Pages

Pages - Menu

Wednesday, November 6, 2013

သမီးကိုပါးနမ်းပြီး ဖခင်အား ထိုးကြိတ်သူများကို အရေးယူ

RangonNewsDaily:: November . 6 .2013
၅-၁၁-၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် မကွေးမြို့၊ ကင်းကျောက်ကုန်းရပ်၊ ပိတောက် လမ်းနေ မအိသန္တာဖြိုး(၂၃)နှစ်သည် အလုပ်ဆင်းပြီးအိမ်အပြန် ကျောက်ကုန်းရပ်၊ ပိတောက်လမ်းရှိ နေအိမ်အနီးအရောက်တွင် ဖယ်ရီကားပေါ်မှဆင်းစဉ် တစ်ရပ်ကွက်တည်းနေ ပိစိကွေး(ခ)စည်သူ (၁၈)နှစ်၊ ကျော်မျိုးလွင်(၁၈)နှစ်၊ အောင်တင်ဇာဝင်း(၁၈)နှစ်နှင့် ချမ်းမြေ့လွင်(၂၁)နှစ်တို့(၄)ဦး အရက်မူး၍ရောက်ရှိလာခဲ့သည်။

ထိုသို့ရောက်ရှိလာပြီး ပိစိကွေး(ခ)စည်သူမှ မအိသန္တာဖြိုးအား နောက်ကျောမှဖက်ပြီး ယာဘက်ပါးပြင်အားနမ်းရာ မအိသန္တာဖြိုးက လက်ထဲရှိထမင်းချိုင့်ဖြင့် ပစ်ပေါက်ပြီး မိဘများကိုအော်ခေါ်သဖြင့် ပိစိကွေး(ခ)စည်သူမှာထွက်ပြေးသွားခဲ့သည်။ 

ထို့နောက် မအိသန္တာဖြိုးမှ မိဘများနှင့်အတူ ပိစိကွေး(ခ)စည်သူ၏မိခင်ထံ သွားရောက်တိုင်တန်းရာ ပိစိကွေး(ခ) စည်သူမိခင် ဒေါ်တင်မှီမှ “တိုင်ချင်ရာတိုင်” ဟုပြောသဖြင့် ရပ်ကွက်လူကြီးထံသွားရောက်တိုင်တန်းရန် ထွက်လာစဉ် ပိတောက်လမ်းသို့အရောက်၌ ပိစိကွေး(ခ)စည်သူ၊ အောင်တင်ဇာဝင်း၊ ချမ်းမြေ့လွင်၊ ကျော်မျိုးလွင်တို့နှင့်ထပ်မံတွေ့ရှိပြီး ၎င်းတို့(၄)ဦးမှ မအိသန္တာဖြိုး၏ဖခင် ဦးဇော်လွင်အား ၀ိုင်းဝန်း ထိုးကြိတ်သဖြင့် ဦးဇော်လွင်တွင် ယာဘက်နားအုံ/၀ဲဘက်ပါး/ဦးခေါင်းတို့၌ နာကျင် ဒဏ်ရာများ ရရှိခဲ့၍ ပိစိကွေး(ခ)စည်သူပါ(၄)ဦးအား မကွေးမြို့မရဲစခန်း(ပ)၃၅၄/၃၂၅/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်   , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment