Pages

Pages - Menu

Friday, November 8, 2013

ဆိုက်ဘာတိုက်ခိုက်မှု၏ လက်သည်များကို ဥပဒေအရ ခွင့်လွှတ်ရန်အကြောင်းမရှိဟု စင်္ကာပူက ဆိုပြီ

Photo: ဆိုက်ဘာတိုက်ခိုက်မှု၏ လက်သည်များကို ဥပဒေအရ ခွင့်လွှတ်ရန်အကြောင်းမရှိဟု စင်္ကာပူက ဆိုပြီ
Thursday, November 8, 2013 

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နိုင်ငံ၏ ကွန်ရက်စနစ်များကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်သူ မည်သူ့ကိုမဆို တရားစီရင်ရေးက မျက်နှာသာပေးမည် မဟုတ်ကြောင်း၊ မိမိတို့၏ အစိုးရအဖွဲ့အစည်းသည် အပြစ်ရှိသူ မည်သူ့ကိုမဆို ဖမ်းဆီးအပြစ်နိုင်အောင် ခြေရာခံနိုင်စွမ်းရှိကြောင်း ဆိုလိုက်သည်။ 

နိုဝင်ဘာ ၆ရက်က ၀န်ကြီးချုပ် လီ၏ ပြောကြားချက်တွင် အင်တာနက်တွင် အမည်မဖော်လိုသူဟု ဆိုကာ ခြေရာဖျောက်ထားနိုင်သည့်ဟု ထင်နေသူများက ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်လာလျှင်လည်း သူတို့အနေဖြင့် ကိုင်တွယ်နိုင်သည်ဟု Anonymous နိုင်ငံတကာဟက်ခ်ကာအဖွဲ့ကို ရည်ညွန်းကာ ကြိမ်းဝါးခဲ့သည်။

သူက နိုင်ငံတွင် စတင်နေသည့် Exercise Highcrest 2013 ကိုလည်း အလေးထားမိအောင် ထည့်သွင်း ပြောကြားခဲ့သည်။

လေ့ကျင့်မှုကို အောက်တိုဘာ ၂၉ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ပြုလုပ်ခဲ့ပြီး နိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက် ဆန့်ကျင်ရေးအတွက် အကြီးမားဆုံး အစီအစဉ်တစ်ရပ် ဖြစ်သည်။ 

တိုက်ခိုက်မှုများကို ထိရောက်စွာ တုန့်ပြန်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးသည့် အစီအစဉ်တွင် အေဂျင်စီပေါင်း ၂၀ခန့်မှ လူပေါင်း ၁၆၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့သည်။ 

ယခုက လေ့ကျင့်မှုက အမျိုးသားရေ ကြောင်းလုံခြုံ ရေးစနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ဆိုထားသည်။ 

အောက်တိုဘာ ၃၁ရက်က YouTube တွင် ထွက်ပေါ်လာသော Anonyumous ၏ ဗီဒီယိုဖိုင်တွင် စင်္ကာပူ အစိုးရကို အွန်လိုင်းတိုက်ပွဲ ဆင်နွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အင်တာနက် စည်းမျဉ်းသစ်ကြောင့် လူမှုကွန်ရက်သမားများနှင့် ဘလော့ဂါများတွင် လွတ်လပ်စွာရေးသားခွင့်များ အခက်ကြုံလာဖွယ် ရှိနေသည်။ 

ထို့အတွက် နိုဝင်ဘာ ၁ရက်တွင် Anonymous အဖွဲ့ဝင်တစ်ဦးက စင်္ကာပူအစိုးရကို လိုလားသော စထရိတ်တိုင်းမှ ဘလော့ဂ်တစ်ခုကို ထိုးဖောက်ပြလိုက်ပြီး အင်တာနက် လွတ်လပ်ခွင့်အတွက် တောင်းဆိုချက် များကို မလိုက်လျောလျှင် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည်ဟု သတိပေးခဲ့သည်။ 

ဝန်ကြီးချုပ်လီက ယခုကိစ္စသည် ရယ်စရာမဟုတ်ကြောင်း၊ သူတို့ကိုယ်သူတို့ အမည်မသိသူများဟု ဆို၍ မည်သည့်တာဝန်မှ ခံယူစရာမလိုဟု ထင်နေကြကြောင်း၊ ကိုယ့်ကိုယ်ကိုယ့် အမည်မသိသူဟု ယူဆနေသူများကို ဘယ်သူဘယ်ဝါဖြစ်သည်ဟု မိမိတို့က ဖော်ထုတ်ပေးရမည်ဖြစ်ကြောင်း ပြန်လည် သတိပေးထားသည်။ 

Ref: CNA

RangonNewsDaily:: November . 8 .2013
စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နိုင်ငံ၏ ကွန်ရက်စနစ်များကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်သူ မည်သူ့ကိုမဆို တရားစီရင်ရေးက မျက်နှာသာပေးမည် မဟုတ်ကြောင်း၊ မိမိတို့၏ အစိုးရအဖွဲ့အစည်းသည် အပြစ်ရှိသူ မည်သူ့ကိုမဆို ဖမ်းဆီးအပြစ်နိုင်အောင် ခြေရာခံနိုင်စွမ်းရှိကြောင်း ဆိုလိုက်သည်။ နိုဝင်ဘာ ၆ရက်က ၀န်ကြီးချုပ် လီ၏ ပြောကြားချက်တွင် အင်တာနက်တွင် အမည်မဖော်လိုသူဟု ဆိုကာ ခြေရာဖျောက်ထားနိုင်သည့်ဟု ထင်နေသူများက ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်လာလျှင်လည်း သူတို့အနေဖြင့် ကိုင်တွယ်နိုင်သည်ဟု Anonymous နိုင်ငံတကာဟက်ခ်ကာအဖွဲ့ကို ရည်ညွန်းကာ ကြိမ်းဝါးခဲ့သည်။

သူက နိုင်ငံတွင် စတင်နေသည့် Exercise Highcrest 2013 ကိုလည်း အလေးထားမိအောင် ထည့်သွင်း ပြောကြားခဲ့သည်။

လေ့ကျင့်မှုကို အောက်တိုဘာ ၂၉ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ပြုလုပ်ခဲ့ပြီး နိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက် ဆန့်ကျင်ရေးအတွက် အကြီးမားဆုံး အစီအစဉ်တစ်ရပ် ဖြစ်သည်။

တိုက်ခိုက်မှုများကို ထိရောက်စွာ တုန့်ပြန်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးသည့် အစီအစဉ်တွင် အေဂျင်စီပေါင်း ၂၀ခန့်မှ လူပေါင်း ၁၆၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့သည်။

ယခုက လေ့ကျင့်မှုက အမျိုးသားရေ ကြောင်းလုံခြုံ ရေးစနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ဆိုထားသည်။

အောက်တိုဘာ ၃၁ရက်က YouTube တွင် ထွက်ပေါ်လာသော Anonyumous ၏ ဗီဒီယိုဖိုင်တွင် စင်္ကာပူ အစိုးရကို အွန်လိုင်းတိုက်ပွဲ ဆင်နွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်တာနက် စည်းမျဉ်းသစ်ကြောင့် လူမှုကွန်ရက်သမားများနှင့် ဘလော့ဂါများတွင် လွတ်လပ်စွာရေးသားခွင့်များ အခက်ကြုံလာဖွယ် ရှိနေသည်။

ထို့အတွက် နိုဝင်ဘာ ၁ရက်တွင် Anonymous အဖွဲ့ဝင်တစ်ဦးက စင်္ကာပူအစိုးရကို လိုလားသော စထရိတ်တိုင်းမှ ဘလော့ဂ်တစ်ခုကို ထိုးဖောက်ပြလိုက်ပြီး အင်တာနက် လွတ်လပ်ခွင့်အတွက် တောင်းဆိုချက် များကို မလိုက်လျောလျှင် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည်ဟု သတိပေးခဲ့သည်။

ဝန်ကြီးချုပ်လီက ယခုကိစ္စသည် ရယ်စရာမဟုတ်ကြောင်း၊ သူတို့ကိုယ်သူတို့ အမည်မသိသူများဟု ဆို၍ မည်သည့်တာဝန်မှ ခံယူစရာမလိုဟု ထင်နေကြကြောင်း၊ ကိုယ့်ကိုယ်ကိုယ့် အမည်မသိသူဟု ယူဆနေသူများကို ဘယ်သူဘယ်ဝါဖြစ်သည်ဟု မိမိတို့က ဖော်ထုတ်ပေးရမည်ဖြစ်ကြောင်း ပြန်လည် သတိပေးထားသည်။

Ref: CNA   , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment