Pages

Pages - Menu

Thursday, November 28, 2013

နယ်စပ်ဂိတ်ပေါက် ကိုးခုနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး သုံးခုတို့တွင် အမြင့်ဆုံးအဆင့် လုံခြုံရေး ဆောင်ရွက်မှုစတင်

Photo: နယ်စပ်ဂိတ်ပေါက် ကိုးခုနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး သုံးခုတို့တွင် အမြင့်ဆုံးအဆင့် လုံခြုံရေး ဆောင်ရွက်မှုစတင်
Thursday, November 28, 2013

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်များမှ ၀င်ရောက်လာနိုင်သည့် ဂိတ်ပေါက်ကိုးခုနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အမြင့်ဆုံး အဆင့်ဖြင့် လုံခြုံရေးဆောင်ရွက်မှုကို စတင်နေပြီဖြစ်ကြောင်း ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေး ဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

ယင်းကဲ့သို့ လုံခြုံရေးကို အမြင့်ဆုံးအဆင့်ဖြင့် ဆောင်ရွက်မှုတွင် အင်တာပို ရဲတပ်ဖွဲ့နှင့် အာဆီယံရဲတပ်ဖွဲ့တို့မှ Black List စာရင်းသွင်းထားသည့် ပြစ်မှုကျူးလွန်သူများ၏ မှတ်တမ်းများကို ရယူကာ လုံခြုံရေး ဆောင်ရွက်လျှက် ရှိနေကြောင်း သိရသည်။

ထို့အပြင် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် အားကစားပွဲရုံများနှင့် ဆက်စပ်တည်ရှိနေသည့် ရပ်ကွက်၊ မြို့နယ်များတွင်လည်း လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး မိုင်းရှာဖွေရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

"မြန်မာပြည်မှာကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲကြီးကို စည်စည်ကားကားနဲ့ အောင်မြင်စွာ ကျင်းပနိုင်အောင် ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးအပိုင်းတွေမှာ အမြင့်ဆုံးအဆင့်နဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်နေပါပြီ။ ပြည်ပ နယ်စပ်တွေကနေ နိုင်ငံအတွင်းကို ၀င်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေ၊ အားကစားပြိုင်ပွဲမှာ ကျင်းပမယ့် နေရာတွေ၊ ဟိုတယ်တွေနဲ့ အခြားနေရာတွေ အကုန်လုံးမှာ လုံခြုံရေးကို အသေးစိတ် ပိုမိုတိကျပြီး စနစ်ကျတဲ့ ရဲလုပ်ငန်းစဉ်တွေနဲ့ လုပ်ဆောင်နေပါတယ်။ လုံခြုံရေးစစ်ဆေးမှုမှာ အသုံးပြုမယ့် နည်းပညာအထောက်အကူ ပစ္စည်းတွေကိုလည်း အလုံအလောက် ဖြည့်ဆည်းထားပါတယ်"ဟု ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

ဆက်လက်၍ "အဆင့်မြင့် နည်းပညာတွေနဲ့ အထောက်အကူ ပစ္စည်းတွေကို အလုံအလောက်ထားရှိပြီးတော့ စစ်ဆေးသွားမယ့်အပြင် လုံခြုံရေးအင်အားကိုလည်း ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ် ၄၀ အတွင်း ပြန်လည်ကျင်းပမည့် ဆီးဂိမ်းစ် အားကစားပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ငန်းဆပ်ကော်မတီ ၁၄ ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်နေကြောင်း အားကစားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇော်ဝင်းက နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

(မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြက်ခင်းတု ဟော်ကီကွင်းတွင် ဆီးဂိမ်းစ်အကြိုပြိုင်ပွဲ ပြုလုပ်နေစဉ် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ် 
(ဓာတ်ပုံ-အောင်မျိုးသန့်))
Eleven Media Group
(မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြက်ခင်းတု ဟော်ကီကွင်းတွင် ဆီးဂိမ်းစ်အကြိုပြိုင်ပွဲ ပြုလုပ်နေစဉ် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်
(ဓာတ်ပုံ-အောင်မျိုးသန့်))
RangonNewsDaily:: November . 28 .2013
မြန်မာနိုင်ငံအတွင်းသို့နယ်စပ်များမှဝင်ရောက်လာနိုင်သည့် ဂိတ်ပေါက်ကိုးခုနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်း
ပမည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အမြင့်ဆုံး အဆင့်ဖြင့် လုံခြုံရေးဆောင်ရွက်မှုကို စတင်နေပြီဖြစ်ကြောင်း ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေး ဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

ယင်းကဲ့သို့ လုံခြုံရေးကို အမြင့်ဆုံးအဆင့်ဖြင့် ဆောင်ရွက်မှုတွင် အင်တာပို ရဲတပ်ဖွဲ့နှင့် အာဆီယံရဲတပ်ဖွဲ့
တို့မှ Black Listစာရင်းသွင်းထားသည့် ပြစ်မှုကျူးလွန်သူများ၏ မှတ်တမ်းများကို ရယူကာ လုံခြုံရေး ဆောင်
က်လျှက် ရှိနေကြောင်း သိရသည်။

ထို့အပြင် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် အားကစားပွဲရုံများနှင့် ဆက်စပ်တည်ရှိနေသည့် ရပ်ကွက်၊ မြို့
နယ်များတွင်လည်း လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး မိုင်းရှာဖွေရေး လုပ်ငန်းများကို စတင်ဆောင်ရွက်
နေပြီ ဖြစ်ကြောင်း သိရသည်။

"မြန်မာပြည်မှာကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲကြီးကို စည်စည်ကားကားနဲ့ အောင်မြင်စွာ ကျင်းပနိုင်အောင် ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးအပိုင်းတွေမှာ အမြင့်ဆုံးအဆင့်နဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်နေပါပြီ။
 
 ပြည်ပ နယ်စပ်တွေကနေ နိုင်ငံအတွင်းကိုဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတွေ၊အားကစားပြိုင်ပွဲမှာ ကျင်း
ပမယ့် နေရာတွေ၊ဟိုတယ်တွေနဲ့ ခားနေရာတွေ အကုန်လုံးမှာ လုံခြုံရေးကို အသေးစိတ် ပိုမိုတိကျပြီး စနစ်
ကျတဲ့ ရဲလုပ်ငန်းစဉ်တွေနဲ့ လုပ်ဆောင်နေပါတယ်။ 
 
လုံခြုံရေးစစ်ဆေးမှုမှာအသုံးပြုမယ့်နည်းပညာအထောက်အကူ ပစ္စည်းတွေကိုလည်း အလုံအလောက် ဖြည့်
ဆည်းထားပါတယ်"ဟု ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီး
 အောင်မြတ်မိုးက ပြောကြားသည်။

ဆက်လက်၍ "အဆင့်မြင့် နည်းပညာတွေနဲ့ အထောက်အကူ ပစ္စည်းတွေကို အလုံအလောက်ထားရှိပြီးတော့ စစ်ဆေးသွားမယ့်အပြင် လုံခြုံရေးအင်အားကိုလည်း ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါ
တယ်"ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ် ၄၀ အတွင်း ပြန်လည်ကျင်းပမည့် ဆီးဂိမ်းစ် အားကစားပွဲတော်ကို အောင်မြင်စွာ ကျင်း
ပနိုင်ရန် လုပ်ငန်းဆပ်ကော်မတီ ၁၄ ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်နေကြောင်း အားကစားရေးဝန်ကြီးဌာန ဒုတိ
ယ၀န်ကြီး ဦးဇော်ဝင်းက နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။


Eleven Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment