Pages
▼
Pages - Menu
▼
Tuesday, February 26, 2013
၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ညနေ ၆ နာရီကကျင်းပပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရိ ၂၆။
ယနေ့ ကျရောက်သော ၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် ညနေ ၆ နာရီ၌
ကျင်းပခဲ့သည်။အဆိုပါမွန်အမျိုးသားနေ့သို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်
တက်ရောက်ခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့်အခြားတာဝန်ရှိသူများ တက်ရောက်
ခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ
ရန်ကုန်၊ ဖေဖေါ်ဝါရီ- ၂၆ လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ်ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့်ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန်ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
အကြီးမားဆုံးမူးယစ်ဆေး ဖမ်းဆီးရမိမှုတစ်ခုတွင် အဖမ်းခံရသူ ၆ ဦးအနက်ဗိုလ်မှူးကြီးတစ်ဦးပါဝင်
February 26, 2013
တနင်္ဂနွေနေ့က ချန်ဒယ်ခရိုင်တွင် မြန်မာနိုင်ငံဖက်သို့တရားမဝင်ခိုးထုတ်မည့်
ရူပီးငွေ ၁၅ ကုဋေ တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည့်
ဗိုလ်မှူးကြီးတစ်ဦးနှင့် အခြားသူ ၅ ဦးတို့ကို မဏိပူရရဲတပ်ဖွဲ့ကလည်း
ဖမ်းဆီးခဲ့ပြီး ၎င်းပြည်နယ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရမိမှု တစ်ခုဖြစ်သည်ဟု
သိရှိရသည်။
မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော် စင်္ကာပူနိုင်ငံသို့ ဆေးကုသခံယူရန် ထွက်ခွာ
မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သည် စင်္ကာပူနိုင်ငံသို့ ဆေးကုသခံယူရန်ယနေ့ နံနက် က တံတားဦးလေ
ဆိပ်သို့ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊မစိုးရိမ်တိုက်သစ် တပည့်နာယကဆရာတော်
များ တပည့်ဒကာဒကာများ လိုက်ပါပို့ဆောင်ကြောင်းသိရသည် ။
လာမည့် ဘဏ္ဍာနှစ်အတွင်း ကျည်ကာကား ငါးစီးအပါအ၀င် နောက်ဆုံးပေါ်ကားများ ၀ယ်ယူရန် ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် လျာထား
Tuesday, 26 February 2013 ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျည်ကာကား(Bullet Proof) ငါးစီးအပါအ၀င် နောက်ဆုံးပေါ်ကားများ ၀ယ်ယူရန် ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ(မူကြမ်း)အရ သိရသည်။
ယနေ့ဖေဖော်ဝါရီ ၂၆ ရက်နေ့သည် သရုပ်ဆောင် အဆိုတော် မင်းမော်ကွန်းရဲ့ မွေးနေ့ ဖြစ်သည်
Photo by: Popular Myanmar |
ဖေဖော်ဝါရီ ၂၆ ရက်နေ့က သရုပ်ဆောင် အဆိုတော် မင်းမော်ကွန်းရဲ့ မွေးနေ့
ဖြစ်ပါတယ်။ ယနေ့ မွေးနေ
့မှစပြီး နောင်နှစ်ပေါင်း များစွာတိုင် ချစ်တဲ့
မိသားစု၊ ချစ်တဲ့ ပရိသတ်တွေနဲ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်
ပြီး
အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ Rangonnewsdaily ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ပြီး
အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ Rangonnewsdaily ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
"သူငယ်ချင်းမိတ်ဆွေနဲ့ မိတ်ဆုံစားပွဲ ကျင်းပခဲ့တဲ့ ဒေါ်မာမာအေး"
မြန်မာ့ဂီတလောကမှာ ကိုယ်ပိုင်ခေတ်တစ်ခေတ်ကို တည်ထောင် နိုင်ခဲ့သူလည်းဖြစ်၊
လူငယ်လူကြီး မရွေး၊ ဂီတချစ်သူ ပရိသတ်တွေထဲ မှာလည်း လူကြိုက်အများဆုံး
မြန်မာ သံအဆိုရှင်ဖြစ်သူ ဒေါ်မာမာအေး ဟာ ဂီတချစ်သူမိတ်ဆွေ၊ အပေါင်း အသင်း၊
ဂီတပရိသတ်တွေနဲ့ နှစ် အတော်ကြာကင်းကွာခဲ့ရာကနေ မြန်မာနိုင်ငံ ကို ပြန်လာ
ခွင့်ရတဲ့အခါ ဂီတမောင်နှမတွေနဲ့အတူ မြန်မာ့ဂီတ ပရိသတ်တွေအတွက် ‘ရသနှလုံး
သားပေးဆပ်သူ’ ဂီတဖျော်ဖြေပွဲ ကို ပြည်သူ့ရင်ပြင်မှာကျင်းပခဲ့ပါတယ်။

မော်တော်ယာဉ် ၃စီးဆင့်တိုက်ခံရကာမီးလောင်
ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်း မိုးမလင်းမီအချိန်တွင် သံသုမာလမ်းနှင့် ဘေလီထိပ် အလွန်တပ်တွင်းကား ၀ပ်ရှော့ ရှေ့တွင် ကျောက်မှုန့်တင်ကွန် တိန်နာတစ်စီးက အရှိန်ကို မထိန်းနိုင်ဘဲ တိုယိုတာယာဉ် အမှတ် လ/၂၆၀၈ကို တိုက်ပြီး နောက် ၀ပ်ရှော့ရှေ့တွင် ရပ်ထား သော မေတ္တာလှိုင်းခရီးသည်တင် ယာဉ်ကို ထပ်ဆင့်တိုက်ကာ ကွန် တိန်နာယာဉ်မှာ တုံးလုံးလဲကျ သွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးတွေ့ဆုံမည်
ရန်ကုန်၊ ဖေဖော်ဝါရီ- ၂၆
မြန်မာနိုင်ငံသို့ရောက်ရှိနေသော
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒတ်စမွန်တူးတူးသည် ဒေါ်အောင်ဆန်းစုကြည်
င့်
ယနေ့ညနေ ၃ နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် တွေ့ဆုံမည်ဖြစ်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ- ၂၆
မြန်မာနိုင်ငံသို့ရောက်ရှိနေသော
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒတ်စမွန်တူးတူးသည် ဒေါ်အောင်ဆန်းစုကြည်
င့်
ယနေ့ညနေ ၃ နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် တွေ့ဆုံမည်ဖြစ်သည်။
ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးကြောင့် ဆွဲဆောင်မှုအရှိဆုံးတွင် ဟုဂ်ျဂျက်မန်းဦးဆောင်
ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဘယ်လိုအကြောင်းတရားတွေ ရှိနေတာလဲ
“ဘကြီး နေကောင်းလား . ဘာတွေဖတ်နေတာတုန်း” လို့ မေးရာ
“အေး. အတော်ပဲကွာ. ဘကြီးလည်း တူမောင်ကို မေးချင်. သိချင်တာလေးတွေ ရှိနေတာနဲ့ အတော်ပဲ” ဟု ပြန်ပြောလိုက်ပါတယ်.