Pages

Pages - Menu

Thursday, November 21, 2013

ကလေးတစ်ဦး၏ ကြီးမားသော လည်ပင်းကြီးကို VIAGRA ဆေးဖြင့်ကုသနိုင်

Photo: ကလေးတစ်ဦး၏ ကြီးမားသော လည်ပင်းကြီးကို VIAGRA ဆေးဖြင့်ကုသနိုင်
Thursday, November 21, 2013

မက္ကဆီကို နိုင်ငံမှ ၁ဝ နှစ်အရွယ် ဟိုဆေးဆာရာနို အမည်ရှိ ကလေးငယ်တစ်ဦးသည် လည်ပင်း၌ အလွန်ကြီးမားသော အကျိတ်ကြီး တစ်ခုဖြစ်ပေါ်နေပြီး ၎င်း၏ အသက်ရှူမှုကို ရပ်တန့်စေရန် ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။

သို့သော် ၎င်းအကျိတ်အား Viagra ဆေးဖြင့် ကုသနိုင်သည် ကို ပညာရှင်များက တွေ့ရှိထား ကြောင်း သိရသည်။

Viagra ဆေးသည် အမျိုးသား အားတိုးဆေးအဖြစ် ကျော်ကြားသော ဆေးတစ်မျိုးဖြစ်ပြီး ကလေးများတွင် ကြီးထွားမှုနှုန်းကို သေးငယ် ကျုံ့ဝင်သွားစေကြောင်း ရှာဖွေ တွေ့ရှိထားသည်။

သို့ရာတွင် အဆိုပါ အကျိတ်အား ပို၍ သေးငယ်သွားအောင် ခွဲစိတ် ကုသရန်မှာ စိတ်မချရသေးဟု ခွဲစိတ်ဆရာဝန်များက ပြောကြားထားသည်။

ဟိုဆေးဆာရာနိုသည် ယခု အခါ မျှော်လင့်ခြင်း များစွာဖြင့် ဆေးကုသမှု ခံယူလျက် ရှိကြောင်း၊ ၎င်းသည်တစ်နေ့တွင် သာမန် ကလေးငယ် တစ်ဦးကဲ့သို့ အသက် ရှင် ရပ်တည်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: November . 21 .2013
မက္ကဆီကို နိုင်ငံမှ ၁ဝ နှစ်အရွယ် ဟိုဆေးဆာရာနို အမည်ရှိ ကလေးငယ်တစ်ဦးသည် လည်ပင်း၌ အလွန်ကြီးမားသော အကျိတ်ကြီး တစ်ခုဖြစ်ပေါ်နေပြီး ၎င်း၏ အသက်ရှူမှုကို ရပ်တန့်စေရန် ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။ သို့သော် ၎င်းအကျိတ်အား Viagra ဆေးဖြင့် ကုသနိုင်သည် ကို ပညာရှင်များက တွေ့ရှိထား ကြောင်း သိရသည်။

Viagra ဆေးသည် အမျိုးသား အားတိုးဆေးအဖြစ် ကျော်ကြားသော ဆေးတစ်မျိုးဖြစ်ပြီး ကလေးများတွင် ကြီးထွားမှုနှုန်းကို သေးငယ် ကျုံ့ဝင်သွားစေကြောင်း ရှာဖွေ တွေ့ရှိထားသည်။

သို့ရာတွင် အဆိုပါ အကျိတ်အား ပို၍ သေးငယ်သွားအောင် ခွဲစိတ် ကုသရန်မှာ စိတ်မချရသေးဟု ခွဲစိတ်ဆရာဝန်များက ပြောကြားထားသည်။

ဟိုဆေးဆာရာနိုသည် ယခု အခါ မျှော်လင့်ခြင်း များစွာဖြင့် ဆေးကုသမှု ခံယူလျက် ရှိကြောင်း၊ ၎င်းသည်တစ်နေ့တွင် သာမန် ကလေးငယ် တစ်ဦးကဲ့သို့ အသက် ရှင် ရပ်တည်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားကြောင်း သိရသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment