိလမ်းမထိပ် ကျောင်းသားထုကြီးရဲ့ ရှေ့ဆုံးမှာတော့ ခေတ်အဆက်ဆက် ကျောင်းသားတော်လှန်ရေးတိုင်းမှာ အသုံးပြုခဲ့ကြသော ခွပ်ဒေါင်းအလံကြီးကို စတင် တင်လွှင့် ခဲ့ကြတယ်။ ကျောင်းသားများ ချီတက်ရာ ပြည်လမ်းတောက်လျှောက်တွင်အထက်တန်းကျောင်းသားများလည်း ကျောင်းဝတ်စုံများနဲ့ ၀င်ရောက်ပူးပေါင်း ပါဝင်လက်တွဲလာကြတယ်။ ကျောင်းသားအုပ်ကြီးလည်း တဖြည်းဖြည်းအင်အားကြီးမားလာခဲ့ပြီးအစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကိုညီညွတ်စွာ သံပြိုင်ကြွေးကြော်လာကြတယ်။
ကျောင်းသားအုပ်ကြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့်တံတားဖြူကန်ဘောင်ကို ကျော်လိုက်တာနဲ့ ရုတ်တရက် ကျောင်းသားထုကြီး ရပ်တန့်သွားခဲ့တယ်။ တံတားဖြူကန်ဘောင် အကျော်မှာ သံဆူးကြိုးခွေများနဲ့ ပိတ်ဆို့ ကာရံထား တာကို တွေ့လိုက်ရတယ်။ 
စစ်သားမြောက်များစွာက ကျောင်းသားအုပ်ဆီကို သေနတ်များနဲ့ ချိန်ထားပြီး တိုက်ပွဲဝင် အသင့်အနေအထားနဲ့ စောင့်နေကြတယ်။ ဘရင်းကယ်ရီယာများကလည်းစစ်သားများနောက်ကနေ ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားတယ်။ ကျောင်းသားများ အားလုံး အမျိုးသားသီချင်းနဲ့ တပ်မတော်သီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးလိုက်ကြတယ်။
အဲ့ဒီ အချိန်မှာပဲ ကျောင်းသားအုပ်ရဲ့ နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ၀ိုင်းရံလိုက်ကြတယ်။ ကျောင်းသားများ အသက်ရှုရပ်မတတ် ရုတ်တရက် ကြက်သေသေသွားကြတယ်။ ပိတ်မိနေကြပြီ။ အရှေ့မှာ စစ်တပ်၊ အနောက်မှာ လုံထိန်းတပ်၊ ညာဘက်မှာ အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ ကာရံထားသော ခြံစည်းရိုးများ နဲ့ လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းထဲ သို့ အလိုလို ရောက်သွားရတယ်။
ထိုအချိန်မှာပဲ အမိန့်ပေးသံ ထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားအုပ်ထဲသို့ နံပါတ်တုတ်များ နဲ့ ၀င်ရိုက်ကြတော့တယ်။ နံပါတ်တုတ်များ နဲ့ ရိုက်သံက ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေရတယ်။ ကျောင်းသားများ ခြေဦးတည့်ရာကို ထွက်ပြေးကြတယ်။ ကန်ဘောင်ပေါ်တက်ပြေးကြတယ်။ အချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာကြတယ်။ လုံထိန်းများက မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ကြတယ်။
ပြည်လမ်းမပေါ်မှာ ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းနဲ့ အတုန်းအရုံး လဲကျကုန်ကြတယ်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြတယ်။ ကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်းသားတွေနောက်ကို လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်းသားကျောင်းသူတွေကို အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ကြတယ်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ တံတားဖြူ ကန်ဘောင်လည်း ကျောင်းသားကျောင်းသူဆို့ ရဲ့ သွေးတွေနဲ့  တံတားနီအဖြစ် ရောက်ခဲ့ရတယ်။
အဲ့ဒီနောက်အသင့်စောင့်နေသောလုံထိန်းကားများက မောင်းဝင်လာကာ လမ်းမတလျှောက်လဲကျနေသူ၊ဒဏ်ရာရသူနဲ့ သေဆုံးသူများကို ကားပေါ်ပစ်တင်လိုက်ကြတယ်။ဖမ်းဆီးမိတဲ့ ကျောင်းသားတွေကိုလည်း ကားပေါ်ဆွဲတင်သွားကြတယ်။ ကားတွေ မောင်းထွက်သွားတဲ့ အခါမှာတော့ မီးသတ်ကားတွေ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် အင်းလျားကန်ဘောင် နဲ့ တံတားဖြူ ကို ဆေးကြောသုတ်သင် လိုက်ကြပြန်တယ်။
ထိုသို့ ကျောင်းသားများအား ရိုက်နှက်သတ်ဖြတ်ရန်မှာ ကြိုတင်စီစဉ် အကွက်ချထားပြီး မြန်မာ့အသံ အဆောက်အဦးအတွင်းမှ အမိန့်ပေး ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ပေး ညွှန်ကြားခဲ့သူမှာ မဆလ အစိုးရ အရှင်သခင် ဦးနေ၀င်း၏ ညာလက်ရုံး ဦးစိန်လွင် ( စိန်လွင် ၆ တန်း တစ်ဇောက်ကန်း ဟု အမည်တွင်ခဲ့သူ) ဖြစ်တယ်။
တံတားဖြူ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး မတ်လ (၁၆) ရက်နေ့ ည (၁၂) နာရီ ခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါတယ်။ ကားပေါ်တွင် ပါလာသော လုံထိန်းမျာ:က မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ထားခဲ့တယ်လို့ မျက်မြင် သက်သေများက ပြောပါတယ်။ မိန်းကလေး (၃) ယောက်မှာ အောက်ပိုင်း တစ်ခုလုံး သွေးများနှင့် မြင်မကောင်းအောင် ဖြစ်နေရတယ်။ အသက်တော့ ရှိနေသေးတယ်။ သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေတဲ့ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ ကျောင်းသားအချို့က အနီးဆုံး လဘက်ရည်ဆိုင်ထဲ တိတ်တဆိတ် သယ်လာခဲ့တယ်။
မနက်မိုးလင်းတဲ့အထိ စောင့်ပြီး မနက် (၅) နာရီ လောက်မှာ ဆေးရုံကြီးကို ပို့ခဲ့ရတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း အခြားသော မတရားပြုကျင့်ခံရတဲ့ မိန်းကလေးများ ရောက်လာခဲ့တယ်လို့ သူနာပြုဆရာမ တစ်ယောက်က ပြောပြပါတယ်။ မိန်းကလေးတစ်ယောက်မှာ အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ ကျောင်းသားများ ထောင်နဲ့ ချီပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ စုဝေးခဲ့ကြပြီး၊ လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ကြတယ်။ အဲဒီနောက် အပန်းဖြေရိပ်သာအနီးမှာရှိတဲ့စင်မြင့်ပေါ်မှာ ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသားဖြစ်သော ကိုမင်းဇေယျာ (ယခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်)၊ ကိုမောင်မောင်ကျော် နှင့် မယုယုမော်တို့က ဟောပြောခဲ့ကြတယ်။
ကိုဖုန်းမော်၏ ဈာပနကို ကြံတောသုဿာန်တွင် မီးသင်္ဂြိုဟ်မှာဖြစ်လို့ ကျောင်းသား ထောင်ပေါင်းများစွာက ကြံတောသုဿာန်မှာ အကြာကြီး စောင့်နေခဲ့ကြတယ်။ ဒါပေမယ့် မွန်းလွဲ (၁) နာရီခန့်မှာ ကိုဖုန်းမော်အလောင်းကို တာမွေသင်္ချိုင်းမှာ မဆလအာဏာပိုင်တွေကတိတ်တဆိတ်သင်္ဂြိုဟ်လိုက်ကြတယ်။ ကျောင်းသားများ အကြီးအကျယ် ပေါက်ကွဲခဲ့ကြတယ်။
ကျောင်းသားများရန်ကုန်တက္ကသိုလ်ကျောင်းဝင်းတွင်းကို ပြန်လာသောအခါ ကျောင်းဝင်းတစ်ခုလုံးကို လုံထိန်းများ ထောင်နဲ့ချီပြီး ဘရင်းကယ်ရီယာများ နဲ့ ၀ိုင်းရံပိတ်ဆို့ထားတာ တွေ့လိုက်ရတယ်။ ဒုပါမောက္ခချုပ်ဦးဘသန်းဟက်ကမိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းဝင်းပြင်ကို မထွက်ပါက လုံခြုံပါတယ်လို့ ပြောခဲ့ပါတယ်။
ကျောင်းဝင်းကို ၀ိုင်းထားတဲ့ စစ်သားတွေ လုံထိန်းတွေက နေ့လည် (၂) နာရီလောက်မှာ ကျောင်းဝင်းထဲ သေနတ်များ နံပါတ်တုတ်များနဲ့ ကျောင်းဝင်းကို ၀င်စီးလိုက်ကြတယ်။ မျက်ရည်ယိုဗုံးတွေကို ကျောင်းသားအုပ်ထဲ ပစ်သွင်းကြတယ်။ အချုပ်ကားတွေလည်း ကျောင်းဝင်းထဲဝင်လာပြီး ကျောင်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ကျောင်းဆောင်တွေထိပါ ၀င်လာပြီး ကျောင်းသားတွေကို ထွက်ခိုင်းကာ အချုပ်ကားပေါ် တင်သွားကြတယ်။ အချုပ်ကားထဲကို ကျောင်းသားကျောင်းသူများ အဆမတန် တင်ဆောင်လာတဲ့အတွက် ကားထဲမှာ မွန်းကျပ်ပြီး သေဆုံးခဲ့တဲ့ ဒဏ်ရာရ ကျောင်းသားတွေလည်း ရှိခဲ့ပါတယ်။ ဖမ်းဆီခေါ်လာတဲ့ ကျောင်းသားတွေကို အင်းစိန်ထောင်ထဲ ပို့လိုက်ကြတယ်။
၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက်နေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂက ကိုဖုန်းမော် အရေးအခင်းနှင့် တံတားဖြူအရေးအခင်းအပြင် ဆက်စပ်နေသော ပြသနာများကို ဖြစ်ရပ်မှန်အတိုင်း ကြေညာပေးရန် မ.ဆ.လ အစိုးရကို တောင်းဆိုလိုက်တယ်။ အစိုးရက အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တစ်လအတွင်း အစီရင်ခံစာ တင်ပြရန် တာဝန် လွှဲပြောင်းပေးလိုက်တယ်။ (ဒီ မဆလအာဏာရှင်ရဲ့  အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ လိမ်ညာသောချက်အလက်များနဲ့  အစီရင်ခံစာထုတ်ပြန်ခဲ့တယ်)။
အဲဒီနောက် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများက မြို့ထဲသို့ ၀င်ရောက်ဆန္ဒပြရန်ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်းသားကျောင်းသူများက အုပ်စုလိုက် အစုငယ်လေးတွေ ကိုယ်စီနဲ့ ဆူးလေဘုရားမှာ မွန်းတည့် (၁၂) နာရီမှာ စုစည်းခဲ့ကြတယ်။ အဲဒီနောက် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆူးလေဘုရားကို ပတ်ပြီး စီတန်းလှည့်လည် ဆန္ဒပြကြတယ်။ နာရီအနည်းငယ် အတွင်း ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြလူအုပ်ကြီး ဖြစ်ခဲ့တယ်။
ဒီလိုနဲ့  ကျောင်းသူကျောင်းသားတွေဦးဆောင်တဲ့လှုပ်ရှားမှုကြီးဟာ
၁၉၈၈ခုနှစ်ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဆီကိုအရှိန်အဟုန်ပြင်းစွာနဲ့  အာဏာရှင်တွေရဲ့  ရက်စက်ကြမ်းကြုတ်မှုတွေကို ကြံ့ ကြံ့ ခံရင်း မဆလတစ်ပါတီစနစ်ကို ပျက်သုံးစေပြီး အာဏာရှင် နေ၀င်း ပြုတ်ကျတဲ့အထိ ဆောင်ရွက်နိုင်ခဲ့တယ်။
၁၉၈၈ခုနှစ်၊မတ်လကာလအတွင်းမှာ ပေးဆပ်ရင်းနှီးဆုံးရှုံးခဲ့ကြရတဲ့ ကျောင်းသူကျောင်းသားတွေရဲဘ၀တွေနဲ့ စိတ်ဓါတ်တွေကို လေးစားဂုဏ်ပြုကြရဖို့ ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်သလို၊မပြီးဆုံးသေးတဲ့အာဏာရှင်ဆန့် ကျင်တော်လှန်ရေးကိုလည်း နောင်တော် ကျောင်းသူကျောင်းသားကြီးများရဲ့  ၀ိညာဉ်တွေနဲ့အတူ ဆက်လက်ဆင်နွဲရင်း အမိမြန်မာပြည်ပေါ်မှာ အာဏာရှင်စနစ်ချူပ်ငြိမ်းပျောက်ကွယ်စေဖို့  စွမ်းစွမ်းတမာန် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
by niknayman blog- Sat/March/2009 At 4:49am
photo: တံတားနီနေ့ (သို့) တံတားဖြူ အရေးအခင်း – မတ်လ (၁၆) ရက်
photo: တံတားနီနေ့ (သို့) တံတားဖြူ အရေးအခင်း – မတ်လ (၁၆) ရက်
၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက် နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့မှုများအကြောင်း အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့တယ်။ ရန်ကုန်တက္ကသိုလ်(ပင်မ)၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာစုရုံးကြပြီးမဆလအစိုးရ၏လုပ်ရပ်ကိုကန့်ကွက်ဆန္ဒပြကြတယ်။ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြတယ်။ မွန်းလွဲ (၁) နာရီမှာ ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ် ဦးဘသန်းဟက် ကျောင်းသားများကို စကားပြောခဲ့ပါတယ်။
ထောင်ဝင်စာလာတွေ့ တဲ့ နိုင်/ကျဉ်း ရဲ့  တစ်ဦးတည်းသော သမီးလေးဆီကကြားလိုက်ရတဲ့ (ပြည်သူ့အသံ)
ကျွန်တော် နဲ့  တစ်နေကုန် ကစားခဲ့တဲ့
ထောင်ဝင်စာလာတွေ့ တဲ့ နိုင်/ကျဉ်း ရဲ့ တစ်ဦးတည်းသော သမီးလေး
သမီးနာမည် ယုယဖြိုး  လေးတန်းဖြေထားတယ်
အခု ကျောင်းပိတ်လို့  အဖေ့ကို လာတွေ့ တာ
အဖေက နိုင်ငံရေးမှု 
သမီး နှစ်တန်းတုံးက
မိသားစု ဒုက္ခရောက်မှာမို့ တဲ့ ဟုတ်တယ်လို့ ပြောလိုက်တယ်တဲ့
၁၅ သိန်းရလို့  ဗုံးခွဲတာလို့  ပြောလိုက်တယ်တဲ့
နောက်ပြီး နှိပ်စက်လို့  ချိန်းချောက်လို့ တဲ့
အမေ လဲ စက်ရုံက အလုပ်ပြုတ်သွားတယ်
အဖေက ထောင် ၁၁ နှစ်ကျတယ်
အမေပြောတာတော့ အိမ်မှာလာတောင်းသွားတဲ့ မှတ်ပုံတင်ကို ပေါက်ကွဲတဲ့နေရာမှာ တွေ့ တယ်ဆိုပြီး ထောင်ကျတာတဲ့
အခုလား သမီးတစ်ယောက်ထဲပဲ နေရတယ် 
အမေက အလုပ်သွားတယ်လေ...
သမီးနာမည် ယုယဖြိုး လေးတန်းဖြေထားတယ်။အခု ကျောင်းပိတ်လို့  အဖေ့ကို လာတွေ့ တာအဖေက နိုင်
ငံရေးမှု နေပြည်တော် မြို့ မဈေးအိမ်သာ ဗုံးကွဲလို့  အိမ်မှာလာဖမ်းသွားတာသမီး နှစ်တန်းတုံးက
မိသားစု ဒုက္ခရောက်မှာမို့ တဲ့ ဟုတ်တယ်လို့ ပြောလိုက်တယ်တဲ့။
လက်ပံတောင်းတောင်ပြန်ရရေး ပြည်သူတွေသွေးမြေကျရအုံးမှာလား ( (၉.၃.၁၃-ည၁၀နာရီဝန်းကျင်) သတင်း
Myanmar Forward · 
   ကြားဖြတ်သတင်း-လက်ပံတောင်းတောင်(၉.၃.၁၃-ည၁၀နာရီဝန်းကျင်)
    ဒေသခံပြည်သူတွေပြန်လည်သိမ်းယူထားတဲ့လိပ်ခွံ
    တောင်ကိုလုံထိန်းအင်အား၂၀၀ကျော်ဝိုင်းရံနေပါ
    တယ်ဒေသခံတွေကလည်းပြန်လည်ကာကွယ်ဖို့ 
    အတွက်အခုပြင်ဆင်နေတယ်လို့ လက်ပံတောင်း
    ရောက်သတင်းထောက်ကပေးပို့ ထားပါတယ်။
    Reference and Credit to -မကေခိုင်ကျော်
    News of Myanmar__________________________________________________________________________________________________________KO Han Win Aung
လက်ပန်တောင်းတောင်လိပ်ခွံတောင်သပိတ်စခန်းကိုဦးပိုင်ကုမ္ပဏီဝန်းထဲမှလုံထိန်းများထွက်လာပြီးအင်အား(၂၀၀)ခန့်ရှေ့တိုးပိတ်ဆို့လာလို့လယ်သမားတွေမီးဒုတ်တွေထွန်းလူစုနေရပြီ(၉-၃-၂၀၁၃)ည ၉ နာရီ
လယ်သမားများသတိဖြင့်ကာကွယ်ကြ
ဒေသခံပြည်သူတွေပြန်လည်သိမ်းယူထားတဲ့လိပ်ခွံ တောင်ကိုလုံထိန်းအင်အား၂၀၀ကျော်ဝိုင်းရံနေပါ
တယ်ဒေသခံတွေကလည်းပြန်လည်ကာကွယ်ဖို့ အတွက်အခုပြင်ဆင်နေတယ်လို့ လက်ပံတောင်း
ရောက်သတင်းထောက်ကပေးပို့ ထားပါတယ်။