Pages

Pages - Menu

Wednesday, November 27, 2013

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား

Photo: မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
Wednesday, November 27, 2013

သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
လီယွန်နယ်လ် မက်ဆီအတွက် ဘာစီလိုနာ တောင်းသည့်ဈေးမျိုး ပေးချေကာ ကမ်းလှမ်းဝယ်ယူခြင်းသည် ဖြစ်နိုင်ခြေ မရှိသော ကိစ္စမျိုးဟု ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမန်နစ်ဂီက ပြောကြားလိုက်သည်။ သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့သည်။ ဘာစီလိုနာ အသင်းသည် Adidas၏ မဟာပြိုင်ဘက် Nikeနှင့် စာချုပ်ထားရာ Adidasက မက်ဆီကို ဘိုင်ယန်က ခေါ်ယူနိုင်ခြင်းသည် Nikeကို ထိုးနှက်နိုင်မှု လက်နက်တစ်ခုအဖြစ် ယူဆထားသည်။ သို့သော်လည်း လက်ရှိ ဂျာမနီနှင့် ဥရောပ ချန်ပီယံ အသင်းကြီးက မက်ဆီကို ဝယ်ယူရန် အစီအစဉ် မရှိဟု အတိအလင်း ငြင်းချက်ထုတ်လာခြင်း ဖြစ်သည်။

စပိန်မှ သတင်းအချို့က အသက်(၂၆)နှစ် ရှိပြီဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or)ကို (၄)နှစ်ဆက် ရယူထားသည့် မက်ဆီသည် ဘာစီလိုနာနှင့် စာချုပ်ပါ တန်ကြေးသတ်မှတ်ချက် ယူရိုသန်း(၂၅၀)ရှိကြောင်း ဖော်ပြခဲ့ကြသည်။ ဘိုင်ယန်၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက မက်ဆီကို ခေါ်ယူနိုင်လျှင် ဘိုင်ယန်အတွက် အကျိုးများလိမ့်မည်ဟု မှတ်ချက်ပြုခဲ့ရာ ကောလာဟလများ ပိုမိုအားကောင်းလာခဲ့သေးသည်။ ရူမန်နစ်ဂီကမူ ယင်းအခြေအနေသည် ဖြစ်နိုင်ခြေ မရှိဟု ပြောကြားသွားသည်။

"မက်ဆီဟုတ်လား။ ကျွန်တော်တို့ ဖြစ်နိုင်ခြေ မရှိတဲ့ အရာမျိုးအကြောင်း ပြောနေသလိုပဲ။ ကျွန်တော်တို့ ယာဗီမာတီနက်ဇ်ကို ခေါ်ယူခဲ့တုန်းကထက် ဈေးနှုန်းက အများကြီး ပိုလိမ့်မယ်။ ကျွန်တော်တို့ လက်လှမ်းမီမယ် မထင်ဘူး"ဟု ရူမန်နစ်ဂီက ဆိုသည်။ ၎င်းက "နောက်တစ်ချက်က ဘာစီလိုနာ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်ကလည်း မက်ဆီကို ရောင်းမယ်မထင်ပါဘူး။ သူဟာ ဘာစီလိုနာမှာ သူတော်စဉ် တစ်ယောက်လို ရိုသေကိုးစား ခံရသူပါ။ သူ့ကိုရောင်းဖို့ လမ်းမမြင်ဘူး။ မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ဆက်နေဖို့ပဲ စိတ်ဝင်စားမယ် ထင်ပါတယ်။ သူက အဲဒီမှာပဲ လုံးဝဥဿုံ အံဝင် အဆင်ပြေနေတယ် မဟုတ်လား"ဟုလည်း ကောက်ချက်ချသွားသည်။

Planet Myanmar Network

RangonNewsDaily:: November . 27 .2013
မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
လီယွန်နယ်လ် မက်ဆီအတွက် ဘာစီလိုနာ တောင်းသည့်ဈေးမျိုး ပေးချေကာ ကမ်းလှမ်းဝယ်ယူခြင်းသည် ဖြစ်နိုင်ခြေ မရှိသော ကိစ္စမျိုးဟု ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမန်နစ်ဂီက ပြောကြားလိုက်သည်။ သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့သည်။ ဘာစီလိုနာ အသင်းသည် Adidas၏ မဟာပြိုင်ဘက် Nikeနှင့် စာချုပ်ထားရာ Adidasက မက်ဆီကို ဘိုင်ယန်က ခေါ်ယူနိုင်ခြင်းသည် Nikeကို ထိုးနှက်နိုင်မှု လက်နက်တစ်ခုအဖြစ် ယူဆထားသည်။ 
 
သို့သော်လည်း လက်ရှိ ဂျာမနီနှင့် ဥရောပ ချန်ပီယံ အသင်းကြီးက မက်ဆီကို ဝယ်ယူရန် အစီအစဉ် မရှိဟု အတိအလင်း ငြင်းချက်ထုတ်လာခြင်း ဖြစ်သည်။

စပိန်မှ သတင်းအချို့က အသက်(၂၆)နှစ် ရှိပြီဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or)ကို (၄)နှစ်ဆက် ရယူထားသည့် မက်ဆီသည် ဘာစီလိုနာနှင့် စာချုပ်ပါ တန်ကြေးသတ်မှတ်ချက် ယူရိုသန်း(၂၅၀)ရှိကြောင်း ဖော်ပြခဲ့ကြသည်။ 
 
ဘိုင်ယန်၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက မက်ဆီကို ခေါ်ယူနိုင်လျှင် ဘိုင်ယန်အတွက် အကျိုးများလိမ့်မည်ဟု မှတ်ချက်ပြုခဲ့ရာ ကောလာဟလများ ပိုမိုအားကောင်းလာခဲ့သေးသည်။ ရူမန်နစ်ဂီကမူ ယင်းအခြေအနေသည် ဖြစ်နိုင်ခြေ မရှိဟု ပြောကြားသွားသည်။

"မက်ဆီဟုတ်လား။ ကျွန်တော်တို့ ဖြစ်နိုင်ခြေ မရှိတဲ့ အရာမျိုးအကြောင်း ပြောနေသလိုပဲ။ ကျွန်တော်တို့ ယာဗီမာတီနက်ဇ်ကို ခေါ်ယူခဲ့တုန်းကထက် ဈေးနှုန်းက အများကြီး ပိုလိမ့်မယ်။ ကျွန်တော်တို့ လက်လှမ်းမီမယ် မထင်ဘူး"ဟု ရူမန်နစ်ဂီက ဆိုသည်။ 
 
၎င်းက "နောက်တစ်ချက်က ဘာစီလိုနာ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်ကလည်း မက်ဆီကို ရောင်းမယ်မထင်ပါဘူး။ သူဟာ ဘာစီလိုနာမှာ သူတော်စဉ် တစ်ယောက်လို ရိုသေကိုးစား ခံရသူပါ။ သူ့ကိုရောင်းဖို့ လမ်းမမြင်ဘူး။ 
 
မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ဆက်နေဖို့ပဲ စိတ်ဝင်စားမယ် ထင်ပါတယ်။ သူက အဲဒီမှာပဲ လုံးဝ
ဥဿုံ အံဝင် အဆင်ပြေနေတယ် မဟုတ်လား"ဟုလည်း ကောက်ချက်ချသွားသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment