Pages

Pages - Menu

Tuesday, December 3, 2013

ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံရန် ကမ်းလှမ်းချက် သမ္မတငြင်းပယ်ခြင်း မဟုတ်ဟု သမ္မတပြောရေးဆိုခွင့် ရှိသူဆို

Photo: ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံရန် ကမ်းလှမ်းချက် သမ္မတငြင်းပယ်ခြင်း မဟုတ်ဟု သမ္မတပြောရေးဆိုခွင့် ရှိသူဆို
Tuesday, December 3, 2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ အပါအဝင် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန် ကမ်းလှမ်းချက်ကို နိုင်ငံတော်သမ္မတက ငြင်းပယ်ခြင်း မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရန် ကမ်းလှမ်းချက်ကို သမ္မတ ပြောရေးဆိုခွင့်ရှိသူက တွေ့ဆုံရန် မသင့်တော်ကြောင်း ပြောကြားခြင်းသည် ဒီမိုကရေစီ အရေးနှင့် ပြုပြင်ပြောင်းလဲရေးကို မလိုလားခြင်း ဖြစ်ကြောင်း NLD ပါတီက ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာချက်ကို ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“သမ္မတကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ငြင်းပယ်ခြင်း မဟုတ်ပါဘူး။ ညှိနှိုင်း ဆွေးနွေးဖို့ကို အလေးအနက် လက်ခံထားပြီးသားပါ။ လက်ရှိ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေမှုတွေကို ခြုံငုံ သုံးသပ်ပြီး ပြန်ကြားရခြင်းပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ အနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် တွေ့ဆုံလေ့ရှိပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စသည် ဥပဒေပြုရေး မဏ္ဍိုင်၏ လုပ်ပိုင်ခွင့်ဖြစ်သော ပြည်ထောင်စုလွှတ်တော်မှ အဆိုတင်သွင်း အတည်ပြုချက် ရယူသင့်သောကြောင့် လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို စောင့်ဆိုင်းရန် ပြောကြားခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းလင်းပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစိုးရက ပြောကြားချက်များသည် အချိန်ရွှေ့ဆိုင်းစေရန် ပြောကြားခြင်း ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးစေသောကြောင့် လက်မခံနိုင်ကြောင်း NLD ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန်အတွက် နိုင်ငံတော် သမ္မတရုံးသို့ နိုဝင်ဘာ ၂၃ ရက်တွင် မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

The Voice Weekly

RangonNewsDaily:: December . 3 .2013
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပ
ဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတအပါအဝင်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့
ဆုံရန် ကမ်းလှမ်းချက်ကို နိုင်ငံတော်သမ္မတက ငြင်းပယ်ခြင်း မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆို
ခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရန် ကမ်းလှမ်းချက်ကို သမ္မတ ပြောရေး
ဆိုခွင့်ရှိသူက တွေ့ဆုံရန် မသင့်တော်ကြောင်း ပြောကြားခြင်းသည် ဒီမိုကရေစီ အရေးနှင့် ပြုပြင်ပြောင်းလဲ
ရေးကို မလိုလားခြင်း ဖြစ်ကြောင်းNLD ပါတီကဒီဇင်ဘာလ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာချက်ကို ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“သမ္မတကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ငြင်းပယ်ခြင်း မဟုတ်ပါဘူး။ ညှိနှိုင်း ဆွေးနွေးဖို့ကို အလေးအနက် လက်ခံထားပြီးသားပါ။ လက်ရှိ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေမှုတွေကို ခြုံငုံ သုံးသပ်ပြီး ပြန်ကြားရခြင်းပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ အနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် တွေ့ဆုံလေ့ရှိပြီး အခြေခံဥပဒေ ပြင်ဆင်
ရေး ကိစ္စသည် ဥပဒေပြုရေး မဏ္ဍိုင်၏ လုပ်ပိုင်ခွင့်ဖြစ်သော ပြည်ထောင်စုလွှတ်တော်မှ အဆိုတင်သွင်း အ
တည်ပြုချက် ရယူသင့်သောကြောင့် လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို စောင့်ဆိုင်း
ရန် ပြောကြားခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းလင်းပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးတွင်အစိုးရက ပြောကြားချက်များသည်အချိန်ရွှေ့ဆိုင်းစေရန် ပြောကြားခြင်း ဖြစ်
ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးစေသောကြောင့် လက်မခံနိုင်
ကြောင်း NLD ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာ
ကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန်အတွက် နိုင်ငံတော် သမ္မတရုံးသို့ နိုဝင်ဘာ ၂၃ ရက်
တွင် မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment