Pages

Pages - Menu

Sunday, November 24, 2013

STSAT-3 အမည်ရှိ ဂြိုဟ်တုတစ်စင်း တောင်ကိုရီးယား အောင်မြင်စွာ လွှတ်တင်

STSAT-3 အမည်ရှိ ဂြိုဟ်တုတစ်စင်း တောင်ကိုရီးယား အောင်မြင်စွာ လွှတ်တင်

စကြဝဠာကြီး၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သဲလွန်စများကို ရှာဖွေရန် အတွက် အာကာသ အတွင်း နှစ်နှစ်ကြာလေ့လာ ဆန်းစစ်မှုများ ပြုလုပ်မည့် The Science and Technology Satellite-3 or STSAT-3 အမည်ရှိ ဂြိုဟ်တုတစ်စင်းကို တောင်ကိုရီးယား နိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း ရုရှားအာကာသ စခန်းက ထုတ်ဖော်ပြောကြား ခဲ့သည်။

၁၇ဝ ကီလိုဂရမ် အလေးချိန်ရှိ အဆိုပါ ဂြိုဟ်တုကို အဆင့်သုံးဆင့်ပါ အရည်စွမ်းအင်သုံး Dnepr အမည်ရှိ ရုရှားနိုင်ငံလုပ် ဒုံးပျံဖြင့် ကာဇက်စတန် နိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက် ရှိသော ရုရှားနိုင်ငံ တောင်ပိုင်း ရက်စ်နီဒုံး လွှတ်တင်ရေး အခြေစိုက် စခန်းမှ နိုဝင်ဘာ ၂၁ ရက် ည ၁ နာရီ ၁ဝ မိနစ်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

STSAT-3 ဂြိုဟ်တုသည် တောင်ကိုရီးယား နိုင်ငံက ပထမဆုံး အကြိမ် လွှတ်တင်သော ဂြိုဟ်တုဖြစ်ပြီး ၄င်းဂြိုဟ်တုကို ပင်လယ်ရေ မျက်နှာပြင် အထက် ၆ဝဝ ကီလိုမီတာ နီးပါးခန့် အကွာရှိ ပတ်လမ်း အတွင်းသို့ ၉၂၉ စက္ကန့်အတွင်း အောင်မြင်စွာ ပေးပို့နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံက ထုတ်ဖော်ပြောကြား ခဲ့သည်။

အဆိုပါ ဂြိုဟ်တုသည် ဓာတ်ရောင်ခြည် ဖြာထွက်မှုများကို လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး နက္ခတ္တဗေဒ ဆိုင်ရာ လေ့လာ ဆန်းစစ်မှုများ၊ နဂါးငွေ့တန်း၏ ပုံရိပ်များနှင့် အနီအောက် ရောင်ခြည် ပုံရိပ်များကို လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သုတ

RangonNewsDaily:: November . 24 .2013
စကြဝဠာကြီး၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သဲလွန်စများကို ရှာဖွေရန် အတွက် အာကာသ အတွင်း နှစ်နှစ်ကြာလေ့လာ ဆန်းစစ်မှုများ ပြုလုပ်မည့် The Science and Technology Satellite-3 or STSAT-3 အမည်ရှိ ဂြိုဟ်တုတစ်စင်းကို တောင်ကိုရီးယား နိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း ရုရှားအာကာသ စခန်းက ထုတ်ဖော်ပြောကြား ခဲ့သည်။ ၁၇ဝ ကီလိုဂရမ် အလေးချိန်ရှိ အဆိုပါ ဂြိုဟ်တုကို အဆင့်သုံးဆင့်ပါ အရည်စွမ်းအင်သုံး Dnepr အမည်ရှိ ရုရှားနိုင်ငံလုပ် ဒုံးပျံဖြင့် ကာဇက်စတန် နိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက် ရှိသော ရုရှားနိုင်ငံ တောင်ပိုင်း ရက်စ်နီဒုံး လွှတ်တင်ရေး အခြေစိုက် စခန်းမှ နိုဝင်ဘာ ၂၁ ရက် ည ၁ နာရီ ၁ဝ မိနစ်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

STSAT-3 ဂြိုဟ်တုသည် တောင်ကိုရီးယား နိုင်ငံက ပထမဆုံး အကြိမ် လွှတ်တင်သော ဂြိုဟ်တုဖြစ်ပြီး ၄င်းဂြိုဟ်တုကို ပင်လယ်ရေ မျက်နှာပြင် အထက် ၆ဝဝ ကီလိုမီတာ နီးပါးခန့် အကွာရှိ ပတ်လမ်း အတွင်းသို့ ၉၂၉ စက္ကန့်အတွင်း အောင်မြင်စွာ ပေးပို့နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံက ထုတ်ဖော်ပြောကြား ခဲ့သည်။

အဆိုပါ ဂြိုဟ်တုသည် ဓာတ်ရောင်ခြည် ဖြာထွက်မှုများကို လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး နက္ခတ္တဗေဒ ဆိုင်ရာ လေ့လာ ဆန်းစစ်မှုများ၊ နဂါးငွေ့တန်း၏ ပုံရိပ်များနှင့် အနီအောက် ရောင်ခြည် ပုံရိပ်များကို လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သုတ , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment