Pages

Pages - Menu

Tuesday, February 26, 2013

ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးကြောင့် ဆွဲဆောင်မှုအရှိဆုံးတွင် ဟုဂ်ျဂျက်မန်းဦးဆောင်

ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးကြောင့် ဆွဲဆောင်မှုအရှိဆုံးတွင် ဟုဂ်ျဂျက်မန်းဦးဆောင်

မျက်နှာပေါ်ရှိ အမွေးအမင်များကြောင့် ဆွဲဆောင်မှု အကောင်းဆုံး ဖြစ်နေသည့် နာမည်ကျော် အမျိုးသားများ စာရင်းတွင် ဟုဂ်ျဂျက်မန်းက ထိပ်ဆုံးနေရာမှ မဲပေး ရွေးချယ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။
X-Menဇာတ်ဆောင် မင်းသားသည် အော်စကာဆုပေးပွဲတွင် ၎င်းနှင့်အတူ ဆန်ခါတင်စာရင်း အဆင့်၌ ပါဝင်ခဲ့သည့် ဘရက်ဒ်လေ ကူးပါးကို ကျော်ဖြတ်ကာ ပရိသတ် မဲပေးသည့် ဆွဲဆောင်မှု အကောင်းဆုံး ဆုကို ရရှိခဲ့သည်။ Les Miserables ဇာတ်ဆောင် မင်းသားသည် ကူးပါးကို အကြိတ်အနယ် ယှဉ်ပြိုင် ကျော်ဖြတ်ကာ ဆွဲဆောင်မှု အရှိဆုံး မျက်နှာပေါ်မှ အမွေးအမင်များကို ပိုင်ဆိုင်သော နာမည်ကျော် အမျိုးသားအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု မဲပေးရွေးချယ်မှုကို စာနယ်ဇင်း အချို့က မုတ်ဆိတ်များ၏ တိုက်ပွဲဟု အရွှမ်းဖောက် ညွှန်းဆိုခဲ့ကြသေးသည်။ ယခုစစ်တမ်းကို ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ နာမည်ကျော် ဆံပင်စိုက် ကုထုံးစင်တာဖြစ်သည့် Crown Clinicက ကောက်ခံခဲ့ခြင်း ဖြစ်သည်။ ဂျက်မန်းနှင့် ကူးပါးတို့နောက်တွင် နာမည်ကျော် အင်္ဂလန် ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘက်ဟမ်းက တတိယ နေရာမှ ရပ်တည်နေသည်။ စတုတ္ထနှင့် ပဉ္စမ နေရာများတွင် ဟောလီးဝုဒ် အကျော်အမော် နှစ်ဦးဖြစ်သည့် ဂျော့ဂ်ျကလူနီးနှင့် ဘန်အက်ဖလက်တို့က အစဉ်လိုက် ရှိနေကြောင်းလည်း သိရသည်။

Crown Clinic၏ ဆံပင်ကျွတ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ အက်စ်မာ ရှာမာလက်က "ဂျက်မန်းက သူ့မျက်နှာပေါ်က အမွေးအမင်တွေနဲ့ သိပ်လိုက်ဖက်ပါတယ်။ သူ့မုတ်ဆိတ်တွေမှာ သူ့ရဲ့ ခန့်ညားမှုကို ပိုပေါ်လွင်နေစေတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ မုတ်ဆိတ်မွေးများကြောင့် ဆွဲဆောင်မှု အနည်းဆုံး စိတ်ပျက်ဖွယ် နာမည်ကျော် အမျိုးသားအဖြစ်မူ ဘရတ်ပစ်တ်က ထိပ်ဆုံးနေရာ ရခဲ့သည်။ အဆိုပါ မလိုလားဖွယ် ဂုဏ်ပုဒ်အတွက် ဒုတိယနေရာတွင် ယိုအာကွင်း ဖီးနစ်က ရပ်တည်နေကြောင်းလည်း သိရှိရသည်။

RND: 26.2.2013
Source: FemaleFirst

No comments:

Post a Comment