RangonNewsDaily:: December . 9 .2013
၇-၁၂-၂၀၁၃ ရက်နေ့ ၀၈၀၀အချိန်မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သာယာအေးကျေးရွာလမ်း
၇-၁၂-၂၀၁၃ ရက်နေ့ ၀၈၀၀အချိန်မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သာယာအေးကျေးရွာလမ်း
ဆုံ၌
ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် သာယာအေးနှင့်
ဝါဖြူတောင်ရပ်ကွက်အုပ်ချုပ်ရေး
မှူးများနှင့်အတူ
ပိတ်ဆို့ရှာဖွေရေးဆောင်ရွက်နေစဉ် ရမည်းသင်းမြို့နေ
ခွန်ဦးမောင်းနှင်သောဆိုင်ကယ်အား ငှားရမ်းလာသူ ညောင်ရွှေမြို့နယ်၊
နယ်မြေ(၁၆)ကွမ်းဘုံရွာနေ အောင်ဇော်လတ်(၃၉)နှစ် လွယ်ထားသည့်
ကျောပိုးအိတ်အား
ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ စနက်တံပါ မီးရှို့ပေါက်ကွဲစေနိုင်သော
၁ဩ လက်မခန့်ရှိ ကက်(၂၉၀)ခု၊ ယမ်းစိမ်းမှုန့် (၁၅
)ကျပ်သားပါ ၁ ထုပ်၊
အဖြူရောင်ပိုတက်မှုန့်(၁၀)ကျပ်သားပါ ၁ ထုပ်၊ ခဲယမ်းမှုန့်(၁၀)ကျပ်သားခန့် ၃
ထုပ်၊ ခိုပျံ တံဆိပ်ပါ စနက်တံပါသည့်ကက်(၁၈၀)ခု၊ (၁)ပေပတ်လည်အရွယ်ရှိ
ယမ်းထုပ်စက္ကူ ၃ ရွက်၊
ဗျက် ဩ လက်မရှိ စက္ကူတိပ် ၆ ခွေနှင့် အရှည် ၁
ပေခန့်ရှိ ၀ါးချောင်းငယ်(၂၉၀)ချောင်းတို့အား ရှာဖွေတွေ့ရှိ
သိမ်းဆည်းရမိခဲ့သောကြောင့် အောင်ဇော်လတ်အား ရမည်းသင်းမြို့မရဲစခန်း
(ပ)၂၆၉/၂၀၁၃၊ ပေါက်ကွဲ
စေတတ်သောအရာဝတ္တုဆိုင်ရာဥပဒေပုဒ်မ ၅ ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည် , kolatt(PBDN)
RangonNewsDaily
ရဲဇာနည် , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment