Pages

Pages - Menu

Wednesday, November 13, 2013

မန်ချက်စတာ ယူနိုက်တက်အသင်း အကောင်းဆုံးအသင်းဖြစ်၍ လူမုန်းခံရခြင်းဟု ဂျုံးစ်မှတ်ချက်ပြု

Photo: ယူနိုက်တက်သည် အကောင်းဆုံးအသင်းဖြစ်၍ လူမုန်းခံရခြင်းဟု ဂျုံးစ်မှတ်ချက်ပြု
Wednesday, November 13, 2013

အကောင်းဆုံး အသင်းအနေဖြင့် လူမုန်းခံရခြင်းမှာ မဆန်းကြောင်း မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးစ်က ပြောကြားလိုက်သည်။

ယူနိုက်တက်သည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင် ဖိအားများစွာ ကြုံခဲ့ရသော်လည်း အာဆင်နယ် အသင်းကို တနင်္ဂနွေနေ့က (၁-၀)ဖြင့် အနိုင်ယူပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ရေး လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိလာခဲ့သည်။ ယူနိုက်တက်သည် အိုးလ်ထရက်ဖို့ဒ်တွင် နိုင်ပွဲရခဲ့ခြင်းနှင့်အတူ အာဆင်နယ်နောက် (၅)မှတ်အကွာတွင် ရှိနေခဲ့သည်။ အင်္ဂလန် လူငယ်ခံစစ်သမား ဂျုံးစ်က ယူနိုက်တက်ကို ကျရှုံးစေလိုသူ အများအပြား ရှိနေခြင်းကို မအံ့ဩဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက "ကျွန်တော်တို့ အသင်းကို ကျရှုံးသွားစေချင်တဲ့ လူတွေ အများကြီးပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လိဂ်ချန်ပီယံဆုကို အကြိမ်ပေါင်းများစွာ ယူထားနိုင်တဲ့ အသင်းမို့ပါပဲ"ဟု ဆိုသည်။ ဆက်လက်၍ ဂျုံးစ်က "လူတိုင်းက အကောင်းဆုံး အသင်းကို မုန်းကြတာပါပဲ။ ကျွန်တော် ဒီကို ရောက်မလာခင် ကတည်းက ယူနိုက်တက်ဟာ ချန်ပီယံဆုကို အကြိမ်ကြိမ် ရယူခဲ့တဲ့ အသင်းပါ။ ဒီအခြေအနေကို ကျွန်တော်တို့ အားရတယ်။ သီတင်းပတ်တိုင်း ကျွန်တော်တို့ရဲ့ အရည်အချင်းကို စစ်ဆေးနေမှုတွေကို ကျွန်တော်တို့ ဖြတ်သန်းနေတာပါ"ဟုလည်း ပြောဆိုခဲ့သည်။

၎င်းက ဆက်လက်၍ "လူတွေက ကျွန်တော်တို့ကို သံသယဝင်လေလေ၊ ကျွန်တော်တို့ရဲ့ ရပ်တည်မှုကို သက်သေပြဖို့ တွန်းအားဖြစ်လေလေပါပဲ။ ကျွန်တော်တို့ဟာ မနှစ်ကရာသီ ချန်ပီယံဆုကို ပိုင်ဆိုင်ထားတဲ့ အသင်းပါ။ ဘာစွမ်းဆောင်မှုမှ မရှိဘဲ ချန်ပီယံဆုကို ရခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ရမှတ်တိုင်းကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ပြီး ချန်ပီယံ ဖြစ်လာတဲ့ အသင်းပါ"ဟုလည်း ပြောကြားသွားသည်။ 

Ref:dailymail
Soccer Myanmar

RangonNewsDaily:: November . 13 .2013
အကောင်းဆုံး အသင်းအနေဖြင့် လူမုန်းခံရခြင်းမှာ မဆန်းကြောင်း မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးစ်က ပြောကြားလိုက်သည်။ ယူနိုက်တက်သည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင် ဖိအားများစွာ ကြုံခဲ့ရသော်လည်း အာဆင်နယ် အသင်းကို တနင်္ဂနွေနေ့က (၁-၀)ဖြင့် အနိုင်ယူပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ရေး လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိလာခဲ့သည်။ 
 
ယူနိုက်တက်သည် အိုးလ်ထရက်ဖို့ဒ်တွင် နိုင်ပွဲရခဲ့ခြင်းနှင့်အတူ အာဆင်နယ်နောက် (၅)မှတ်အကွာတွင် ရှိနေခဲ့သည်။ အင်္ဂလန် လူငယ်ခံစစ်သမား ဂျုံးစ်က ယူနိုက်တက်ကို ကျရှုံးစေလိုသူ အများအပြား ရှိနေခြင်းကို မအံ့ဩဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက "ကျွန်တော်တို့ အသင်းကို ကျရှုံးသွားစေချင်တဲ့ လူတွေ အများကြီးပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လိဂ်ချန်ပီယံဆုကို အကြိမ်ပေါင်းများစွာ ယူထားနိုင်တဲ့ အသင်းမို့ပါပဲ"ဟု ဆိုသည်။ ဆက်လက်၍ ဂျုံးစ်က "လူတိုင်းက အကောင်းဆုံး အသင်းကို မုန်းကြတာပါပဲ။ 
 
ကျွန်တော် ဒီကို ရောက်မလာခင် ကတည်းက ယူနိုက်တက်ဟာ ချန်ပီယံဆုကို အကြိမ်ကြိမ် ရယူခဲ့တဲ့ အသင်းပါ။ ဒီအခြေအနေကို ကျွန်တော်တို့ အားရတယ်။ သီတင်းပတ်တိုင်း ကျွန်တော်တို့ရဲ့ အရည်အချင်းကို စစ်ဆေးနေမှုတွေကို ကျွန်တော်တို့ ဖြတ်သန်းနေတာပါ"ဟုလည်း ပြောဆိုခဲ့သည်။

၎င်းက ဆက်လက်၍ "လူတွေက ကျွန်တော်တို့ကို သံသယဝင်လေလေ၊ ကျွန်တော်တို့ရဲ့ ရပ်တည်မှုကို သက်သေပြဖို့ တွန်းအားဖြစ်လေလေပါပဲ။ ကျွန်တော်တို့ဟာ မနှစ်ကရာသီ ချန်ပီယံဆုကို ပိုင်ဆိုင်ထားတဲ့ အသင်းပါ။ ဘာစွမ်းဆောင်မှုမှ မရှိဘဲ ချန်ပီယံဆုကို ရခဲ့တာ မဟုတ်ပါဘူး။ 
 
ကျွန်တော်တို့ဟာ ရမှတ်တိုင်းကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ပြီး ချန်ပီယံ ဖြစ်လာတဲ့ အသင်းပါ"ဟုလည်း ပြောကြားသွားသည်။

Ref:dailymail
Soccer Myanmar , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment