Pages

Pages - Menu

Sunday, March 10, 2013

မတူကွဲပြားမှု အခြေခံ ညီညွတ်ရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဒီမိုကရေစီ ဆိုသည်မှာ မတူကွဲပြားမှုအား လက်ခံမှုအပေါ်အခြေခံပြီး ညီညွတ်ရေးအတွက် လက်တွဲဆောင်ရွက် သွားကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ အဆောက်အအုံတွင် ကျင်းပသော နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့တွင် ပြောကြားလိုက်သည်။ “နိုင်ငံရဲ့ အနာဂတ်အတွက် အတိတ်ကို သင်ခန်းစာယူရမယ့် အရာတခုအဖြစ် မြင်ပြီးတော့ အနာဂါတ်ကို တူတူလက်တွဲပြီးတော့ ချီတက်နိုင်မယ် ဆိုလို့ရှိရင် ကျမတို့ ပြည်သူပြည်သားများအတွက် အင်မတန်မှ အဆင်ပြေပါလိမ့်မယ်။ ကျမတို့ နိုင်ငံ ကျမတို့ မျှော်မှန်းတဲ့ ခိုင်မာညီညွတ် သာယာဝပြောတဲ့နိုင်ငံကြီးတခု ဖြစ်လာပါလိမ့်မယ်။
 နိုင်ငံ တနိုင်ငံက တကယ်တော့ ပြည်သူများနဲ့ ပေါင်းစည်းပြီးတော့ ဖွဲ့ထားတာပါ။ အဲဒီတော့ နိုင်ငံတနိုင်ငံရဲ့ အရည်အချင်း၊ နိုင်ငံ တနိုင်ငံရဲ့တန်ဖိုးက နောက်ဆုံးကျတော့ ပြည်သူတွေ တဦးချင်းစီ တဦးချင်းစီိရဲ့ တန်ဖိုးတွေ ပေါင်းစည်းခြင်းအားဖြင့် တဦးချင်းက နိုင်ငံပေါ် ထားတဲ့ မေတ္တာတရားနဲ့ တဦးပေါ် တဦး ဆက်ဆံမယ်ဆိုရင် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်သာ မဟုတ်ဘဲနဲ့ ကျမတို့ တနိုင်ငံလုံး အတွက် မျှော်လင့်စရာတွေ အများကြီးရှိတယ်လို့ ကျမယုံကြည်ပါတယ်။ တူညီတဲ့ ဒီမိုကရေစီ လိုလားတဲ့ စိတ်ဓာတ်အပေါ်မှာ အခြေခံပြီးတော့ လက်တွဲပြီးတော့ ဆောင်ရွက်သွားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် လက်ရှိ စာရင်းဇယားများအရ အဖွဲ့ဝင် အရေအတွက် ၁၃ သိန်းရှိနေပြီး ယခု ညီလာခံသို့ ပြည်နယ်/တိုင်းဒေသကြီးများမှ ညီလာခံကိုယ်စားလှယ် ၈၄၉ ဦး တက်ရောက်လျက် ရှိသည်။

ဧရာဝတီသတင်း
Rangonnewsdaily
10.3.2013

No comments:

Post a Comment