Pages

Pages - Menu

Friday, November 8, 2013

"မျှော်လင့်ချက် ပြည့်ဝခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်"

Photo: "မျှော်လင့်ချက် ပြည့်ဝခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်"
Thursday, November 8, 2013 

ရရှိခဲ့သည့်ရွှေအက်ဖ်အမ် ၂ဝ၁၃ ပေါ်ပြူလာအမျိုးသမီးဆုကို မျှော်လင့်ခဲ့ မိကြောင်း အိုင်းရင်းဇင်မာမြင့်က ဆိုသည်။

”ရွှေအက်ဖ်အမ်ရဲ့ 2013 Popular အမျိုးသမီးဆုကို မမျှော်လင့်ဘူး ပြောရင် ညာပြောရာ ကျမယ်။ ကလေး လူကြီး အားလုံး ကတော့ ရရင် ဝမ်းသာမှာပဲလို့ တော့တွေးမိ သလို ကြောက်လည်း ကြောက် တယ်။ အကြောက် တရားတွေ ကြားကပဲ ဆုရပါစေလို့ မျှော်လင့်မိ တယ်”ဟု ၄င်းက ဆိုသည်။

”ဆုရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာပြီး ဘုရားသခင် ကိုလည်း ကျေးဇူးတော် ချီးမွမ်းသလို မွေးဖွားပေးတဲ့ အဖေအမေ နဲ့ သင်ဆရာ ကြားဆရာ မြင်ဆရာအားလုံး နဲ့ အတူ ဆရာရင်း ဖြစ်တဲ့ ဆရာ မြင့်မိုးအောင် နဲ့ ဆရာ အောင်နိုင်စန်း၊ ဆရာ ဦးချိုပြုံးနှင့် ပရိသတ်ကြီး အားလုံးကို ကျေးဇူး အထူးတင်ပါတယ်” ဟု အိုင်းရင်း ဇင်မာမြင့် ကပြော သည်။

အိုင်းရင်းဇင်မာမြင့်က 2013 Shwe FM ၏ Popular အမျိုးသမီး ဆုကို နှလုံးသား အရင်းအနှီး သီချင်းဖြင့် ရရှိခဲ့သည်။ အဆိုပါ သီချင်းကို ပရိသတ် တောင်းဆိုမှု အများ ဆုံးဖြစ်ပြီး အွန်လိုင်း၊ လူငယ်၊ လူကြီးများကြား သာမက ဖုန်း များတွင်လည်း အောင်မြင်ခဲ့သော သီချင်း တစ်ပုဒ်ဖြစ်ကြောင်း သိရသည်။

”ပရိသတ်တွေပေးတဲ့ ဒီမှတ်တိုင် တစ်ခုတည်းမှာ ရပ်မနေဘဲ ဆက်ကြိုး စားပါဦးမယ်။ ဒုတိယ အခွေကိုလည်း စတင် နေပါပြီ။ ဒီဆုက ခွန်အားတစ်ခု ထပ်တိုးလာ တယ်”ဟု ၄င်းကဆိုသည်။

Popular Journal

RangonNewsDaily:: November . 8 .2013
ရရှိခဲ့သည့်ရွှေအက်ဖ်အမ် ၂ဝ၁၃ ပေါ်ပြူလာအမျိုးသမီးဆုကို မျှော်လင့်ခဲ့ မိကြောင်း အိုင်းရင်းဇင်မာမြင့်က ဆိုသည်။ ”ရွှေအက်ဖ်အမ်ရဲ့ 2013 Popular အမျိုးသမီးဆုကို မမျှော်လင့်ဘူး ပြောရင် ညာပြောရာ ကျမယ်။ ကလေး လူကြီး အားလုံး ကတော့ ရရင် ဝမ်းသာမှာပဲလို့ တော့တွေးမိ သလို ကြောက်လည်း ကြောက် တယ်။ အကြောက် တရားတွေ ကြားကပဲ ဆုရပါစေလို့ မျှော်လင့်မိ တယ်”ဟု ၄င်းက ဆိုသည်။

”ဆုရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာပြီး ဘုရားသခင် ကိုလည်း ကျေးဇူးတော် ချီးမွမ်းသလို မွေးဖွားပေးတဲ့ အဖေအမေ နဲ့ သင်ဆရာ ကြားဆရာ မြင်ဆရာအားလုံး နဲ့ အတူ ဆရာရင်း ဖြစ်တဲ့ ဆရာ မြင့်မိုးအောင် နဲ့ ဆရာ အောင်နိုင်စန်း၊ ဆရာ ဦးချိုပြုံးနှင့် ပရိသတ်ကြီး အားလုံးကို ကျေးဇူး အထူးတင်ပါတယ်” ဟု အိုင်းရင်း ဇင်မာမြင့် ကပြော သည်။

အိုင်းရင်းဇင်မာမြင့်က 2013 Shwe FM ၏ Popular အမျိုးသမီး ဆုကို နှလုံးသား အရင်းအနှီး သီချင်းဖြင့် ရရှိခဲ့သည်။ အဆိုပါ သီချင်းကို ပရိသတ် တောင်းဆိုမှု အများ ဆုံးဖြစ်ပြီး အွန်လိုင်း၊ လူငယ်၊ လူကြီးများကြား သာမက ဖုန်း များတွင်လည်း အောင်မြင်ခဲ့သော သီချင်း တစ်ပုဒ်ဖြစ်ကြောင်း သိရသည်။

”ပရိသတ်တွေပေးတဲ့ ဒီမှတ်တိုင် တစ်ခုတည်းမှာ ရပ်မနေဘဲ ဆက်ကြိုး စားပါဦးမယ်။ ဒုတိယ အခွေကိုလည်း စတင် နေပါပြီ။ ဒီဆုက ခွန်အားတစ်ခု ထပ်တိုးလာ တယ်”ဟု ၄င်းကဆိုသည်။

Popular Journal, kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment