Pages

Pages - Menu

Wednesday, November 27, 2013

လေကြောင်း ထောက်လှမ်းရေဇုန်ထားရှိမှု တရုတ်နှင့်ဂျပန်ကြား တင်းမာ

Photo: လေကြောင်း ထောက်လှမ်းရေဇုန်ထားရှိမှု တရုတ်နှင့်ဂျပန်ကြား တင်းမာ 
Tuesday, November 26, 2013

တရုတ်ပင်လယ်အော် အရှေ့ ပိုင်းမှာ တရုတ်တို့ အသစ်တည်ဆောက်သတ်မှတ် လိုက်တဲ့ လေကြောင်း စုံစမ်းထောက် လှမ်းရေးဇုန် ( ADIZ ) ကြောင့် တရုတ်နဲ့ ဂျပန် ဆက်ဆံရေးတင်းမာလျက် ရှိကြောင်း သိရ ပါတယ်။ 

ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ ဂျပန်နိုင်ငံရှိ တရုတ်သံရုံး အရှေ့ မှာ ဆန္ဒပြမှု အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး တရုတ် သံရုံး သံအမတ် Cheng Yonghua ကတော့ ဂရုမစိုက်ပဲနေခဲ့ပါတယ်။ တရုတ်ပြည်ရှိ ဂျပန် ထိပ်သီးခေါင်းဆောင် များနဲ့ တရုတ် အစိုးရအဖွဲ့ဝင်တို့လည်း ယင်းကိစ္စနဲ့ ပက်သက်ပြီး အခြေအတင် ဆွေးနွေးခဲ့ကြ ပါတယ်။ “ ၁၉၆၀ ကျော် တွေ ကတည်းက ဂျပန်တို့ဟာ ADIZ ကို တည်ဆောက် တပ်ဆင်ခဲ့ပြီးပြီး ယခု ကျနော်တို့ တပ်ဆင် တည်ဆောက် မှုမှာ လာပြီးတော့ တားမြစ်စရာ အကြောင်းမရှိပါ ဘူး။ ဒါဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမို တင်းမာစေမယ့် လုပ်ရပ် ဖြစ်ပါတယ်။” လို့ တရုတ် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Zheng Zeguang က အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ ပါတယ်။ 

၁၉၅၀ ခုနှစ်နောက်ပိုင်းကစလို့ ကမ္ဘာ့ အင်အားကြီး နိုင်ငံပေါင်း ၂၀ ကျော် ဟာ ၎င်းတို့ တိုင်းပြည် လုံခြုံရေး အတွက် လေကြောင်း ထောက် လှမ်းရေး စခန်းများကို ငွေကုန်ကြေးကျ ခံပြီး တည်ဆောက်ခဲ့ကြ ပါတယ်။ ယင်းထဲမှာ လည်း ဂျပန်ပါဝင် ပါတယ်။ ယခု ကမ္ဘာ့ စစ်အင်အားကြီး နိုင်ငံထဲ ပါဝင်လာတဲ့ တရုတ်ဟာလည်း တရုတ်ပင်လယ်အော် နဲ့ တရုတ်ပြည် မ အေးချမ်းလုံခြုံရေးအတွက် ADIZ ထားရှိရခြင်း ဖြစ်တယ် လို့ ပြောဆိုခဲ့ ကြောင်း သိရ ပါတယ်။
.
Ref: Xinhua
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 27 .2013
တရုတ်ပင်လယ်အော် အရှေ့ ပိုင်းမှာ တရုတ်တို့ အသစ်တည်ဆောက်သတ်မှတ် လိုက်တဲ့ လေကြောင်း စုံ
စမ်းထောက် လှမ်းရေးဇုန် ( ADIZ ) ကြောင့် တရုတ်နဲ့ ဂျပန် ဆက်ဆံရေးတင်းမာလျက် ရှိကြောင်း သိရ ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ ဂျပန်နိုင်ငံရှိ တရုတ်သံရုံး အရှေ့ မှာ ဆန္ဒပြမှု အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး တရုတ် သံရုံး သံအမတ် Cheng Yonghua ကတော့ ဂရုမစိုက်ပဲနေခဲ့ပါတယ်။ တရုတ်ပြည်ရှိ ဂျပန် ထိပ်သီးခေါင်းဆောင် များနဲ့ တရုတ် အစိုးရအဖွဲ့ဝင်တို့လည်း ယင်းကိစ္စနဲ့ ပက်သက်ပြီး အခြေအတင် ဆွေးနွေးခဲ့ကြ ပါတယ်။ 
 
“ ၁၉၆၀ ကျော် တွေ ကတည်းက ဂျပန်တို့ဟာ ADIZ ကို တည်ဆောက် တပ်ဆင်ခဲ့ပြီးပြီး ယခု ကျနော်တို့ တပ်ဆင် တည်ဆောက် မှုမှာ လာပြီးတော့ တားမြစ်စရာ အကြောင်းမရှိပါ ဘူး။ ဒါဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမို တင်းမာစေမယ့် လုပ်ရပ် ဖြစ်ပါတယ်။” လို့ တရုတ် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Zheng Zeguang က အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ ပါတယ်။

၁၉၅၀ ခုနှစ်နောက်ပိုင်းကစလို့ ကမ္ဘာ့ အင်အားကြီး နိုင်ငံပေါင်း ၂၀ ကျော် ဟာ ၎င်းတို့ တိုင်းပြည် လုံခြုံရေး အတွက် လေကြောင်း ထောက် လှမ်းရေး စခန်းများကို ငွေကုန်ကြေးကျ ခံပြီး တည်ဆောက်ခဲ့ကြ ပါတယ်။ ယင်းထဲမှာ လည်း ဂျပန်ပါဝင် ပါတယ်။ 
 
ယခု ကမ္ဘာ့ စစ်အင်အားကြီး နိုင်ငံထဲ ပါဝင်လာတဲ့ တရုတ်ဟာလည်း တရုတ်ပင်လယ်အော် နဲ့ တရုတ်ပြည် မ အေးချမ်းလုံခြုံရေးအတွက် ADIZ ထားရှိရခြင်း ဖြစ်တယ် လို့ ပြောဆိုခဲ့ ကြောင်း သိရ ပါတယ်။
.
Ref: Xinhua
( ရိုးရာလေး ) , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment