Pages

Pages - Menu

Sunday, November 3, 2013

မန္တလေး အရိုးဆေးရုံကြီးတွင် ရေဖြတ်ပြီး ရေသုံးဖို့ပိုက်ဆံယူ

RangonNewsDaily:: November . 3 .2013
ကျွန်တော် မန္တလေး သတင်းပုံရိပ်သို့ တစ်ခါမှ သတင်းမတင်ဖူးပါအခုဟာက အောက်တန်းကျလွန်းလို့ တင်ပြရခြင်းဖြစ်ပါသည်။မနေ့က ၂ ရက်နေ့ နေ့လည်က စပြီး အရိုးဆေးရုံကြီးတွင် ရေများ
ပြတ်လတ်သွားရာ လူနာ နှင့် လူနာစောင့်များ အိမ်သာသုံး ရန်နှင့်သုံးရေ ပြုလုပ်ရန် အခက်အခဲတော်တော် ရောက်ခဲ့ကြရသည်။ ဘာဖြစ်လို့ ရေမလာသည်ကို ဆရာမတွေ၊ သန့်ရှင်းရေးတွေကို မေးလဲတိကျတဲ့ အဖြေနည်း၂ မှ ထွက်မလာ။ ဒီနေ့ မနက် လင်းအားကြီးကျတော့ရေးပေးတဲ့နေရာမှာ လူတစ်ယောက်ကို ၁၀၀ နှုန်းထားနဲ့ မျက်နှာသစ်အိမ်သာသုံးလို့ ရတယ်ဆိုပြီး ပိုက်ဆံယူပါတယ်။ 
လူနာတွေလဲ ကျောက်ပတ်တီးတွေနဲ့ အိမ်သာသွားတက်ရ၊ လူနာစောင့်တွေလဲ အဲဒီ အဝေးတဲ့နေရာကိုအကုန်နီးပါး ရေသုံးချင် ၍ မဖြစ်မနေသွားခဲ့ရပါသည်။ အားလုံးနီးပါးလဲ သွားပြီးရော ရေကိုလွှတ်ပေးပါတော့သည်။ ပိုက်ဆံတွေလဲ ၁ ယောက် ၁၀၀ ယူပြီးဖြစ်ပါသည်။

ဆေးရုံဆိုသည်မှာဒုက္ခ၊ သောက တွေနဲ့ လာရောက်နေကြတဲ့သူများဖြစ်ပါသည်။ အပျော်သဘောတစ်ယောက်မှ မပါ ပါ။ ဒီလို လုပ်ရပ်က အင်မတန်အောက်တန်းကျ ၊ ယုတ်မာ ပါသည်။ ဆေးရုံက ဘယ်သူတွေ ဘယ်လိုပေါင်းပြီး ကျိတ်စားလဲ တော့ ကျွန်တော်လဲမသိပါ။ အဲဒီ အရိုးဆေးရုံကသန့်ရှင်းရေးကအစ လူနာတွေအပေါ် ပါဝါတော်၂ ပြပါသည်။ 
ဒီလို ပြည်သူအားကိုးတဲ့ ဆေးရုံတစ်ခုက ပြည်သူတွေကို ကောင်း၂ မဆက်ဆံ ၊ ပြည်သူတွေဆီကခေါင်းပုံ အမြတ်ထုတ်တဲ့ ဒီလို လုပ်ရပ်ကတော့ အောက်တန်းတကာ့ အောက်တန်းထဲတွင် အောက်တန်းအကျဆုံး လုပ်ရပ်တစ်ခုဖြစ်ပါတော့သည်။

မန္တလေး သတင်း ပုံရိပ်များ , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment