Pages

Pages - Menu

Sunday, November 10, 2013

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ရန်ကုန်တိုင်းလုံးကျွတ် လူထုဟောပြောပွဲ ယနေ့ပြုလုပ်မည်

Photo: NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ရန်ကုန်တိုင်းလုံးကျွတ် လူထုဟောပြောပွဲ ယနေ့ပြုလုပ်မည်
Sunday, November 10, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြုလုပ်မည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းလုံးကျွတ် ဟောပြောပွဲကို နိုဝင်ဘာ ၁၀ ရက်(ယနေ့)တွင် ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ဟောပြောပွဲကို ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတက်ရောက်ရန် လူဦးရေ ၁၀၀၀၀ ကျော်ကို ဖိတ်ကြားထားပြီး မည်သူမဆို တက်ရောက်ဆန္ဒသဘောထား ပေးနိုင်ရန် NLD ပါတီက ဖိတ်ခေါ်ထားသည်။

အဆိုပါ ဟောပြောပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဟောပြောရန်ရှိပြီး ပွဲအစီအစဉ်ထဲတွင် ထည့်သွင်းထားသည်ဟု ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး နှုတ်ခွန်းဆက်စကား ပြောပေးဖို့ အခမ်းအနား အစီအစဉ်မှာ ထည့်သွင်းထားတယ်။ တနင်္ဂနွေဆိုတော့ လွှတ်တော်ကလည်း နားထားတာ ဖြစ်တဲ့အတွက် လာဖို့များပါတယ်။ ရန်ကုန်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေ အားလုံးကိုလည်း ဖိတ်ထားတယ်။ ပြီးတော့ ဖွဲ့စည်းပုံ ကိစ္စတွေ လုပ်နေတဲ့ လူမှုအဖွဲ့အစည်းတွေ၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးတွေကိုလည်း ဖိတ်ထားတယ်" ဟု ဒေါက်တာစိုးဝင်းဦးက ပြောကြားသည်။

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် ရန်ကုန်တိုင်းဒေသကြီး၏ သဘောထား ရယူမှုများအတွက် အောက်တိုဘာ ၁၂ ရက်တွင် စတင်ခဲ့ကာ ခရိုင်တစ်ခုလျှင် သုံးပွဲစီနှင့် မြို့နယ်တစ်မြို့နယ်ချင်းစီ အလိုက်လည်း ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ယခုအခါ တိုင်းလုံးကျွတ် အတိုင်းအတာဖြင့် ဟောပြောပွဲ ပြုလုပ်ခြင်းဖြစ်သည်။

NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးအပေါ် ပြည်သူလူထုသဘောထားများ ကောက်ယူနေခြင်းဖြစ်ပြီး အဆိုပါ ဟောပြောပွဲများမှ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထားများကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်မည့် NLD ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး လူထုဟောပြောပွဲအတွက် ကြိုတင်ပြင်ဆင်နေသည်ကို နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)

RangonNewsDaily:: November . 10 .2013
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြုလုပ်မည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းလုံးကျွတ် ဟောပြောပွဲကို နိုဝင်ဘာ ၁၀ ရက်(ယနေ့)တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ဟောပြောပွဲကို ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတက်ရောက်ရန် လူဦးရေ ၁၀၀၀၀ ကျော်ကို ဖိတ်ကြားထားပြီး မည်သူမဆို တက်ရောက်ဆန္ဒသဘောထား ပေးနိုင်ရန် NLD ပါတီက ဖိတ်ခေါ်ထားသည်။

အဆိုပါ ဟောပြောပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဟောပြောရန်ရှိပြီး ပွဲအစီအစဉ်ထဲတွင် ထည့်သွင်းထားသည်ဟု ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး နှုတ်ခွန်းဆက်စကား ပြောပေးဖို့ အခမ်းအနား အစီအစဉ်မှာ ထည့်သွင်းထားတယ်။ တနင်္ဂနွေဆိုတော့ လွှတ်တော်ကလည်း နားထားတာ ဖြစ်တဲ့အတွက် လာဖို့များပါတယ်။ ရန်ကုန်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေ အားလုံးကိုလည်း ဖိတ်ထားတယ်။ ပြီးတော့ ဖွဲ့စည်းပုံ ကိစ္စတွေ လုပ်နေတဲ့ လူမှုအဖွဲ့အစည်းတွေ၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးတွေကိုလည်း ဖိတ်ထားတယ်" ဟု ဒေါက်တာစိုးဝင်းဦးက ပြောကြားသည်။

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် ရန်ကုန်တိုင်းဒေသကြီး၏ သဘောထား ရယူမှုများအတွက် အောက်တိုဘာ ၁၂ ရက်တွင် စတင်ခဲ့ကာ ခရိုင်တစ်ခုလျှင် သုံးပွဲစီနှင့် မြို့နယ်တစ်မြို့နယ်ချင်းစီ အလိုက်လည်း ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ယခုအခါ တိုင်းလုံးကျွတ် အတိုင်းအတာဖြင့် ဟောပြောပွဲ ပြုလုပ်ခြင်းဖြစ်သည်။

NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးအပေါ် ပြည်သူလူထုသဘောထားများ ကောက်ယူနေခြင်းဖြစ်ပြီး အဆိုပါ ဟောပြောပွဲများမှ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထားများကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media ,,  kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment