ရန်ကုန်တိုင်းအတွင်း တစ်ရက်အတွင်း ကလေးငယ် အဓမ္မကျင့်ခံရ၍ တိုင်တန်းမှု နှစ်ခုထိရှိ
RangonNewsDaily:: November . 7 .2013
ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၄ ရက် တစ်ရက်တည်းတွင် ကလေးငယ်များ
အဓမ္မပြုကျင့်ခံရသဖြင့် တိုင်တန်းထားမှု နှစ်ခုထိရှိခဲ့သည်ဟု
တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ပထမဖြစ်စဉ်တစ်ခုမှာ ရွှေပြည်သာမြို့နယ်တွင် နိုဝင်ဘာ ၁ ရက်ကဖြစ်ပွားထားပြီး
ကာယကံရှင်၏ မိသားစုက နိုဝင်ဘာ ၄ ရက်တွင် အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။ယင်းဖြစ်စဉ်တွင် အသက် ၁၃ နှစ်ရှိ ကလေးငယ်ကို အစ်မအရင်းတော်စပ်သူ၏
ခင်ပွန်းဖြစ်သူ ၂၅ နှစ်ရှိ အမျိုးသားက သားမယားအဖြစ်
ပြုကျင့်ခဲ့ခြင်းဖြစ်သည်။
::
ယင်းအဓမ္မပြုကျင့်သူကို ကာယကံရှင်
ကလေးငယ်၏ အစ်မ၀မ်းက အမှုဖွင့်တိုင်တန်းသဖြင့် မြို့နယ်ရဲ စခန်းက ပုဒ်မ ၃၇၆
ဖြင့် အရေးယူရန် ရှာဖွေနေသည်။
::
အခြားတစ်ခုမှာ ၁၃ နှစ် ကလေးငယ်အား
ဆော့ကစားနေစဉ် ရည်းစားဖြစ်သူက ကြည့်မြင်တိုင်မြို့နယ်သို့
ခေါ်ဆောင်သွားပြီး သားမယားအဖြစ်နေထိုင်ခဲ့သဖြင့် ကလေးငယ်၏မိဘများက
အသက်မပြည့်သေး သည့်အတွက် အဓမ္မပြုကျင့်မှုဖြင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
::
ယင်းတိုင်တန်းမှုကိုလည်း လှိုင်သာယာ ရဲစခန်းက ပုဒ်မ ၃၆၃/၃၇၆ တို့ဖြင့် အရေးယူရန် တိုင်တန်းခံထား ရသူကို ရှာဖွေနေသည်။
::
ထို့ပြင် ကွမ်းခြံကုန်းမြို့နယ်တွင်လည်း အသက် ခုနစ်နှစ်ခန့်သာရှိသော
ကလေးငယ်တစ်ဦးကို အသက် ၂၀နှစ် လူငယ်တစ်ဦးက သားမယားပြုကျင့်ရန်
ကြံစည်လုပ်ဆောင်မှုတစ်ခု နိုဝင်ဘာ ၄ ရက်က ဖြစ်ပွား ခဲ့သေးသည်။
::
ယင်းဖြစ်စဉ်တွင် နေအိမ်နောက်ဖေးခန်းတွင် ခုနစ်လသားအရွယ် ကလေးငယ်နှင့်
ရှိနေသော အဆိုပါ ခုနစ်နှစ်အရွယ် ကလေးငယ်ကို တစ်ရွာတည်းနေ အမျိုးသားက
အိမ်ခန်းထဲထိဝင်ရောက်လာပြီး သား မယားပြုကျင့်ရန်ကြံစည်နေသည်ကို
အဒေါ်တော်စပ်သူက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
::
“နိုင်ငံတကာစံနှုန်းမှာတော့ အမျိုးသမီးတွေကို အကြမ်းဖက်ရင် လုံးဝကို
သီးညည်းခံစရာမလိုဘူးလို့ ပြဋ္ဌာန်းထားတယ်၊ ပြစ်မှုကျူးလွန်သူကို ပြင်းထန်ပြီး
ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချကို ချပေးရမှာ၊ ဒါမှလည်း ယဉ်ကျေးတဲ့
လူ့အဖွဲ့အစည်းဖြစ်မှာ၊ ဒီမှာ ဒီလိုဥပဒေမျိုးတွေ လိုအပ်နေတာ” ရန်ကုန်တိုင်း
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညို ညိုသင်းက ပြောသည်။
::
ထို့ပြင် ဆေးပညာရှုထောင့်အရ ရိုက်ကူးထားသော လိင်ပညာပေး ဗီဒီယိုများအား
တလွဲအသုံးချနေခြင်း များနှင့် လိင်ကိစ္စပျော်ပါးနိုင်ရန်
ပြည့်တန်ဆာဥပဒေများအား သတ်မှတ်ပြဋ္ဌာန်းပေးနိုင်မှု မရှိခြင်းတို့ ကြောင့်
အမျိုးကောင်းသားသမီးငယ်များတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ ဖြစ်ပွားလာရခြင်း ဖြစ်သည်ဟု စီးပွားရေးနှင့် ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ထောက်ပြပြောဆိုသည်။
::
အရွယ်မရောက်သေးသူ ကလေးငယ်များ အဓမ္မပြကျင့်ခံရခြင်း၏
အဓိကအကြောင်းအရင်းများမှာကလေး ငယ်အား အုပ်ထိန်းသူမပါဘဲ တစ်ဦးတည်း
ပြင်ပသို့ ခိုင်းစေခြင်း၊ နေအိမ်တွင် အဖော်မဲ့တစ်ဦးတည်း ထားခြင်း၊
ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း(သို့မဟုတ် )ဆွေမျိုးများအား
အပ်နှံမှုမရှိခြင်းတို့ကြောင့် ဖြစ် သည်ဟု ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက မဇ္ဈိကို ပြောပြထားသည်။
::
၂၀၁၃ ဇန်န၀ါရီလ မှ ဇူလိုင်လထိ အဓမ္မပြုကျင့်မှုပေါင်း ၆၀ မှု
ဖြစ်ပွားခဲ့ရာတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရမှုမှာ
၃၀ မှုထိပါဝင်နေသည်။
::
ထို့ပြင် အဓမ္မပြုကျင့်မှု
ကျူးလွန်သူများတွင်လည်း ဖခင်အရင်းက ပြုကျင့်မှုသုံးမှု၊ ပထွေးက ပြုကျင့်မှု
ငါးမှု၊ ဆွေမျိုးက ပြုကျင့်မှု ၁၅ မှုနှင့် သူစိမ်းကပြုကျင့် မှု ၃၇ မှုထိ
ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ရန်ကုန်တိုင်းတွင် ၂၀၁၁ ခုနှစ်တွင်
အဓမ္မပြုကျင့်မှု ၁၀၅ မှု၊ ၂၀၁၂ တွင် ၁၁၂ မှုထိ ဖြစ်ပွားထားသည်။
Mizzima - News ::--kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment