RangonNewsDaily:: December . 18 .2013
သီပေါမြို့နယ်အတွင်း (၁၀)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲအား ပန်းတိမ်တောင်ရပ်ကွက်၊ အောင်
သီပေါမြို့နယ်အတွင်း (၁၀)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲအား ပန်းတိမ်တောင်ရပ်ကွက်၊ အောင်
မင်္ဂလာ ဘိုးတော်ကျောင်းတိုက်တွင် ဒီဇင်ဘာလ(၁၃)ရက်နေ့မှ စတင်ကာ (၁၇)ရက်နေ့အထိ (၅)ရက်တိုင်
စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရှိရသည်။
အဆိုပါပွဲသို့သီပေါမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ ဒေသခံများ
စည်ကားသိုက်မြိုက်စွာလာရောက်ကြ
ပြီး ကျေးရွာအလိုက် ယဉ်ကျေးမှုအကများဖြင့်
ဖျော်ဖြေခဲ့ ကြကြောင်းသိရှိရသည်။
"ပွဲရည်ရွယ်ချက်ကတော့ ဗုဒ္ဓစွယ်တော်ကို ပူဇော်ရင်း သာသနာထွန်းကားမှုကိုထိန်းသိမ်းဖို့၊ လူငယ်တွေ ဘာ
"ပွဲရည်ရွယ်ချက်ကတော့ ဗုဒ္ဓစွယ်တော်ကို ပူဇော်ရင်း သာသနာထွန်းကားမှုကိုထိန်းသိမ်းဖို့၊ လူငယ်တွေ ဘာ
သာရေးမှာ
စိတ်ပါဝင်စာစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ '' ဟု
ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေး
မှူးဦးမြသန်းမှ ပြောသည်။
သီပေါမြို့ အောင်မင်္ဂလာကျောင်းတိုက်အတွင်းရှိဗုဒ္ဓစွယ်တော်မှာ သီရိလင်္ကာနိုင်ငံမှ စွယ်တော်ပွားဖြစ်ပြီး
(၁၂၅၄)ခုနှစ်အုန်းဘောင်စော်ဘွား (၈၅)ဆက်မြောက် စော်ဘွားကြီး စ၀်ကြာခိုင် (ခေါ်)စ၀်ခွန်ကြာခိုင် သီဟို
သီပေါမြို့ အောင်မင်္ဂလာကျောင်းတိုက်အတွင်းရှိဗုဒ္ဓစွယ်တော်မှာ သီရိလင်္ကာနိုင်ငံမှ စွယ်တော်ပွားဖြစ်ပြီး
(၁၂၅၄)ခုနှစ်အုန်းဘောင်စော်ဘွား (၈၅)ဆက်မြောက် စော်ဘွားကြီး စ၀်ကြာခိုင် (ခေါ်)စ၀်ခွန်ကြာခိုင် သီဟို
ဠ် နိုင်ငံသို့ ရောက်ရှိစဉ်စွယ်တော်မြတ်အစစ်အားဖူးတွေ့ခဲ့ပြီးအများပြည်သူ ကြည်ညိုပူဇော်နိုင်ရန်စွယ်တော်
ပွားတစ်ဆူနှင့် ဓါတ်တော်များအား ဓမ္မလက်ဆောင်အဖြစ် တောင်းခံရာသီဟိုဠ်သာသာနာပိုင်ဆရာတော်ကြီး
များမှ ပေးအပ်၍ပင့်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းကြောင်းများအရ သိရှိရသည်။
"ပွဲကတော့ နှစ်တိုင်းလုပ်ပါတယ်။ ပွဲမလုပ်ခင်မှာ စွယ်တော်ကိုဒေသအတွင်းဒေသစာရီ ကြွချီတယ်၊ နှစ်စဉ်
"ပွဲကတော့ နှစ်တိုင်းလုပ်ပါတယ်။ ပွဲမလုပ်ခင်မှာ စွယ်တော်ကိုဒေသအတွင်းဒေသစာရီ ကြွချီတယ်၊ နှစ်စဉ်
နတ်တော်လဆန်း (၁)ရက်ကစပြီး
လှည့်လည်တယ်၊ပြီးရင် ဒီကျောင်းမှာပဲ လာဆုံကြတယ် '' ပွဲတာဝန်ခံများ
မှ ရှင်းပြသည်။
ပွဲအတွင်း ဒေသအသီးသီးမှ လာရောက်ရောင်းချသော ဈေးသည်များ၊ပွဲလာပရိသတ်များဖြင့် အထူးစည်ကား
ပွဲအတွင်း ဒေသအသီးသီးမှ လာရောက်ရောင်းချသော ဈေးသည်များ၊ပွဲလာပရိသတ်များဖြင့် အထူးစည်ကား
ခဲ့ပြီး ကျေးရွာအသီးသီးမှ
ယဉ်ကျေးမှုအဖွဲ့များ၊အကအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း
သိရှိ
ရသည်။
စိုင်းကံသာ(လားရှိုး)
The Myanma Age , kolatt(PBDN)
RangonNewsDaily
စိုင်းကံသာ(လားရှိုး)
The Myanma Age , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment