Pages

Pages - Menu

Thursday, November 7, 2013

သို့ ချစ်သော အမေ (ဟာသ)

RangonNewsDaily:: November . 7 .2013
အမေ့သားကြီ စာရေးလိုက်တယ် ဖေတို့ မေတို့ အဆင်ပြေကြရဲ့လား ဟိုတလောတုန်းက မြို့ပေါ်က သူဌေးကြီးတစ်ယောက် လယ်သမားတွေ လယ်ထဲ ပင်ပန်းနေကြတာ မကြည့်ရက်လို့ လယ်တွေ အကုန်သိမ်းသွားတယ်လို့ကြားလို့ အမေတို့ အရင်လို ပင်ပင်ပန်းပန်း လုပ်စရာ မလိုတော့ဘူးဆိုပြီး သားဖြင့်ကျေးဇူးတွေတင်နေတာ သားလဲ အဆင်ပြေပါတယ် ရက်ကွက်ကလဲ သားကို ဟောက်စ်ဆင်းနေတဲ့ ဆရာဝန်ပေါက်စမှန်းသိလို့ တစ်ခုခုဆို လာလာခေါ်ကြတယ် မနေ့ကလေးတင် ဘေးအိမ်က ကြောင်မကြီး ကလေးလိုက်မွေးပေးလိုက်ရသေးတယ်
::
နေတာထိုင်တာကတော့ သိတဲ့အတိုင်း လစာလေး ၅၀၀၀၀ လောက်နဲ့ မလောက်တော့ သားအခု ဆရာဝန်ပီပီ ဆေးထိုးအပ်နဲ့ အလုပ် ဖြစ်နေတယ် အခုဆို ဈေးထဲက အသားဆိုင်တော်တော်များများမှာ သား ရေမထိုးထားတဲ့ အသားဆိုင် မရှိသလောက်ပဲ
::
သွားတာ လာတာလဲ အဆင်ပြေပါတယ် ဟိုတလောက စက်ဘီးလေး အင်ဂျင်ချထားလို့ ဘတ်စ်ကားနဲ့ပဲ သွားဖြစ်တယ် လမ်းတွေကလဲ အရင်ကလောက် မပိတ်တော့ပါဘူး အိပ်ယာလိပ်တော့ သယ်သွားတယ် မီးပွိုင့်တစ်ခါမိရင် ခင်းအိပ်ယုံပဲ
::
သားအခု အရက်တွေဘာတွေလဲ အရင်လို သောက်ဖြစ်တော့ဘူး အခုဆို အိပ်နေချိန် အရက်မသောက်ဖြစ်တော့တာ ကြာပြီ
::
ဆေးရုံမှာလဲ အဆင်ပြေပါတယ် ဆေးရုံထဲကလူတွေကတောင် ချီးကျူးနေကြတယ် သားရယ် လူနာတွေ သနားရင် ဝဒ်ထဲ မနေပါနဲ့တဲ့ အခုတောင် ဘွဲ့လွန်တက်ဖို့ စီစဉ်နေတယ် အမေရ ကျူရှင်တွေ ဘာတွေတက်ဖို့ ဆရာကြီးကို တိုင်ပင်တော့ ဆရာကြီးကလဲ အားပေးတယ် ပိုက်ဆံတွေ လျှောက်မဖြုန်းနဲ့တဲ့ ဒါပေမယ့် သဘောတော့ ကောင်းရှာပါတယ်
::
သူ့စာအုပ်အဟောင်းတွေထုတ်ပေးပြီးတော့ ရသလောက်နဲ့ ရောင်းပြီးလက်ဖက်ရည် ဝယ်သောက်တဲ့
ခုတလော မီးကတော့ သိတဲ့ အတိုင်း ပျက်တလှည့် မလာတစ်လှည့် ဆိုတော့ ညဘက်စာဖတ်ချင်ရင် လမ်းမပေါ်တက်ပြီး လမ်းမီးနဲ့ ဖတ်ရတယ် သားကြိုးစားတာမြင်ပြီး ဖြတ်သွားတဲ့ ကားတွေကတောင် သြဘာပေးကြတယ် အေဘေးလေး သေချင်နေလားတဲ့
::
အခုလဲ ဆီးဂိမ်းအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းကိုးမီး အသင်းမှာ လက်ရွေးစင်အဖြစ်ရွေးခံရလို့ နေပြည်တော် သွားရမယ်တဲ့ အဲ့ဒါ အဆင်ပြေရင် ပိုက်ဆံလေး ပို့ပေးလိုက်ပါလို့

အမေ့ရဲ့ ချစ်လွှစွာသော သားမောင်ဖွတ်

အိမ်ကြို အိမ်ကြား ပလပ်ကျွတ် ဖွတ်ကြား::-- , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment