Pages

Pages - Menu

Thursday, November 21, 2013

ရခိုင်ပြည်နယ်တွင် တစ်လလျှင် လူသတ်မှု ၁၀မှုမှ ၁၅မှုအထိဖြစ်နေ

RangonNewsDaily:: November . 21 .2013
ရခိုင်ပြည်နယ်တွင် လူသတ်မှုများမှာယခင်ရှိနေသည့် ပမာဏထက်သုံးလအတွင်း ထပ်မံတိုးလာသည်ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက နိုဝင်ဘာ ၂၀ရက်တွင် မဇ္ဈိမကိုပြောသည်။
ဇူလိုင်လအတွင်းက ပြည်နယ်ဥပဒေချုပ်၏ ပြောကြားချက်မှာတစ်လလျှင် လူသတ်မှု ၁၀ မှုခန့်ရှိခဲ့ရာမှ ယခုအခါ တစ်လလျှင် ၁၅ မှုသို့ ငါးမှုထပ်တိုးလာခြင်းဖြစ်သည်။

“လူသတ်မှုသီးသန့် ၁၅မှု ကျန်တဲ့အမှုတွေလည်း ရှိသေးတယ်။ ဆူပူမှုတွေလည်း ရှိသေးပါတယ်” ဟု ဦးလှသိန်းက ဆိုသည်။

ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်တွင် တစ်လျှင်လူသတ်မှုဖြစ်စဉ်များ တိုးပွားနေခြင်းမှာ ဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့်ဖြစ်ပြီး ရခိုင်နှင့် ဘင်္ဂါလီနှစ်ဖက်အဖွဲ့အစည်းများကြားတွင်သာမက ရခိုင်အချင်း ချင်းနှင့် ဘင်္ဂါလီအချင်းချင်းဖြစ်ပွားသည့် မှုခင်းများမှာလည်း ယခင်ကထက်ပိုများလာသည်ဟု ဦးလှသိန်း က ပြောသည်။

“ရခိုင်နဲ့ ဘင်္ဂါလီအမှုဖြစ်ရင်သာ သတင်းတွေအဖြစ် ဖြစ်ပေါ်တာ၊ အချင်းချင်းဖြစ်တဲ့အမှုလည်း ဖြစ်နေတာ ပဲ၊ အဓိကအကြောင်းရင်းကတော့ ဒီဘက်ကလူတွေ အရက်သောက်စားမှု၊ အလုပ် အကိုင်အတည်တကျ မရှိမှု၊ ပညာရေးအခံ အားနည်းမှုတွေကြောင့် ဖြစ်တယ်”ဟု ဦးလှသိန်းက သုံးသပ်သည်။

၂၀၁၁ခုနှစ် ဇွန်လတွင်းမှစတင်သော ရခိုင်ပြည်နယ်နှစ်ဖက်ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်နှစ်ဖက် အဖွဲ့အစည်းကြားတွင် သံသယများဖြစ်ပေါ်ခဲ့ပြီး လုံခြုံမှုမရှိဟူယူဆလျက်ရှိကြောင်း ရခိုင်ပြည်နယ်ဒေသ ခံများက ပြောသည်။

အလားတူပင် သံတွဲမြို့ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း နှစ်ဖက်အဖွဲ့အစည်းများ၏ ပေါင်းသင်းဆက်ဆံရေးမှာလည်း ပြတ်တောက်လုနီးပါးဖြစ်ပေါ်ခဲ့သည်ဟု သံတွဲမြို့အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ကိုကျော် စိုးက မဇ္ဈိမကို ပြောသည်။

“သံတွဲဈေးမှာ အရင်ကဆိုင်ချင်းကပ်ရောင်းခဲ့တာ အိမ်ချင်းကပ်နေထိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခေါ်အပြောမရှိသလောက်ဖြစ်သွားတယ်”ဟု ဒွါရာဝတီဈေး(သံတွဲဈေး)တွင် သံနှင့် အခြားပစ္စည်း များရောင်းချသည့် ကိုကျော်စိုးက မဇ္ဈိမကို ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က “အခုအမှုတွေတိုး လာတယ်ဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုရင် အစွန်အဖျားဒေသတွေမှာ လူသတ်မှုတွေက အမြဲကြားနေရတယ်။ အဓိက ကတော့တရားဥပဒေစိုးမိုးဖို့ လိုတယ်ပေါ့။ အမှုဖြစ်ရင်တရားခံကို မဖမ်းဆီး နိုင်တဲ့အမှုတွေ၊ တရားခံကအခြားဒေသတွေကို လွတ်မြောက်သွားတဲ့အမှုတွေက ရှိနေတယ်”ဆိုသည်။

ပြည်နယ်အတွင်းဖြစ်ပွားနေသည့် ယခုကိစ္စများအတွက် ပြည်နယ်လွှတ်တော်တွင်ဆွေးနွေးရန် အစီအစဉ် မရှိသေးဘဲ ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်များကိုစောင့်ကြည့်နေပြီး ပဋိပက္ခများနှင့် ပတ်သက်သည့်ကိစ္စများကို ပြည်နယ်လွှတ်တော်အနေဖြင့် ဆုံးဖြတ်ခွင့်မရှိဟု ဦးအောင်မြတ်ကျော်က ပြောသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment