Pages

Pages - Menu

Sunday, November 3, 2013

နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့က အိမ်အတွင်း ၀င်ရောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွားသော အမျိုးသမီးအမှု ခုံရုံးဖွဲ့စစ်ဆေး

RangonnewsDaily:: November . 3 .2013
နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ အိမ်အတွင်း ၀င်ရောက်စစ်ဆေး မေးမြန်းစဉ် သေဆုံးသွားသော အမျိုးသမီးအမှုအား စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးနေပြီး ပါဝင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို ခုံးရုံး၏ စစ်ဆေးချက်အပေါ် မူတည်ပြီး အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲ မှူးကြီးဝင်းကြည်က ပြောကြားခဲ့သည်။ အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းက ဘုရင့်နောင် နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဝင်းနိုင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဝတ်ကာ မရမ်းကုန်းမြို့နယ် ဦးအောင်မင်း လမ်းသွယ်ရှိ အိမ်ရှင် ဒေါ်ခင်အုန်းမြင့် နေထိုင်သော အိမ်အမှတ်(၂၇) သို့ နှစ်လုံးထီ ရောင်းချသည်ဟုဆိုကာ ၀င်ရောက် စစ်ဆေးမေးမြန်းစဉ် ဒေါ်ခင်အုန်းမြင့်(ခ)ဒေါ်ပိုသည် သတိလစ် မေ့မြောသေဆုံးသွားခဲ့သည်။

"သေဆုံးသူက နဂိုကတည်းက နှလုံးရောဂါ၊ သွေးတိုး ရောဂါတွေရှိတယ်လို့ သူ့ခင်ပွန်းကလည်း ပြောခဲ့တယ်။ နှစ်လုံးထီနဲ့ ပတ်သက်ပြီး သူ့ရဲ့ချွေးမကို ၀င်ဖမ်းရင်းနဲ့ ဒီအမျိုးသမီးကြီးက သေဆုံးသွားတာပါ။ သူက နှစ်လုံးထီနဲ့ ပတ်သက်မှုမရှိဘူး" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ၀င်းကြည်က နိုဝင်ဘာ ၂ ရက်က Daily Eleven သို့ ဖြေကြားခဲ့သည်။

သေဆုံးသူ ဒေါ်ခင်အုန်းမြင့်၏ ခင်ပွန်း ဦးခင်မောင်ရွှေက ရဲများ ၀င်ရောက်လာချိန်တွင် အရပ်ဝတ်များဖြင့် ၀င်ရောက်လာပြီး ၀ရမ်းပါသည်ဟု ဆိုကာ စစ်ဆေးမေးမြန်းနေစဉ် ဇနီးဖြစ်သူက ဆေးသောက်ရန် ထိုင်ရာမှ ထလိုက်စဉ် တစ်ပွင့်ရာထူးရှိသော သူက တွန်းလိုက်ကြောင်း၊ လဲကျသွားပြီးနောက် ရင်ဘတ်ကို ဖိပေးပါဟုသာပြောပြီး စကားပြောဆိုခြင်း မရှိတော့ဘဲ သတိလစ် မေ့မြောသွားကြောင်း သိရသည်။ 
သတိလစ် မေ့မြောသွား၍ ဆေးရုံသို့ ပို့ဆောင်နေစဉ် ဒေါ်ခင်အုန်းမြင့်သည် လမ်းတွင်ပင် သေဆုံးသွားခဲ့ကြောင်း သေဆုံးသူ၏ ခင်ပွန်းက ပြောကြားသည်။ ဘုရင့်နောင် ရဲစခန်းမှ ယင်းအမှုကို သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Eleven Media ::-, kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment