Pages

Pages - Menu

Friday, November 1, 2013

ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးမဲခွဲမှုအား နိုဝင်ဘာ ၆ရက်တွင် ကျင်းပမည်

RangonNewsDaily:: November . 1 .2013
(၂၇) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲဘောလုံးပွဲစဉ်များ၏ အုပ်စုမဲခွဲပွဲကို နို ဝင်ဘာ ၆ရက်တွင် ဝဏ္ဏသိဒ္ဓိကွင်း တွင်

ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည်ဖြစ် သောကြောင့် မြန်မာနိုင်ငံက မဲ ခွဲပွဲအား ဦးဆောင်ကျင်းပခြင်းဖြစ် ပြီး ဘောလုံးပြိုင်
ပွဲများနှင့်ပတ် သက်၍ မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ်က တာဝန်ယူကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏အတွင်းရေးမှူးဦးတင် အောင်က ''ဆီးဂိမ်းအတွက် မဲ ခွဲပွဲကို နိုဝင်ဘာ ၆ ရက်
မှာပြုလုပ် သွားမှာပါ။ ကျွန်တော်တို့က အိမ် ရှင်ဖြစ်တာကြောင့် မဲခွဲပွဲကို ဦး ဆောင် ကျင်းပတာပါ။ ဒီပွဲကို အာ
ရှဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲကျင်းပရေးတာဝန်ခံတွေ၊ အရှေ့ တောင်အာရှ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူ
တွေနဲ့ ပြိုင်ပွဲဝင် အသင်းတွေက တာဝန်ရှိသူတွေ တက်ရောက်ကြမယ်လို့ သိရပါ တယ်။ 

ဘယ်အသင်းတွေ လာ ရောက်ကြမယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဘယ် အသင်းတွေက လာ
ရောက်ကြ မယ်ဆိုတာကို အိုလံပစ်ကော်မတီ က အကြောင်းကြားမှ သေချာသိ ရမှာပါ''ဟုပြောကြားခဲ့သည်။

ထို့အပြင် လက်ရှိအချိန်၌ မြန်မာယူ-၂၃အသင်းသည် တောင် ကိုရီးယားနိုင်ငံတွင် ခြေစမ်းပွဲငါး ပွဲယှဉ်ပြိုင်က

စားခဲ့ပြီး ဂျပန်နိုင်ငံ တွင် ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာယူ-၂၃အသင်းသည် နိုဝင် ဘာ ၁ ရက်မှ၁ဝရက်အထိ ဂျပန် နိုင်ငံတွင် လေ့ကျင့်မှုများ သွား ရောက်ပြု
လုပ်မည်ဖြစ်ပြီး နိုဝင် ဘာ ၄ရက်တွင် J-League (2) ကလပ် ကျိုတိုဆန်ဂါ၊ ၆ရက်တွင် Japan Football League က လပ် ကာမာတာမဲလ်ဆန်နူကီ၊ ရ ရက်တွင် ဆီရီဇိုအိုဆာကာ ယူ-၁၈၊ ၉ရက်တွင် ဟန်နန်တက္ကသိုလ် အ
သင်းများနှင့် ခြေစမ်းကစား သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment