Pages

Pages - Menu

Friday, November 1, 2013

လွိုင်ကော်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့်ဘိန်းစိမ်းများ ဖမ်းဆီးရမိ

Photo: လွိုင်ကော်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့်ဘိန်းစိမ်းများ ဖမ်းဆီးရမိ
Friday, November 1, 2013

၃၁-၁၀-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၅) မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(တောင်ကြီး)မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လွိုင်ကော် မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာရွာနေ နေလင်းအောင် (ခ)မောင်ဝီ(၃၈)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နေလင်းအောင်အားမတွေ့ရှိရဘဲ ၎င်း၏ဇနီးဖြစ်သူ မမောနိကာ(ခ) မူကလဲ(၃၈)နှစ်အား နေအိမ်အိပ်ခန်းအတွင်း ပွိုင့် ၂၂ အမျိုးအစား ပြောင်းရှည်သေနတ်(၁)လက်၊ ခေါက်၍ရပြီး ၇.၆၂ အမျိုးအစားကျည်ဖြင့်ပစ်ခတ်ရသော ပြောင်းရှည်လုပ်သေနတ်(၁)လက်၊ တူမီး ပြောင်းရှည်သေနတ်(၁)လက်၊ လေသေနတ်(၁)လက်၊ ၅.၅၆ အမျိုးအစား ကျည်(၅၈)တောင့်၊ ပွိုင့် ၂၂ ကျည်(၄၃)တောင့်၊ ၇.၆၂ အမျိုးအစား ကျည်(၂)တောင့်၊ ၉ မမ ကျည်(၄၂)တောင့်၊ 91 အမျိုးအစား လက်ပစ်ဗုံး(၁)လုံး၊ M-16 ကျည်ဘောက်(၃)ခု၊ M-22 ကျည်ဘောက်(၂)ခုနှင့် အိပ်ယာခြေရင်းရှိ ရေခဲဗူး အတွင်းမှ ဘိန်းစိမ်း(၁)ကီလို၊ တန်ဘိုးငွေကျပ်(၆၅၀၀၀၀ိ/-) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နေလင်းအောင် (ခ)မောင်ဝီနှင့် မမောနိကာ(ခ)မူကလဲတို့ ၂ ဦးအား လွိုင်ကော်မြို့မရဲစခန်း မယ(ပ)၃၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/ ၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသော နေလင်းအောင်(ခ)မောင်ဝီအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

RangonNewsDaily:: November . 1 .2013 
၃၁-၁၀-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၅) မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲ
တပ်ဖွဲ့စု(တောင်ကြီး)မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လွိုင်ကော် မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာရွာနေ နေလင်းအောင် (ခ)မောင်ဝီ(၃၈)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေ
ခဲ့သည်။ ထိုသို့ရှာဖွေရာ နေလင်းအောင်အားမတွေ့ရှိရဘဲ ၎င်း၏ဇနီးဖြစ်သူ မမောနိကာ(ခ)မူကလဲ(၃၈)နှစ်အား  နေ
အိမ်အိပ်ခန်းအတွင်းပွိုင့်၂၂ အမျိုးအစား ပြောင်းရှည်သေနတ်(၁)လက်၊ ခေါက်၍ရပြီး၇.၆၂အမျိုးအစားကျည်
ဖြင့်ပစ်ခတ်ရသော ပြောင်းရှည်လုပ်သေနတ်(၁)လက်၊ တူမီး ပြောင်းရှည်သေနတ်(၁)လက်၊ လေသေနတ်(
၁)လက်၊ ၅.၅၆အမျိုးအစားကျည်(၅၈)တောင့်၊ပွိုင့် ၂၂ ကျည်(၄၃)တောင့်၊ ၇.၆၂ အမျိုးအစားကျည်(၂)တောင့်
၊ ၉ မမ ကျည်(၄၂)တောင့်၊91 အမျိုးအစားလက်ပစ်ဗုံး(၁)လုံး၊M-16ကျည်ဘောက်(၃)ခု၊ M-22 ကျည်ဘောက်
(၂)ခုနှင့် အိပ်ယာခြေရင်းရှိ ရေခဲဗူး အတွင်းမှ ဘိန်းစိမ်း(၁)ကီလို၊ တန်ဘိုးငွေကျပ်(၆၅၀၀၀၀ိ/-) တို့အား
 တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
 
တရားခံ နေလင်းအောင် (ခ)မောင်ဝီနှင့် မမောနိကာ(ခ)မူကလဲတို့ ၂ ဦးအား လွိုင်ကော်မြို့မရဲစခန်း မယ(ပ)
၃၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(
က)/ ၂၂(ခ)/၂၁ဖြင့်အမှုဖွင့်အရေးယူထားပြီးထွက်ပြေးတိမ်းရှောင်နေသော နေလင်းအောင်(ခ)မောင်ဝီအား
ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment