Pages

Pages - Menu

Monday, December 23, 2013

အဖမ်းခံထားရသည့် မလေးရှားနှစ်ဦးအတွက် မလေးရှားအာဏာပိုင်များ မြန်မာနိုင်ငံသို့လာရောက်

RangonNewsDaily:: December . 23 .2013
ရခိုင်ပြည်နယ်ရှိ မြန်မာနိုင်ငံရေပိုင်နက်အတွင်းသို့ ငါးဖမ်းရင်း ကျုးကျော်ဝင်ရောက်လာမိခဲ့ရာမှ မြန်မာနိုင်ငံ

ရေတပ်သင်္ဘောများ၏ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသောမလေးရှားနိုင်ငံသားနှစ်ဦး ပြန်လည်လွတ်မြောက်
ရေးအတွက်ဆွေးနွေးရန် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိနှစ်ဦး မြန်မာနိုင်ငံသို့ ယနေ့ရောက်
ရှိကြောင်း မလေးရှားအခြေစိုက် Alor Star သတင်းဌာနက ဖော်ပြထားသည်။
မလေးရှားနိုင်ငံသားနှစ်ဦးဖြစ်သော အသက် (၁၉) နှစ်အရွယ်ရှိ အင်ရမ်အဇ်ဟာနှင့်၎င်း၏အစ်ကိုဖြစ်သူ အ
သက်(၂၆) နှစ်အရွယ်ရှိရာရှီဒီတို့သည် နိုဝင်ဘာ ၂၄ ရက်တွင်ရခိုင်ကမ်းလွန်ဒေသ၌ မြန်မာရေ တပ်သင်္ဘော
များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံသို့ရောက်လာသော မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာနမှ အရာရှိများအနေဖြင့် မြန်မာ
အာဏာ

ပိုင်များနှင့် တွေ့ဆုံခွင့်ရရန် သဘောတူညီမှုရရှိထားကြောင်းနှင့် ယခုလ ၂၃ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းခံ
ထားရသော မလေးရှားနိုင်ငံသားနှစ်ဦးနှင့် တွေ့ဆုံခွင့်ရ မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒါတက်ဟာမက်ဇ်က သတင်းထုတ်ပြန်ထားသည့်''မြန်မာအစိုးရအဖွဲ့ဟာ အစောပိုင်းက
တည်းက ဖမ်းဆီးခံထား ရတဲ့မလေးရှားနိုင်ငံသားနှစ်ဦးနဲ့သူတို့မိသားစုတွေကို ဆက်သွယ် ပြောဆိုခွင့်ပေးခဲ့
ပါတယ်။ 

သူတို့နှစ်ဦးဟာ တရားဝင်ကုန်တင်သင်္ဘော ပေါ်မှာအလုပ်လုပ်ရာကနေ အကြောင်းမလှဘဲတရားမဝင်ငါး
ဖမ်း သင်္ဘောပေါ်ကိုရောက်သွားရာကနေ အခုလိုအဖမ်းခံခဲ့ရပုံရပါတယ်။

ဒီကောင်လေးနှစ်ယောက်ဘေးကင်းကင်းနဲ့ ပြန်လွတ်လာဖို့မျှော်လင့်ပါ တယ်။ မြန်မာအစိုးရအဖွဲ့နဲ

့လဲ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်သွားမှာပါ'' ဟုဒါတက်ဟာမက်ဇ်ကပြောသည်။

နိုဝင်ဘာ ၂၈ ရက်တွင် မြန်မာသတင်းစာများက တရားမဝင် ငါးဖမ်းသင်္ဘောပေါ်မှတစ်ဆင့် မလေးရှားနိုင်ငံ

သားနှစ်ဦးအဖမ်းခံခဲ့ရကြောင်းရေးသားဖော်ပြခဲ့ကြသည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment