Pages

Pages - Menu

Thursday, November 21, 2013

MERS ကူးစက်ခံရသူတစ်ဦး ထပ်မံသေဆုံးကြောင်း ဆော်ဒီ ပြောကြားဆ်ာဒီတွင် MERS ကြောင့် သေဆုံးသူ အရေအတွက်မှာ ယခုအခါ ၅၄ ဦးအထိ ရှိလာ

MERS ကူးစက်ခံရသူတစ်ဦး ထပ်မံသေဆုံးကြောင်း ဆော်ဒီ ပြောကြားဆ်ာဒီတွင် MERS ကြောင့်
 သေဆုံးသူ အရေအတွက်မှာ ယခုအခါ ၅၄ ဦးအထိ ရှိလာ


kolatt(PBDN): November . 21 .2013

MERS ကူးစက်ခံရသူတစ်ဦး ထပ်မံသေဆုံးကြောင်း ဆော်ဒီ ပြောကြား
ဆော်ဒီအာရေဗီးယားနိုင်ငံတွင် MERS ဗိုင်းရပ်စ်ကြောင့် နောက်ထပ် လူနာတစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ ဆော်ဒီတွင် MERS ကြောင့် သေဆုံးသူ အရေအတွက်မှာ ယခုအခါ ၅၄ ဦးအထိ ရှိလာသည်။ 
::
အသက် ၇၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးမှာ MERS ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ကာလရှည်ကြာ နေမကောင်းဖြစ်ကာ ရီယာ့ဒ်မြို့တွင် သေဆုံးသွားကြောင်း ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက ၎င်းဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်သည်။ 

ထို့အတူ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးတွင်လည်း MERS ဗိုင်းရပ်စ် ကူစက်ခံထားရသည်ကို တွေ့ရှိရပြီး ၎င်းအား ရီယာ့ဒ်ရှိ ဆေးရုံတစ်ရုံတွင် ကုသပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
::
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စာရင်းများအရ ကမ္ဘာတစ်ဝန်းတွင် MERS ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၅၅ ဦးရှိကြောင်း သိရသည်။ ၎င်းတို့အနက် ၆၄ ဦးမှာ သေဆုံးခဲ့ပြီး အများစုမှာ ဆော်ဒီအာရေဗီးယားမှဖြစ်ကြောင်း WHO က ပြောကြားသည်။ 

လက်ရှိတွင် ကျွမ်းကျင်သူများ အနေဖြင့် MERS ဗိုင်းရပ်စ်၏ သဘာဝကို နားလည်သိရှိနိုင်ရန် ကြိုးပမ်းနေရဆဲဖြစ်ပြီး ထိုဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး မရှိသေးချေ။ MERS ဗိုင်းရပ်စ်သည် အသက်သေဆုံးနိုင်သော်လည်း ယခင်က ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့သည့် SARS ဗိုင်းရပ်စ်ကဲ့သို့ ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်မားခြင်းမရှိကြောင်း သိရသည်။ 
::
SARS ဗိုင်းရပ်စ်သည် ၂၀၀၃ နှစ်က အာရှတွင် လူပေါင်း ၈,၂၇၃ သို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး ၎င်းတို့အနက် ၉ ရာခိုင်နှုန်းမှာ အသက်ဆုံးရှုံးခဲ့ရသည်။

MARS နှင့် MERS ဗိုင်းရပ်စ်တို့သည် ကူးစက်ခံရပါက အဆုတ်တွင် ရောဂါပိုးဝင်ရောက်သည့် လက္ခဏာပြသပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရသော လူနာမှာ ကိုယ်ပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ခံစားရလေ့ရှိသည်။ 
::
ထို့အပြင် အဆိုပါဗိုင်းရပ်စ်များ ကူးစက်ခံရပါက ကျောက်ကပ် ရုတ်တရက်ပျက်စီးမှုကိုလည်း ဖြစ်ပေါ်စေနိုင်ရာ သေဆုံးမှုနှုန်း အလွန်အမင်း မြင့်တက်လာမှုအပေါ် စိုးရိမ်လျက်ရှိသည်။ သုတေသီများက MERS ဗိုင်းရပ်စ် စတင်ဖြစ်ပေါ်လာသည့် ဇစ်မြစ်မှာ အာရေဗျကုလားအုတ်များထံမှဖြစ်ကြောင်း ပြီးခဲသည့် သြဂုတ်လအတွင်းက ပြောကြားခဲ့သည်။

 ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနကလည်း နိုင်ငံအတွင်းရှိ ကုလားအုတ်တစ်ကောင်တွင် MERS ဗိုင်းရပ်စ် တွေ့ရှိခဲ့ရကြောင်း နိုဝင်ဘာ ၁၁ ရက်က ပြောကြားခဲ့သည်။ ထိုတွေ့ရှိမှုမှာ တိရိစ္ဆာန်များတွင် ပထမဆုံးအကြိမ်အဖြစ် MERS ဗိုင်းရပ်စ် တွေ့ရှိမှုဖြစ်ကြောင်းလည်း သိရှိရသည်။
::
Planet Myanmar Network::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 21 .2013
MERSကူးစက်ခံရသူတစ်ဦးထပ်မံသေဆုံးကြောင်း ဆော်ဒီ ပြောကြားဆော်ဒီအာရေဗီးယားနိုင်ငံတွင် MERS
ဗိုင်းရပ်စ်ကြောင့် နောက်ထပ် လူနာတစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ
့တွင်  ပြောကြားသည်။ ဆော်ဒီတွင် MERS ကြောင့် သေဆုံးသူ အရေအတွက်မှာ ယခုအခါ ၅၄ ဦးအထိ ရှိလာသည်။
::
အသက်၇၃ နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးမှာMERS ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ကာလရှည်ကြာ နေမ
ကောင်းဖြစ်ကာ ရီယာ့ဒ်မြို့တွင် သေဆုံးသွားကြောင်း ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက ၎င်းဝက်ဘ်ဆိုက်
တွင် သတင်းထုတ်ပြန်သည်။

ထို့အတူ အသက် ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦးတွင်လည်းMERS ဗိုင်းရပ်စ်ကူစက်ခံထားရသည်ကို တွေ့
ရှိရပြီး၎င်းအားရီယာ့ဒ်ရှိ ဆေးရုံတစ်ရုံတွင်ကုသပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား
သည်။
::
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စာရင်းများအရ ကမ္ဘာတစ်ဝန်းတွင် MERS ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၅၅ ဦးရှိကြောင်း သိရသည်။ ၎င်းတို့အနက် ၆၄ ဦးမှာ သေဆုံးခဲ့ပြီး အများစုမှာ ဆော်ဒီအာရေဗီးယားမှဖြစ်
ကြောင်း WHO က ပြောကြားသည်။

လက်ရှိတွင် ကျွမ်းကျင်သူများ အနေဖြင့် MERS ဗိုင်းရပ်စ်၏ သဘာဝကို နားလည်သိရှိနိုင်ရန် ကြိုးပမ်းနေရ
ဆဲဖြစ်ပြီးထိုဗိုင်းရပ်စ်အတွက်ကာကွယ်ဆေးမရှိသေးချေ။MERS ဗိုင်းရပ်စ်သည် အသက်သေဆုံးနိုင်သော်
လည်း ယခင်က ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့သည့် SARS ဗိုင်းရပ်စ်ကဲ့သို့ ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်မားခြင်း
မရှိကြောင်း သိရသည်။
::
SARS ဗိုင်းရပ်စ်သည် ၂၀၀၃ နှစ်က အာရှတွင် လူပေါင်း ၈,၂၇၃ သို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး ၎င်းတို့အနက် ၉ ရာခိုင်နှုန်းမှာ အသက်ဆုံးရှုံးခဲ့ရသည်။

MARS နှင့် MERS ဗိုင်းရပ်စ်တို့သည် ကူးစက်ခံရပါက အဆုတ်တွင် ရောဂါပိုးဝင်ရောက်သည့် လက္ခဏာပြ
သပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရသောလူနာမှာကိုယ်ပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်
ခဲခြင်းတို့ ခံစားရလေ့ရှိသည်။
::
ထို့အပြင် အဆိုပါဗိုင်းရပ်စ်များ ကူးစက်ခံရပါက ကျောက်ကပ် ရုတ်တရက်ပျက်စီးမှုကိုလည်း ဖြစ်ပေါ်စေနိုင်
ရာ သေဆုံးမှုနှုန်း အလွန်အမင်း မြင့်တက်လာမှုအပေါ် စိုးရိမ်လျက်ရှိသည်။ သုတေသီများက MERS ဗိုင်းရပ်
စ် စတင်ဖြစ်ပေါ်လာသည့် ဇစ်မြစ်မှာ အာရေဗျကုလားအုတ်များထံမှဖြစ်ကြောင်း ပြီးခဲသည့် သြဂုတ်လအ
တွင်းက ပြောကြားခဲ့သည်။

ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနကလည်း နိုင်ငံအတွင်းရှိ ကုလားအုတ်တစ်ကောင်တွင် MERS ဗိုင်းရပ်စ်
တွေ့ရှိခဲ့ရကြောင်း နိုဝင်ဘာ ၁၁ ရက်က ပြောကြားခဲ့သည်။ ထိုတွေ့ရှိမှုမှာ တိရိစ္ဆာန်များတွင် ပထမဆုံး
အကြိမ်အဖြစ် MERS ဗိုင်းရပ်စ် တွေ့ရှိမှုဖြစ်ကြောင်းလည်း သိရှိရသည်။
::
Planet Myanmar Network::--kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment