Pages

Pages - Menu

Thursday, November 28, 2013

ကလေးဝမြို့ဆိပ်ကမ်းတွင် အမြန်ရေယာဉ်ပန်ကာခုတ်မိ၍ ဈေးသည်မိန်းကလေးတစ်ဦး သေဆုံး

RangonNewsDaily:: November . 28 .2013
ကလေးဝမြို့ဆိပ်ကမ်းတွင် အမြန်ရေယာဉ်ပန်ကာခုတ်မိသဖြင့် ၁၆-နှစ်အရွယ်ဈေးသည် အမျိုးသမီးတစ်ဦး ကလေးမြို့ ပြည့်သူ့ဆေးရုံကြီးတွင် ယမန်နေ့က သေဆုံးခဲ့သည်။ “အမြန်ယာဉ်နားကပ်ပြီး လှေပေါ်ကနေ

ဈေးရောင်းတာပါ။ အမြန်ယာဉ် ထွက်ချိန်မှာ လှိုင်းကြောင့် လှေက မှောက်သွားတယ်။ လှေမှောက်သွားပြီး
 အမြန်ယာဉ်က ပြန်ဆုတ်လိုက်တဲ့အခါ ပန်ကာက လူအုပ်ထဲကို မွှေ့သွားတယ်။
လူအုပ်ထဲမှာမှအဲဒီကောင်မလေးကိုထိသွားတယ်။ လှေကိုလည်းပန်ကာခုတ်စားသွားတယ်”ဟုလူနာအား
ဆေးရုံလာပို့သူများထဲမှ မြင်တွေ့သူတစ်ဦးက ပြောသည်။

“လူနာက ညနေ (၄)နာရီ (၄၅) မိနစ်လောက်မှာ ပြင်ပလူနာဌာနကို ရောက်လာပါတယ်။ ကလေးဝမြို့ ဆေး

ရုံကတော့ ခေါင်းကို ပတ်တီးစီးပေးထားပါတယ်။ မျက်နှာရဲ့ ညာဘက်ခြမ်းကို ပန်ကာထိသွားတယ်လို့ပြောပါ
တယ်။

အပေါ်သွားလေးချောင်းတောင် ပြတ်နေတာ တွေ့ရပါတယ်။ဝမ်းဗိုက်ညာဘက်ပေါက်နေပြီးအူမကြီး ထွက်နေ

ပါပြီ။ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားကုပေမယ့် ညနေ(၅)နာရီ မိနစ်(၄၀)မှာတော့ လက်လျော့လိုက်ရပါ
တယ်”ဟု ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်က ပြောသည်။

ချမ်းသာအောင်အမြန်ရေယာဉ်မောင်း ကိုခင်မောင်ဦးကိုအမှုအမှတ်ယာဉ်(ပ-၁၉/၂၀၀၁၃)ဖြင့် ကလေးဝမြို့

၊ မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကလေးဝမြို့ ရဲစခန်းမှ ဒုရဲအုပ် ရဲစိုးမိုး က
ပြောသည်။

သေဆုံးသူဈေးသည်မလေးသည် ကလေးဝမြို့၊ အမှတ်(၃)ရပ်ကွက်မှ ဦးအောင်ကျော်တိုး၊ ဒေါ်တင်တင်ဝင်း

တို့၏ သမီး မကေခိုင်ဦးဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူဖြစ်ကြောင်း၊ ချမ်းသာအောင် အမြန်ရေ
ယာဉ်သည် သီဟထွန်း အမြန်ရေယာဉ်အသင်းမှဖြစ်ပြီး ချင်းတွင်းမြစ်အတွင်း ကလေးဝမြို့မှ ဟုမ္မလင်းမြို့သို့ ဆန်တက်မည့်အမြန်ရေယာဉ်ဖြစ်ကြောင်း၊ 

ယမန်နေ့ညနေ(၃)နာရီခန့်တွင်ကလေးဝဆိပ်ကမ်းမှစတင်ထွက်ခွာစဉ်ဖြစ်ပွားခဲ့ကြောင်း၊အမှုဖြစ်ပွားသဖြင့်
ရေယာဉ်ကို ဆက်လက်ထွက်ခွာခွင့်မပြုတော့ဘဲ ကလေးဝဆိပ်ကမ်းသို့ပြန်လည် ဆိုက်ကပ်စေကာ အရေး
ယူမှုများကို ဥပဒေအရ ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment