Pages

Pages - Menu

Wednesday, November 20, 2013

မန္တလေး စပါးနှံတာယာစက်ရုံ လုပ်သား ၃၀၀ ဆန္ဒပြ

Photo: မန္တလေး စပါးနှံတာယာစက်ရုံ လုပ်သား ၃၀၀ ဆန္ဒပြ
Wednesday, November 20, 2013

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းရှိ စပါးနှံတာယာစက်ရုံမှ အလုပ်သမား ၃၀၀ ခန့်သည် တနင်္ဂနွေနေ့ အလုပ်ပိတ်ပေးရန်နှင့် လစာငွေ နှစ်သောင်းတိုးပေးရန် ထိုစက်ရုံရှေ့၌ပင် သပိတ်စခန်းဖွင့် တောင်းဆိုလျှက်ရှိသည်။

နိုဝင်ဘာလ ၂၀ရက် နံနက်၈နာရီမှစတင်ကာ တောင်းဆိုဆန္ဒပြနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ တောင်းဆိုခြင်းများကို အလုပ်ရှင်ဘက်မှ လိုက်လျောမှုမပေးမခြင်း သပိတ်စခန်းဖွင့် တောင်းဆိုသွားမည်ဟု ဦးဆောင်သူ ကိုဝင်းဇော်ဟိန်းက မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ တောင်းဆိုနေတာ အလုပ်ရှင်မနစ်နာပါဘူး။ ပေးနိုင်တဲ့တောင်းဆိုမှုပါ။တနင်္ဂနွေတစ်ရက် စက်ရုံပိတ်ပေးရန်နဲ့ လစာ၂သောင်း တိုးပေးရန်တောင်းဆိုတာပါ။ ဒီနှစ်ချက်မရမချင်း ဒီနေရာကမထပါဘူ။ဆက်လက် မရမချင်းတောင်းဆိုသွားမှာပါ။ အခုချိန်ထိတော့ အလုပ်ရှင်ဘက်က လာရောက်ညှိနှိုင်းမှုမျိုး မရှိသေးပါဘူး။"ဟု ဥက္ကဋ္ဌ ကိုဝင်းဇော်ဟိန်းက ပြောသည်။

ယင်းသို့ ဆန္ဒပြတောင်းဆိုခြင်း မပြုလုပ်မီ အလုပ်ရှင်ထံ စက်တင်ဘာလ ၁၅ရက်က တစ်ကြိမ်၊ ၂၀ရက်က တစ်ကြိမ်၊ ၂၃ရက်ကတစ်ကြိမ်နှင့် ၂၈ရက်ကတစ်ကြိမ် လေးကြိမ်တိုင်တိုင် အလုပ်ရှင်ထံ ညှိနှိုင်းတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ဆန္ဒပြဦးဆောင်သည့် အတွင်းရေးမှူး ကိုညီညီဇော်က မဇ္ဈိမကိုပြောသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ရန် ပြည်ကြီးတံခွန် မြို့နယ် အဆင့်မြင့်ရဲစခန်းတွင် တရားဝင်စာတင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ လစာတိုးပေးဖို့ HR က ဆွဲနေပါတယ်။ သြဂုတ်လကတည်းကပါ။နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ ရေးဆွဲနေတာပါ။ ၂၀၁၄ဇန်နဝါရီလောက်မှာ ဆွဲပြီးမယ်။ဖေဖော်ဝါရီလလောက်မှာတိုးပေးဖို့ လုပ်သွားမှပါ။ ဒီအတိုင်းကတော့တိုးမပေးနိုင်သေးပါဘူး"ဟု စပါးနှံတာယာစက်ရုံ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က မဇ္ဈိမကိုပြောသည်။

ယင်းသို့ လစာတိုးမြှင့်ပေးရန် စက်ရုံဘက်မှ အလုပ်သမားတွေများသိရှိရန် ကြော်ငြာကပ်ခြင်၊ အလုပ်သမားခေါင်းများအား ခေါ်ပြောခြင်းများ ပြုလုပ်ထားပြီးဖြစ်သော်လည်း တနင်္ဂနွေနေ့တွင် ရုံပိတ်ပေးရန်မှာမူ မဖြစ်နိုင်ဟု ဦးမောင်မောင်က ပြောသည်။

စပါးနှံတာယာစက်ရုံ တွင် အလုပ်သမား၄၂၀ရှိပြီး လက်ရှိတွင် အခြေခံ လစာငွေ ကိုးသောင်း ရရှိပြီး ဥပုသ်နေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည်ဟု သိရသည်။

Mizzima - News in Burmese

RangonNewsDaily:: November . 20 .2013
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းရှိ စပါးနှံတာယာစက်ရုံမှ အလုပ်သမား ၃၀၀ ခန့်သည် တနင်္ဂနွေနေ့ အလုပ်ပိတ်ပေးရန်နှင့် လစာငွေ နှစ်သောင်းတိုးပေးရန် ထိုစက်ရုံရှေ့၌ပင် သပိတ်စခန်းဖွင့် တောင်းဆိုလျှက်ရှိသည်။ နိုဝင်ဘာလ ၂၀ရက် နံနက်၈နာရီမှစတင်ကာ တောင်းဆိုဆန္ဒပြနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ တောင်းဆိုခြင်းများကို အလုပ်ရှင်ဘက်မှ လိုက်လျောမှုမပေးမခြင်း သပိတ်စခန်းဖွင့် တောင်းဆိုသွားမည်ဟု ဦးဆောင်သူ ကိုဝင်းဇော်ဟိန်းက မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ တောင်းဆိုနေတာ အလုပ်ရှင်မနစ်နာပါဘူး။ ပေးနိုင်တဲ့တောင်းဆိုမှုပါ။တနင်္ဂနွေတစ်ရက် စက်ရုံပိတ်ပေးရန်နဲ့ လစာ၂သောင်း တိုးပေးရန်တောင်းဆိုတာပါ။ ဒီနှစ်ချက်မရမချင်း ဒီနေရာကမထပါဘူ။ဆက်လက် မရမချင်းတောင်းဆိုသွားမှာပါ။ အခုချိန်ထိတော့ အလုပ်ရှင်ဘက်က လာရောက်ညှိနှိုင်းမှုမျိုး မရှိသေးပါဘူး။"ဟု ဥက္ကဋ္ဌ ကိုဝင်းဇော်ဟိန်းက ပြောသည်။

ယင်းသို့ ဆန္ဒပြတောင်းဆိုခြင်း မပြုလုပ်မီ အလုပ်ရှင်ထံ စက်တင်ဘာလ ၁၅ရက်က တစ်ကြိမ်၊ ၂၀ရက်က တစ်ကြိမ်၊ ၂၃ရက်ကတစ်ကြိမ်နှင့် ၂၈ရက်ကတစ်ကြိမ် လေးကြိမ်တိုင်တိုင် အလုပ်ရှင်ထံ ညှိနှိုင်းတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ဆန္ဒပြဦးဆောင်သည့် အတွင်းရေးမှူး ကိုညီညီဇော်က မဇ္ဈိမကိုပြောသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ရန် ပြည်ကြီးတံခွန် မြို့နယ် အဆင့်မြင့်ရဲစခန်းတွင် တရားဝင်စာတင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ လစာတိုးပေးဖို့ HR က ဆွဲနေပါတယ်။ သြဂုတ်လကတည်းကပါ။နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ ရေးဆွဲနေတာပါ။ ၂၀၁၄ဇန်နဝါရီလောက်မှာ ဆွဲပြီးမယ်။ဖေဖော်ဝါရီလလောက်မှာတိုးပေးဖို့ လုပ်သွားမှပါ။ ဒီအတိုင်းကတော့တိုးမပေးနိုင်သေးပါဘူး"ဟု စပါးနှံတာယာစက်ရုံ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က မဇ္ဈိမကိုပြောသည်။

ယင်းသို့ လစာတိုးမြှင့်ပေးရန် စက်ရုံဘက်မှ အလုပ်သမားတွေများသိရှိရန် ကြော်ငြာကပ်ခြင်၊ အလုပ်သမားခေါင်းများအား ခေါ်ပြောခြင်းများ ပြုလုပ်ထားပြီးဖြစ်သော်လည်း တနင်္ဂနွေနေ့တွင် ရုံပိတ်ပေးရန်မှာမူ မဖြစ်နိုင်ဟု ဦးမောင်မောင်က ပြောသည်။

စပါးနှံတာယာစက်ရုံ တွင် အလုပ်သမား၄၂၀ရှိပြီး လက်ရှိတွင် အခြေခံ လစာငွေ ကိုးသောင်း ရရှိပြီး ဥပုသ်နေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည်ဟု သိရသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment