Pages

Pages - Menu

Wednesday, December 25, 2013

အရေးပေါ် လူနာတင်ယာဉ် အခမဲ့ခေါ်ယူနိုင်

RangonNewsDaily:: December . 25 .2013
အရေးပေါ်လူနာအသက်ကယ်တင်ရေး အတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း အရေးပေါ် ဖုန်းနံပါတ် ၁၈၃ဝ

သို့ ဆက်သွယ်၍ အခမဲ့ ခေါ်ယူနိုင်ကြောင်း အရေးပေါ်လူနာအသက်ကယ်တင်ကုသပို့ဆောင်ရေး ဖောင်ဒေး
ရှင်းမှ လက်ထောက်မန်နေဂျာ ဒေါက်တာထက်အောင်က ပြောသည်။
ယင်းဝန်ဆောင်မှု လုပ်ငန်းကို အရေးပေါ်လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေး ဖောင်ဒေးရှင်း အမည်
ဖြင့် ယခုနှစ်အောက်တိုဘာ၁ရက်မှ စတင်ခဲ့ပြီး ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ၂၄ နာရီ အခမဲ့ 
ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း၊ လှူဒါန်းလိုပါက ငွေလက်ခံ ဖြတ်ပိုင်းများဖြင့် လက်ခံမည်ဖြစ်သည်။

လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေး ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံ ဆရာဝန် အသင်းနှင့် ဧရာဝ
တီ

ဖောင်ဒေးရှင်းတို့ပူးပေါင်းကာတည်ထောင်ထားခြင်းဖြစ်ပြီးလက်ရှိတွင် အရေးပေါ်လူနာတင်ယာဉ် ငါးစီးဖြင့်
ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

The Mirror Daily ,  kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment