Pages

Pages - Menu

Monday, December 9, 2013

ဆီးဂိမ်းအားကစားပွဲ ဖျက်ဆီးလိုသူများ ရှိနေဟု ကြေညာချက်များကပ်ထား

RangonNewsDaily:: December . 9 .2013
၄၄ နှစ်ကြာပြီးမှသာ ပြန်လည်ကျင်းပခွင့်ရရှိသည့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်အဖျက်အမှောက်

လုပ်ငန်းများပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ KIA မှ ဗိုလ်အဆင့်ရှိ နှစ်ဦး နှင့်တပ်ကြပ်အဆင့်ရှိ
သူတစ်ဦးအား ရန်ကုန်မြို့နှင့် နေပြည်တော် ကောင်စီနယ်မြေ များသို့ စေလွှတ်ထားကြောင်း တွေ့ရှိပါက အ
ကြောင်းကြားပေးရန် ပါရှိသော ကြော်ငြာများ ကပ်ထားသည်ကို နေပြည်တော်ရှိစည်ပင်ဧည့်ရိပ်သာနှင့်ဈေး
များတွင် တွေ့ရသည်။
ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ကာ ယင်းသတင်းများသည်ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စများနှင့် ပက်သက်
၍ နေပြည်တော် ကောင်စီနယ်မြေတွင်ယခုအချိန်ထိသတင်းအတိအကျ မရရှိသေးကြောင်း နေပြည်တော်
ကောင်စီနယ်မြေ၏ ရဲမှူးကြီး ဦးကိုကိုအောင် က ယနေ့တွင်ပြောသည်။

“ဦး တို့အနေနဲ့ ရဲတရားဝင်သတင်းအရကတော့ ဘာမှမသိသေးဘူး ကောလဟာလ သတင်းဖြစ်မယ်ထင်

တယ်” ဟု ရဲမှူးကြီး ဦးကိုကိုအောင် ကဆိုသည်။

နေပြည်တော်ကောင်စီ နယ်မြေ နှင့် ရန်ကုန်မြို့များရှိ တည်းခိုရိပ်သာ အချို့တွင် (၂၇) ကြိမ်မြောက် အရှေ့

တောင်အာရှ အားကစားပြိုင်ပွဲ၌ အဖျက်အမှောက် လုပ်ငန်းများအား လုပ်ကိုင်မည့် သူ၏ ပုံစံအားစာသားဖြင့် 
ရေသားထား၍ ယင်းတို့အားတွေ့ရှိပါက ဆက်သွယ်ရန် ဖုန်းနံပါတ် များကိုလည်းရေးသားထားသည်။

“အဲလို စာသားတွေရေးသားထားတာကို တွေ့တွေ့ နေရတယ်။ ဒါပေမယ့် အဲဒါတွေနဲ့ပတ်သက်လို့ အတည်ပြု

ချက်တော့ မရရှိသေးဘူး” ဟု ပြည်ထဲရေးဝန်ကြီးဌာန မှ တာဝန်ရှိသူ အတွင်းရေးမှူး ကဆိုသည်။

နေပြည်တော်ရှိ တည်းခိုရိပ်သာ အချို့တွင် ယင်းစာများကပ်ထားခြင်းနှင့် ပတ်သက်၍ နေပြည်တော်ေ
ကာင်စီ

နယ်မြေစည်ပင်ဧည့်ရိပ်သာမှတာဝန်ကျ ဝန်ထမ်းတစ်ဦးက“ကျွန်တော်တို့ကတော့ဒီကိစ္စနဲပတ်သက်ပြီးတော့
ဘာမှမသိဘူး၊ လူကြီးတွေက ကပ်ခိုင်းလို့ကပ်ထားတာ” ဟု ၎င်းသိသမျှအားပြောပြသည်။

နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် အားကစားပြိုင်ပွဲများအတွက် လုံခြုံရေး ရာနှုန်းပြည့် ဆောင်ရွက်
ထားပြီး

အဆင့်သုံးဆင့်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှသိရသည်။

ွှ့The Myanma Age , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment