Pages

Pages - Menu

Monday, December 16, 2013

ရန်ကုန်နေ မွန်လူဦးရေ စာရင်းကောက်ခံမှု မတ်လမှ အပြီးသတ်နိုင်မည်

Photo: ရန်ကုန်နေ မွန်လူဦးရေ စာရင်းကောက်ခံမှု မတ်လမှ အပြီးသတ်နိုင်မည်
Sunday, December 15, 2013

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး တင်မြှောက်နိုင်ရန် ရည်ရွယ် လုပ်ဆောင်နေသော မွန်လူဦးရေ စာရင်း ကောက်ခံမှုကို ၂၀၁၄ ခုနှစ် မတ်လမှသာ အပြီးသတ်နိုင်မည် ဖြစ်ကြောင်း မွန်လူဦးရေ စာရင်း ကောက်ယူရေးအဖွဲ့မှ စီမံကိန်း ဒါရိုက်တာ ဦးနိုင်စိုးအောင်က The Voice သို့ ပြောကြားသည်။

မွန်လူဦးရေ စာရင်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်ကောက်ခံ ခဲ့သော်လည်း ရန်ပုံငွေ အခက်အခဲကြောင့် မတ်လမှသာ အပြီးသတ်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် မွန်လူဦးရေစာရင်း အပြီးသတ် ကောက်ခံမည်ဟု ရည်မှန်း ထားသော်လည်း စာရင်းကောက်ယူမှု ၃၀ ရာခိုင်နှုန်းသာ ပြီးစီးခဲ့ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“အခုထိတော့ (လူဦးရေ) သုံးသောင်းလောက် ကောက်ပြီးသွားပါပြီ။ ကြန့်ကြာနေတာကတော့ ရန်ပုံငွေ အခက်အခဲကြောင့် ပေါ့လေ။ အခု ရန်ပုံငွေက မူလလျာထားချက်ရဲ့ တစ်ဝက်လောက်ပဲ ရသေးတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မွန်လူဦးရေ စာရင်းကောက်ယူရေး အဖွဲ့မှ စီမံကိန်း ဒါရိုက်တာ နိုင်စိုးအောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်လူဦးရေ စာရင်းကောက်ခံရာတွင် စေတနာ့ ဝန်ထမ်း နည်းပါးခြင်းကြောင့် စာရင်း ကောက်ခံမှုကို မွန်လူမျိုးများ သိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့ကြောင်း ၎င်းက မွန်လူမျိုးစာရင်း ကောက်ခံရာတွင် ကြုံတွေ့ရသည့် အခက်အခဲကို ပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသား လူဦးရေ ကောက်ခံခြင်းကို မွန်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ ပြုလုပ်နေပြီး သတ်မှတ်ထားသည့် လူဦးရေ ပြည့်မီပါက ၂၀၁၅ ရွေးကောက်ပွဲ တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ရွေးကောက် တင်မြှောက်နိုင်ရန် ကောက်ခံနေခြင်း ဖြစ်သည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၁၆၁ (ခ) အရ ပြည်နယ်နှင့် တိုင်းများရှိ လူဦးရေ စုစုပေါင်း၏ ၀ ဒသမ ၁ ရာခိုင်နှုန်း ရှိပါက သက်ဆိုင်ရာ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတွင် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်ကို ရွေးကောက် တင်မြှောက် နိုင်သဖြင့် ရန်ကုန်မြို့တွင် လူဦးရေ စုစုပေါင်း ငါးသန်းကျော် ရှိ၍ မွန်လူဦးရေ ငါးသောင်းကျော် ရန်ကုန်မြို့တွင် နေထိုင်ပါက မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး တစ်ဦးကို ရွေးကောက် တင်မြှောက်နိုင်မည် ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: December . 15 .2013
၂၀၁၅ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး တင်မြှောက်နိုင်ရန် ရည်ရွယ် လုပ်ဆောင်နေ
သော မွန်လူဦးရေ စာရင်း ကောက်ခံမှုကို ၂၀၁၄ ခုနှစ် မတ်လမှသာ အပြီးသတ်နိုင်မည် ဖြစ်ကြောင်း မွန်
လူဦးရေ စာရင်း ကောက်ယူရေးအဖွဲ့မှ စီမံကိန်း ဒါရိုက်တာ ဦးနိုင်စိုးအောင်က The Voice သို့ ပြောကြား
သည်။ မွန်လူဦးရေ စာရင်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်ကောက်ခံ ခဲ့သော်လည်း ရန်ပုံငွေ အခက်အခဲကြောင့် မတ်လမှသာ အပြီးသတ်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် မွန်လူဦးရေစာရင်း အပြီးသတ် ကောက်ခံမည်ဟု ရည်မှန်း ထားသော်
လည်း စာရင်းကောက်ယူမှု ၃၀ ရာခိုင်နှုန်းသာ ပြီးစီးခဲ့ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“အခုထိတော့ (လူဦးရေ) သုံးသောင်းလောက် ကောက်ပြီးသွားပါပြီ။ ကြန့်ကြာနေတာကတော့ ရန်ပုံငွေ အ
ခက်အခဲကြောင့် ပေါ့လေ။ အခု ရန်ပုံငွေက မူလလျာထားချက်ရဲ့ တစ်ဝက်လောက်ပဲ ရသေးတယ်” ဟု ရန်
ကုန်တိုင်းဒေသကြီး မွန်လူဦးရေ စာရင်းကောက်ယူရေး အဖွဲ့မှ စီမံကိန်း ဒါရိုက်တာ နိုင်စိုးအောင်က ပြော
ကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမွန်လူဦးရေစာရင်းကောက်ခံရာတွင် စေတနာ့ ဝန်ထမ်း နည်းပါးခြင်းကြောင့်
စာရင်း ကောက်ခံမှုကို မွန်လူမျိုးများ သိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့ကြောင်း ၎င်းက မွန်လူမျိုးစာ
ရင်း ကောက်ခံရာတွင် ကြုံတွေ့ရသည့် အခက်အခဲကို ပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသား လူဦးရေ ကောက်ခံခြင်းကို မွန်တိုင်းရင်းသားများနှင့် ရှမ်းတိုင်း
ရင်းသားများ ပြုလုပ်နေပြီး သတ်မှတ်ထားသည့် လူဦးရေ ပြည့်မီပါက ၂၀၁၅ ရွေးကောက်ပွဲ တွင် တိုင်းရင်း
သားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးကောက် တင်မြှောက်နိုင်
ရန် ကောက်ခံနေခြင်း ဖြစ်သည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၁၆၁ (ခ) အရ ပြည်နယ်နှင့် တိုင်းများရှိ လူဦးရေ စုစုပေါင်း၏ ၀ ဒသမ ၁ ရာခိုင်နှုန်းရှိပါကသက်ဆိုင်ရာ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတွင် တိုင်းရင်းသားရေးရာ ကိုယ်
စားလှယ်ကို ရွေးကောက် တင်မြှောက် နိုင်သဖြင့် ရန်ကုန်မြို့တွင် လူဦးရေ စုစုပေါင်း ငါးသန်းကျော် ရှိ၍ မွန်
လူဦးရေ ငါးသောင်းကျော် ရန်ကုန်မြို့တွင် နေထိုင်ပါက မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး တစ်ဦးကို ရွေး
ကောက် တင်မြှောက်နိုင်မည် ဖြစ်သည်။

The Voice  ., kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment