Pages

Pages - Menu

Friday, November 22, 2013

ထားဝယ် စီမံကိန်း အီတာလျံ-ထိုင်း နုတ်ထွက်၊ မြန်မာ-ထိုင်း စာချုပ်သစ် ပြန်ချုပ်

RangonNewsDaily:: November . 22 .2013
အရှေ့တောင်အာရှ ကုန်သွယ်ရေး တံခါးပေါက်အဖြစ် သတ်မှတ် ခံထားရသည့် ထားဝယ် စီမံကိန်းမှ မူလအကောင်အထည် ဖော်မည့် အီတာလျံ-ထိုင်း ကုမ္ပဏီနုတ် ထွက်သွားပြီး စီမံကိန်း ဆက်လက်လုပ် ဆောင်ရန် မြန်မာနှင့် ထိုင်းအစိုးရတို့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် လက်မှတ် ရေးထိုးကြောင်း ထိုင်းသတင်း အေဂျင်စီ TNA တွင် ဖော်ပြထားသည်။
ထားဝယ် စီမံကိန်း အကောင်အထည်ဖော်ရေး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မှု မရှိခြင်းနှင့် ရေနက်ဆိပ်ကမ်း အပါအဝင် စီမံကိန်းတွင် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် မဆောင်ရွက်နိုင်မှု တို့ကြောင့် မြန်မာနှင့် ထိုင်းအစိုးရတို့ ဆက်လက် အကောင်အထည်ဖော်ရန် စီမံကိန်း လွှဲပြောင်း ရယူခြင်း ဖြစ်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ရှင်းလင်းထားသည်။

“အီတာလျံ-ထိုင်းကပဲ ဆက်လုပ်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာဖို့ မဖြစ်နိုင်ဘူး” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က စီမံကိန်း လွှဲပြောင်းရယူသည့် အခမ်းအနားတွင် ပြောဆိုသည်။

မြန်မာ-ထိုင်း ပူးပေါင်း အကောင်အထည်ဖော်မည့် ယင်းစီမံကိန်းကို အခြေခံ အဆောက်အဦများ အမြန်ဆုံး ပြီးစီးရေး အလေးထား လုပ်ဆောင်သွားကာ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ် သွားမည် ဖြစ်ကြောင်း ဦးဆက်အောင်က ရိုက်တာ သတင်းဌာနသို့ ပြောဆိုထားသည်။

ထားဝယ် စီမံကိန်းအတွက် ၇၅ နှစ်အထိ လုပ်ပိုင်ခွင့် ရရှိခဲ့သည့် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျံ-ထိုင်း အနေနှင့် စီမံကိန်းကို ၂၀၁၄ ခုနှစ် မေလ နောက်ဆုံးထား၍ မြန်မာ-ထိုင်း အစိုးရ နှစ်ရပ် ပူးပေါင်း ဖွဲ့စည်းထားသည့် ထားဝယ် စီမံကိန်း အထူးမောင်းနှင်ရေး အဖွဲ့ထံ လွှဲပြောင်းရမည် ဖြစ်ကြောင်း TNA ကဆိုသည်။


“ထားဝယ် စီမံကိန်းအတွက် စီမံခန့်ခွဲမှု ကုမ္ပဏီတစ်ခုကို အရင်ရွေးချယ်ပါမယ်” ဟု ထိုင်းနိုင်ငံ စီးပွားရေးဝန်ကြီး Niwatthamrong Boonsongpaisan က ပြောကြားသည်။

အီတာလျံ-ထိုင်း ကုမ္ပဏီက ထားဝယ် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်းတစ်ရာ့ကိုးဆယ် နီးပါး ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံ ငွေများကို အတိုးနှုန်းနှင့်တကွ ထားဝယ် စီမံကိန်း အဖွဲ့ထံမှ ပြန်လည် ရရှိမည်ဟု မျှော်လင့်ကြောင်း ယင်းကုမ္ပဏီက ပြောဆိုထားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment