Pages

Pages - Menu

Saturday, December 21, 2013

ဗိုလ်လုပွဲများတွင် မြန်မာဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့၍ လက်ရှိကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲများသို့ ကြည့်ရှုသူ ပရိသတ် သိသာစွာလျော့ကျ

Photo: ဗိုလ်လုပွဲများတွင် မြန်မာဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့၍ လက်ရှိကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲများသို့ ကြည့်ရှုသူ ပရိသတ် သိသာစွာလျော့ကျ
Saturday, December 21, 2013

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဘောလုံးအားကစား ဗိုလ်လုပွဲတွင် မြန်မာအမျိုးသား ဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့သည့်အတွက် နေပြည်တော်တွင် ပြုလုပ်သော ဆီးဂိမ်းစ်အားကစား ပြိုင်ပွဲများသို့ လာရောက် ကြည့်ရှုသူ ပရိသတ်ဦးရေ သိသာစွာ လျော့ကျသွားခဲ့ကြောင်း သိရသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အားကစားနည်း အများစုကျင်းပရာ ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက်ရန် အသိအမှတ်ပြု ကတ်ပြားများကို ဂိတ်အမှတ် ၄ တွင်သာ ပြုလုပ်ပေးပြီး မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုအဆင့်မှ မထွက်ခင်ရက်များတွင် ပြိုင်ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် ကတ်ပြားများကို ပြုလုပ်သူဦးရေ များပြားခဲ့သည်။

''အရင်ရက်တွေက အားကစားပြိုင်ပွဲတွေကို လာကြည့်တဲ့ ပြည်သူတွေ ဦးရေများပြီး ၀င်ခွင့်ကတ်ပြား ရဖို့အတွက် တန်းစီစောင့်နေရတဲ့ သူတွေပါရှိတယ်။ ဒါပေမဲ့ မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုက ထွက်ခဲ့ပြီး နောက်ရက်တွေမှာတော့ ၀င်ခွင့်ကတ်တွေ လာလုပ်တဲ့ ပရိသတ် အတော်ကို နည်းသွားတယ်။ ၀င်ခွင့်ကတ်ပြား လာလုပ်တာလည်း သိပ်မရှိတော့ဘူး။ အရင်လုပ်ပြီးသား လူတွေလောက်ပဲ လာကြည့်တာ တွေ့ရတယ်။ တချို့ဒေသက လူတွေလာကြည့်တာ နည်းနည်းပါးပါးတော့ ရှိတယ်။ ဘုရားဖူး ခရီးစဉ်တွေသွားရင်း ဆီးဂိမ်းစ်ကို ၀င်ကြည့်ကြတာတွေလည်း ရှိတယ်'' ဟု ၀င်ခွင့်ကတ်ပြားများ ပြုလုပ်ပေးနေသည့် ဂိတ်အမှတ် ၄ မှ လုံခြုံရေး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးဂိမ်း အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက် ကြည့်ရူခွင့်ရရန် ၀င်ခွင့်ကတ်ပြားများကို တစ်ဦးလျှင် ကျပ် ၂၅၀၀ ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ပြီး ယင်းကတ်ပြားများသည် ပိတ်ပွဲအခမ်းအနားနှင့် ဘောလုံးပွဲများသို့ ၀င်ခွင့်မရှိကြောင်း သိရှိရသည်။
''အရင်ရက်တွေ တုန်းကဆို ၀င်ခွင့်ကတ်ပြားအတွက် တန်းစီးစောင့်နေတဲ့ လူတွေက အတန်းလိုက်ကြီးပါ။ ဒါပေမဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးဆုံးဖို့ နီးလာလေ့လာတဲ့ ပရိသတ်နည်းလာလေပဲ။ မြန်မာအမျိုးသား ဘောလုံးအသင်း ရှုံးတာလည်း ပါသလို ပြိုင်ပွဲကို လာဖို့အတွက် ဝေးတာလည်း ပါမယ်လို့ ထင်ပါတယ်'' ဟု ၀ဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်းရှေ့တွင် ဆီးဂိမ်းအထိမ်းအမှတ်တရ ပစ္စည်းများ ရောင်းချနေသူ တစ်ဦးက ဆိုသည်။

မြန်မာ အမျိုးသား ဘောလုံးအသင်းသည် အုပ်စုအဆင့် ပွဲစဉ်တွင် အင်ဒိုနီးရှား အမျိုးသား ဘောလုံးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး နေပြည်တော်တွင် ပြုလုပ်မည့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် လွဲချော်ခဲ့သည်။
''ကျွန်တော့် မိသားစုကို ဆီးဂိမ်းစ်ပြိုင်ပွဲ ရောက်ဖူးစေချင်လို့ ပို့တာပါ။ ဘောလုံးအသင်း ထွက်ပြီးတော့ နေ့တိုင်းလာမကြည့် ချင်တော့ဘူး။ ဗိုလ်လုပွဲကလည်း ကိုယ့်နိုင်ငံ အသင်းမှ မပါတော့တာ သွားမကြည့်ချင် တော့ဘူး။ ပိတ်ပွဲအခမ်းအနား ကြည့်ချင်ပေမယ့် ဘယ်မှာ ၀ယ်ရမှန်း မသိဘူး။ သိတဲ့လက်မှတ် ဈေးကလည်း သောင်းဂဏန်း အထက်တွေချည်းပဲ'' ဟု ဆီးဂိမ်းစ်ပြိုင်ပွဲသို့ လာရောက် ကြည့်ရှုသူ ပျဉ်းမနားမြို့နေ ဦးမျိုးသန့်က ပြောကြားခဲ့သည်။

ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အများပြည်သူ ၀င်ပေါက် ဂိတ်နံပါတ် ၄ အား တွေ့ရစဉ်

Eleven Media Group
ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အများပြည်သူ ၀င်ပေါက် ဂိတ်နံပါတ် ၄ အား တွေ့ရစဉ်
RangonNewsDaily:: December . 21 .2013
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၏ ဘောလုံးအားကစား ဗိုလ်လုပွဲတွင် မြန်မာအမျိုးသား ဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့သည့်အတွက်
နေပြည်တော်တွင် ပြုလုပ်သော ဆီးဂိမ်းစ်အားကစား ပြိုင်ပွဲများသို့ လာရောက် ကြည့်ရှုသူ ပရိသတ်ဦးရေ သိ
သာစွာ လျော့ကျသွားခဲ့ကြောင်း သိရသည်။ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အားကစားနည်း အများစုကျင်းပရာ ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက်
ရန်အသိအမှတ်ပြု ကတ်ပြားများကိုဂိတ်အမှတ်၎ တွင်သာ ပြုလုပ်ပေးပြီး မြန်မာအမျိုးသား ဘောလုံးအသင်း
အုပ်စုအဆင့်မှ မထွက်ခင်ရက်များတွင် ပြိုင်ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် ကတ်ပြားများကို ပြုလုပ်သူဦးရေ များပြားခဲ့သည်။

''အရင်ရက်တွေက အားကစားပြိုင်ပွဲတွေကို လာကြည့်တဲ့ ပြည်သူတွေ ဦးရေများပြီး ၀င်ခွင့်ကတ်ပြား ရဖို့အ
တွက် တန်းစီစောင့်နေရတဲ့ သူတွေပါရှိတယ်။ ဒါပေမဲ့ မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုက ထွက်
ခဲ့ပြီး နောက်ရက်တွေမှာတော့ ၀င်ခွင့်ကတ်တွေ လာလုပ်တဲ့ ပရိသတ် အတော်ကို နည်းသွားတယ်။ 
 
ဝင်ခွင့်ကတ်ပြား လာလုပ်တာလည်း သိပ်မရှိတော့ဘူး။ အရင်လုပ်ပြီးသား လူတွေလောက်ပဲ လာကြည့်တာ
တွေ့ရတယ်။တချို့ဒေသကလူတွေလာကြည့်တာ နည်းနည်းပါးပါးတော့ ရှိတယ်။ ဘုရားဖူး ခရီးစဉ်တွေသွား
ရင်း ဆီးဂိမ်းစ်ကို ၀င်ကြည့်ကြတာတွေလည်း ရှိတယ်'' ဟု ၀င်ခွင့်ကတ်ပြားများ ပြုလုပ်ပေးနေသည့် ဂိတ်
အမှတ် ၄ မှ လုံခြုံရေး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးဂိမ်း အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက် ကြည့်ရူခွင့်ရရန် ၀င်ခွင့်ကတ်ပြားများကို တစ်ဦးလျှင် ကျပ် ၂၅၀၀ ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ပြီး ယင်းကတ်ပြားများသည် ပိတ်ပွဲအခမ်းအနားနှင့် ဘောလုံးပွဲများသို့ ၀င်ခွင့်မရှိကြောင်း သိရှိရသည်။

''အရင်ရက်တွေ တုန်းကဆို ၀င်ခွင့်ကတ်ပြားအတွက် တန်းစီးစောင့်နေတဲ့ လူတွေက အတန်းလိုက်ကြီးပါ။ ဒါပေမဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးဆုံးဖို့ နီးလာလေ့လာတဲ့ ပရိသတ်နည်းလာလေပဲ။ မြန်မာအမျိုးသား ဘောလုံး
အသင်း ရှုံးတာလည်း ပါသလို ပြိုင်ပွဲကို လာဖို့အတွက် ဝေးတာလည်း ပါမယ်လို့ ထင်ပါတယ်'' ဟု ၀ဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်းရှေ့တွင် ဆီးဂိမ်းအထိမ်းအမှတ်တရ ပစ္စည်းများ ရောင်းချနေသူ တစ်ဦးက ဆိုသည်။

မြန်မာ အမျိုးသား ဘောလုံးအသင်းသည် အုပ်စုအဆင့် ပွဲစဉ်တွင် အင်ဒိုနီးရှား အမျိုးသား ဘောလုံးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး နေပြည်တော်တွင် ပြုလုပ်မည့် ဗိုလ်လုပွဲသို့ တက်
ရောက်ခွင့် လွဲချော်ခဲ့သည်။

''ကျွန်တော့်မိသားစုကိုဆီးဂိမ်းစ်ပြိုင်ပွဲ ရောက်ဖူးစေချင်လို့ ပို့တာပါ။ ဘောလုံးအသင်းထွက်ပြီးတော့ နေ့တိုင်း
လာမကြည့် ချင်တော့ဘူး။ ဗိုလ်လုပွဲကလည်း ကိုယ့်နိုင်ငံအသင်းမှမပါတော့တာ သွားမကြည့်ချင် တော့ဘူး
။ ပိတ်ပွဲအခမ်းအနား ကြည့်ချင်ပေမယ့် ဘယ်မှာ ၀ယ်ရမှန်း မသိဘူး။ 
 
သိတဲ့လက်မှတ် ဈေးကလည်း သောင်းဂဏန်းအထက်တွေချည်းပဲ''ဟုဆီးဂိမ်းစ်ပြိုင်ပွဲသို့ လာရောက် ကြည့်ရှု
သူ ပျဉ်းမနားမြို့နေ ဦးမျိုးသန့်က ပြောကြားခဲ့သည်။

Eleven Media ,kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment