အကျဉ်းကျခဲ့ရတဲ့ ရုရှားရေနံသူဌေးကြီး Mikhail Khodorkovsky လွတ်မြောက်၊ |
RangonNewsDaily:: December . 21 .2013
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို လက်မှတ်ရေးထိုးပြီး နာရီပိုင်းအကြာမှာ အကျဉ်းကျနေတဲ့ရုရှားရေနံသူဋ္ဌေးကြီး Mikhail Khodorkovsky ပြန်လွတ်လာပါပြီ။ အခွန်တိမ်းရှောင်မှု၊ အလွဲ
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို လက်မှတ်ရေးထိုးပြီး နာရီပိုင်းအကြာမှာ အကျဉ်းကျနေတဲ့ရုရှားရေနံသူဋ္ဌေးကြီး Mikhail Khodorkovsky ပြန်လွတ်လာပါပြီ။ အခွန်တိမ်းရှောင်မှု၊ အလွဲ
သုံးစားလုပ်မှုတွေနဲ့ Khodorkovsky ထောင်ချခံထားရတာ ဆယ်နှစ်ကျော်ကြာပြီဖြစ်ပါတယ်။
Yukos ရေနံကုမ္ပဏီအကြီးအကဲဟောင်းကိုလူသားချင်းစာနာမှုအကြောင်းပြချက်တွေနဲ့လွတ်ငြိမ်းချမ်းသာခွင့်
ပေးလိုက်တယ်လို့ မစ္စတာပူတင်ကသူ့ရဲ့အင်တာနက်
စာမျက်နှာမှာ သောကြာနေ့ က ကြေညာပါတယ်။ ကိစ္စ
ရပ်မျိုးစုံကို
ရှင်းလင်းပြောဆိုခဲ့တဲ့ ကြာသပတေးနေ့က အချိန်အတော်ကြာတဲ့
သတင်းစာရှင်းလင်းပွဲအတွင်း
Khodorkovsky ကို လွှတ်ပေးဖို့
ရည်ရွယ်ထားတယ်ဆိုတာကို ရုရှားသမ္မတက ကြေညာထားတာပါ။
Khodorkovsky က သူ့ရဲ့မိခင် မကျန်းမမာ ဖြစ်နေတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ပထမဆုံးအကြိမ်
Khodorkovsky က သူ့ရဲ့မိခင် မကျန်းမမာ ဖြစ်နေတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ပထမဆုံးအကြိမ်
အဖြစ်ပန်ကြားခဲ့တယ်လို့မစ္စတာပူတင်ကပြောပါတယ်။ရုရှားနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့Khordorkovsky
ဟာ
ရုရှားအစိုးရကို အပြင်းအထန် ဝေဖန်ခဲ့သူဖြစ်ပြီး သူ့ကို ထောက်ခံသူတွေကတော့ နိုင်ငံရေးအကျဉ်းသား
အဖြစ် သူ့ကို သတ်မှတ်ထားပါတယ်။
Pussy Riotပန့်ခ်ရော့ခ်ဂီတအဖွဲ့ဝင် နှစ်ဦးကိုလည်းလွတ်ငြိမ်းချမ်းသာခွင့်ပေး မယ်လို့ မစ္စတာပူတင်က ပြော
Pussy Riotပန့်ခ်ရော့ခ်ဂီတအဖွဲ့ဝင် နှစ်ဦးကိုလည်းလွတ်ငြိမ်းချမ်းသာခွင့်ပေး မယ်လို့ မစ္စတာပူတင်က ပြော
ခဲ့ပါသေးတယ်။ နောက်နှစ် ဖေဖော်ဝါရီလ ကျရင် ရုရှားနိုင်ငံ၊
ဆိုချီမြို့မှာ ဆောင်းရာသီအိုလံပစ်အားကစား
ပြိုင်ပွဲကို အိမ်ရှင်အဖြစ်
လက်ခံကျင်းပဖို့ ရှိနေချိန်မှာပဲ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေး တဲ့
ကြေညာချက်
တွေ ထွက်လာတာဖြစ်ပါတယ်။
VOA , kolatt(PBDN)
RangonNewsDaily
VOA , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment