Pages

Pages - Menu

Tuesday, November 19, 2013

ဆီးဂိမ်းဧည့်ပရိသတ်ကတ်များ လျှောက်ထားနိုင်ပြီ

RangonNewsDaily:: November . 19 .2013
(၂၇)ကြိမ်မြောက် ဆီးဂိမ်းအားကစား ဧည့်ပရိသတ်ကတ်ပြားများအား နိုဝင်ဘာ ၁၈ရက်မှ ဒီဇင်ဘာ ၂ဝရက်အထိ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။ဧည့်ပရိသတ်ကတ်ပြားများ အား တစ်စောင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ လက်မှတ်ဝယ်ယူသူများမှာ မှတ် ပုံတင်နှင့်အတူ လူကိုယ်တိုင်လာ ရောက်ရမည်ဖြစ်သည်။ ဆက်လက်၍ မိသားစုဝင် များအတွက်ဝယ်ယူရာတွင် မှတ် ပုံတင်နှင့် လိုင်စင်ဓာတ်ပုံ တစ်ပုံ တို့ယူဆောင်လာရမည်ဖြစ်သည်။

ဧည့်ပရိသတ်ကတ်များ ဝယ် ယူနိုင်ရန်အတွက် နေပြည်တော် တွင် လယ်ဝေးအားကစားလေ့ ကျင့်ရေးရုံ (၂)၊ ဝဏ္ဏသိဒ္ဓိအားက စားရုံ၊ ပျဉ်းမနားPaung Laung အားကစားကွင်းနှင့် Junction Center Hotel Zone များတွင် ဝယ်ယူနိုင်ပြီဖြစ်သည်။

ရန်ကုန်တွင် Junction Square သုဝဏ္ဏအမျိုးသားအား ကစားရုံ(၁)တို့တွင် ဝယ်ယူရရှိနိုင် ပြီး အဆိုပါလက်မှတ်များမှာ ဆီး ဂိမ်းပြိုင်ပွဲကျင်းပရာ မည်သည့် နေရာတွင်မဆို အသုံးပြုနိုင် ကြောင်း သိရသည်။
 
Yangon Media Group , kolatt(PBDN)
RangonNewsDaily
 

No comments:

Post a Comment