![]() |
RangonNewsDaily:: November . 4 .2013
အိန္ဒိယနိုင်ငံတောင်ပိုင်း၌ အမြန်ရထားတစ်စီးက ခရီးသည် များအကြားသို့ ဝင်ရောက်တိုက်မိ ခဲ့သည်။ ခရီးသည်များမှ ရထား မီးလောင်သည်ဆို၍ ရထားတွဲ ထဲမှ ထွက်ပြေးကြစဉ် ယခုကဲ့သို့ တိုက်မိခဲ့ခြင်းဖြစ်သည်။ ရထား တိုက်၍ အနည်းဆုံး ရှစ်ဦးသေ ဆုံးကြောင်း သက်ဆိုင်ရာမှပြော ကြားခဲ့သည်။အန္ဒရာပရာဒတ်ရှ်ပြည်နယ် ဂို့လမ်ဘူတာ၌ တိုက်မိခဲ့ခြင်းဖြစ် ပြီး လူများစွာလည်း ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ရထားတွဲမီးလောင်မှုဖြစ်ပွား သည်ဟု ကောလာဟလသတင်း များပေါ်ထွက်ပြီးနောက် ရထား ပေါ်မှ ခရီးသည်များ ရထားလမ်း ပေါ်သို့ ပြေးလွှားဆင်းလာကြစဉ် အမြန်ရထားက တိုက်မိခဲ့ခြင်းဖြစ် သည်။
အလက်ပီ- ဒမ်ဘက်အမြန် ရထားက အရေးပေါ်ရထားတွဲမှ ခရီးသည်များအား ဆင်းပြေးလာ ကြစဉ် ရိုင်ဂါ- ဗီဂျေဝါဒရထားက အခြားလမ်းမှလာစဉ် ဖြတ်၍တိုက် ခဲ့ခြင်းဖြစ်ကြောင်း မီးရထားဌာန မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျေ ပီမီရှရာက အိန္ဒိယရုပ်သံဌာနသို့ ပြောပြခဲ့သည်။
Yangon Media , kolatt(PBDN)
RangonNewsDaily

No comments:
Post a Comment