Pages

Pages - Menu

Monday, November 25, 2013

တောင်တရုတ် ပင်လယ်အတွင်း ပါဝင်သူများနှင့် သက်ဆိုင်သည့် ကြေညာချက် Code of Conduct ကို လက်ခံဆွေးနွေးရန် တရုတ်နိုင်ငံက သဘောတူခဲ့ပြီး မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌတာဝန် ရယူချိန်တွင် စတင်ဆွေးနွေးမည်

RangonNewsDaily:: November . 25 .2013
အာဆီယံ ၁၀ နိုင်ငံအနက် လေးနိုင်ငံ ပါဝင်ပတ်သက်မှု ရှိနေသည့် တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများအတွက် တောင်တရုတ် ပင်လယ်အတွင်း ပါဝင်သူများ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် ကြေညာချက် (Declaration of Conduct of Parties on the South China Sea) ကိုဆွေးနွေးရန် တရုတ်နိုင်ငံဘက်က သဘောတူခဲ့သဖြင့် မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ ရာထူးရယူချိန်တွင်

စတင်ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံ ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက ပြောကြားသည်။

"မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး ရယူချိန်မှာ တရုတ်နိုင်ငံက Code of Conduct ကို ညှိနှိုင်းဖို့ သဘောတူလိုက်တဲ့အတွက် ဒီကိစ္စကို မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ ဖြစ်ချိန်မှာ စတင်ဆွေးနွေးမှာဖြစ်ပြီး ကြားဝင်ဆွေးနွေးမယ့် နိုင်ငံအဖြစ် ထိုင်းနိုင်ငံက တာဝန်ယူ ဆောင်ရွက်မှာပါ" ဟု ဦးအောင်ထူးက ပြောကြားသည်။

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းများ ရှိနေသည့် မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌရာထူး ရယူချိန်တွင် ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ် စသည့် အာဆီယံနိုင်ငံများအကြား ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားနေသည့် ပြဿနာအား တာဝန်ယူ ဖြေရှင်းရမည်ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် အဆိုပါ အရေးတွင် မြန်မာနိုင်ငံ အနေနှင့် မျှတသော ဆုံးဖြတ်မှုများ ချမှတ်ရန် လိုအပ်နေကြောင်း ဦးအောင်ထူးက ဆက်လက် ပြောကြားသည်။

အရှေ့အလယ်ပိုင်း၊ ပစိဖိတ်ဒေသ တောင်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့မြောက် အာရှနှင့် မြောက်အမေရိက ဈေးကွက်များအား အဓိက ချိတ်ဆက်ထားသည့် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်နေသည့် တောင်တရုတ် ပင်လယ်သည် ကုန်သွယ်မှု အချက်အချာသာ မကဘဲ ပင်လယ်အတွင်း ခိုဝင်နေသည့် ရေနံသိုက် ပမာဏမှာလည်း 17 Billion Barells ရှိနိုင်သည်ဟု ပညာရှင်များ ခန့်မှန်းတွက်ချက် ထားသည့်အတွက် ကူဝိတ်နိုင်ငံ၏ ရေနံသိုက် ပမာဏထက် လေးဘီလျံကျော် ပိုမိုများပြားနေပြီး ငါးသယံဇာတလည်း ပေါများနေခြင်းအတွက် အာဆီယံ နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား အငြင်းပွားမှုများ ဖြစ်ပွားနေကြောင်းနှင့် မဟာဗျူဟာ လေ့လာသူများ၏ သုံးသပ်ချက်အရ အာရှ၏ နိုင်ငံအချင်းချင်း စစ်မက်ဖြစ်ပွားနိုင်ခြေရှိသော နေရာဖြစ်ကြောင်း သိရသည်။

"အာဆီယံ လေးနိုင်ငံနဲ့ ဖြစ်နေတဲ့ ရေပိုင်နက် အငြင်းပွားမှု ပြဿနာကို ဖိအားပေးလိုက်ရင် အမေရိကန်နိုင်ငံ ပါလာမှာကို တရုတ်နိုင်ငံ အနေနဲ့ စိုးရိမ်နေသလို၊ တရုတ်နိုင်ငံနဲ့ အာဆီယံ ဆက်ဆံမှုရဲ့ (၁၀) နှစ်မြောက် ဖြစ်နေတော့ တရုတ်နိုင်ငံ အနေနဲ့ ဆက်ဆံရေးကောင်း လိုချင်တယ်ဆိုတဲ့ အနေအထားမှာ ရှိတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင် တစ်နိုင်ငံတည်းကို တစ်ဖက်သတ် ဖိအားမပေးဖို့၊ အင်အားမသုံးဖို့အပြင် အငြင်းပွားနေတဲ့ နိုင်ငံတွေ အကြားမှာ နားလည်မှု တည်ဆောက်နိုင်အောင် လုပ်တာမျိုး လုပ်ရမယ်" ဟု အငြိမ်းစား သံအမတ် ဦးညွန့်မောင်သျှိန်က ပြောကြားသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily



No comments:

Post a Comment