Pages

Pages - Menu

Friday, November 1, 2013

အိပ်မက်ဆုံရာ ပြိုင်ပွဲတွင် အဆိုပညာကိုသာ အဓိက အကဲဖြတ် ဟု ဖြူဖြူကျော်သိန်းဆို

Photo: အိပ်မက်ဆုံရာ ပြိုင်ပွဲတွင် အဆိုပညာကိုသာ အဓိက အကဲဖြတ် ဟု ဖြူဖြူကျော်သိန်းဆို
Friday, November 1, 2013

များပြားလှသော သီချင်းဆို ပြိုင်ပွဲများအနက် ပရိသတ်များ ပုံမှန်စောင့်ကြည့်လေ့ရှိတဲ့ အိပ်မက်ဆုံရာ အစီအစဉ်ရဲ့ Season 7 မှာ အကဲဖြတ် ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်နေ တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းက ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးတဲ့နေရာမှာ Performance ထက် အဆိုပညာကိုသာ အဓိက အကဲဖြတ်ပါတယ်လို The Voice ကိုပြောပါတယ်။ 
“ဖြူဖြူ တွေ့ရသလောက် ပြိုင်ပွဲဝင် တော်တော်များများက ဂီတကို တကယ်ရူးသွပ်ကြတယ်။ သူတို့ထဲမှာလည်း အလားအလာရှိတဲ့ ဖြူဖြူတို့ ဂီတလောကအတွက် အားထားရမယ့် ပြိုင်ပွဲဝင်တွေ တွေ့ပါတယ်။ ပြိုင်ပွဲဝင်တွေကို အကဲဖြတ်တဲ့ နေရာမှာတော့ ဖြူဖြူတို့ ဒိုင်တွေက အသံကို အဓိက ကြည့်တယ်။ အသံကောင်းရမယ်။ အဆိုမှန်ရမယ်။ နောက်ပြီးတော့မှ စင်ပေါ်မှာ သူ ဘယ်လောက်အထိ လုပ်ပြနိုင်သလဲ။ ပရိသတ်တွေကို စိတ်လှုပ်ရှားအောင် ဘယ်လောက် ဖမ်းစားနိုင်သလဲ ဆိုတာကြည့်ပြီး ကျန်တဲ့အမှတ်တွေ ပေးပါတယ်” လို့ အိပ်မက်ဆုံရာ အစီအစဉ်မှာ ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးမှုနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

အိပ်မက်ဆုံရာ အစီအစဉ်က တခြားသီချင်းဆို ပြိုင်ပွဲတွေနဲ့ မတူတဲ့အတွက် အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိကြောင်း၊ သီချင်းဆိုပြိုင်ပွဲ သက်သက်မဟုတ်ဘဲ ပြိုင်ပွဲဝင်တွေ ရဲ့ဝတ်စားဆင်ယင်မှု၊ Performance၊ အကအလှများနဲ့ ဖျော်ဖြေမှုပေးနိုင်ဖို့ ကြိုးစားထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ သီချင်း အမျိုးအစားစုံကို ယှဉ်ပြိုင်ရတဲ့ အတွက်လည်း ကိုယ်မသိသေးတဲ့ ဂီတအမျိုးအစားစုံကို ထိတွေ့ခွင့်ရစေကြောင်း၊ အားနည်းချက် အနေနဲ့ကတော့ ပြိုင်ပွဲကာလ နှစ်လအတွင်းမှာ ပြိုင်ပွဲဝင်တွေအနေနဲ့ လေ့ကျင့် ပြင်ဆင်မှု များစွာ ပြုလုပ်ရတဲ့အတွက် ဖိအားများ ရှိနိုင်သလို ပိုလည်း ပင်ပန်းကြောင်း ၎င်းကဆိုပါတယ်။

အိပ်မက်ဆုံရာ အစီအစဉ်မှာ ပြိုင်ပွဲဝင်တွေအပေါ် ဒိုင်တွေရဲ့အကဲဖြတ်မှုတွေက ပြိုင်ပွဲအတွင်းမှာသာမက ရှေ့ဆက်လျှောက် ရမယ့် ဂီတလမ်းခရီး အတွက်ပါ အကျိုးရှိစေကြောင်း၊ အကဲဖြတ် ဒိုင်များအပြင် Vocal Trainer တစ်ဦးဖြစ်တဲ့ ခိုင်မြဲသာရဲ့ သင်ကြားပြသမှု၊ ထောက်ပြ ဝေဖန်မှုတွေကလည်း ပြိုင်ပွဲဝင်များအတွက် အကျိုးကျေးဇူး များစေကြောင်း အိပ်မက်ဆုံရာ Season 1 ရဲ့ ပြိုင်ပွဲဝင် တစ်ဦးဖြစ်သူ အာကာက သူ့ရဲ့အမြင်ကို ပြောပါတယ်။

The Voice Weekly

RangonNewsDaily:: November . 1 .2013
များပြားလှသောသီချင်းဆို ပြိုင်ပွဲများအနက်ပရိသတ်များပုံမှန်စောင့်ကြည့်လေ့ရှိတဲ့ အိပ်မက်ဆုံရာ အစီအစဉ်
ရဲ့ Season 7 မှာ အကဲဖြတ် ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်နေ တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းက ပြိုင်ပွဲဝင်များ
ကို အကဲဖြတ် အမှတ်ပေးတဲ့နေရာမှာ Performance ထက် အဆိုပညာကိုသာ အဓိက အကဲဖြတ်ပါတယ်လို The Voice ကိုပြောပါတယ်။ “ဖြူဖြူ တွေ့ရသလောက် ပြိုင်ပွဲဝင် တော်တော်များများက ဂီတကို တကယ်ရူးသွပ်ကြတယ်။ သူတို့ထဲမှာလည်း အလားအလာရှိတဲ့ ဖြူဖြူတို့ ဂီတလောကအတွက် အားထားရမယ့် ပြိုင်ပွဲဝင်တွေ တွေ့ပါတယ်။ 
 
ပြိုင်ပွဲဝင်တွေကို အကဲဖြတ်တဲ့ နေရာမှာတော့ ဖြူဖြူတို့ ဒိုင်တွေက အသံကို အဓိက ကြည့်တယ်။ အသံကောင်း
ရမယ်။ အဆိုမှန်ရမယ်။ နောက်ပြီးတော့မှ စင်ပေါ်မှာ သူ ဘယ်လောက်အထိ လုပ်ပြနိုင်သလဲ။ ပရိသတ်တွေ
ကို စိတ်လှုပ်ရှားအောင် ဘယ်လောက် ဖမ်းစားနိုင်သလဲ ဆိုတာကြည့်ပြီး ကျန်တဲ့အမှတ်တွေ ပေးပါတယ်” လို့ အိပ်မက်ဆုံရာ အစီအစဉ်မှာ ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးမှုနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

အိပ်မက်ဆုံရာအစီအစဉ်ကတခြားသီချင်းဆို ပြိုင်ပွဲတွေနဲ့မတူတဲ့အတွက်အားသာချက်တွေ ရှိသလို အားနည်း
ချက်တွေလည်း ရှိကြောင်း၊ သီချင်းဆိုပြိုင်ပွဲ သက်သက်မဟုတ်ဘဲ ပြိုင်ပွဲဝင်တွေ ရဲ့ဝတ်စားဆင်ယင်မှု၊ Performance၊ အကအလှများနဲ့ ဖျော်ဖြေမှုပေးနိုင်ဖို့ ကြိုးစားထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ 
 
သီချင်း အမျိုးအစားစုံကို ယှဉ်ပြိုင်ရတဲ့ အတွက်လည်း ကိုယ်မသိသေးတဲ့ ဂီတအမျိုးအစားစုံကို ထိတွေ့ခွင့်
ရစေကြောင်း၊ အားနည်းချက် အနေနဲ့ကတော့ ပြိုင်ပွဲကာလ နှစ်လအတွင်းမှာ ပြိုင်ပွဲဝင်တွေအနေနဲ့ လေ့
ကျင့် ပြင်ဆင်မှု များစွာ ပြုလုပ်ရတဲ့အတွက် ဖိအားများ ရှိနိုင်သလို ပိုလည်း ပင်ပန်းကြောင်း ၎င်းကဆိုပါတယ်။

အိပ်မက်ဆုံရာ အစီအစဉ်မှာ ပြိုင်ပွဲဝင်တွေအပေါ် ဒိုင်တွေရဲ့အကဲဖြတ်မှုတွေက ပြိုင်ပွဲအတွင်းမှာသာမက
 ရှေ့ဆက်လျှောက် ရမယ့် ဂီတလမ်းခရီး အတွက်ပါ အကျိုးရှိစေကြောင်း၊ အကဲဖြတ် ဒိုင်များအပြင် Vocal Trainer တစ်ဦးဖြစ်တဲ့ ခိုင်မြဲသာရဲ့ သင်ကြားပြသမှု၊ ထောက်ပြ ဝေဖန်မှုတွေကလည်း ပြိုင်ပွဲဝင်များအတွက် အကျိုးကျေးဇူး များစေကြောင်း အိပ်မက်ဆုံရာ Season 1 ရဲ့ ပြိုင်ပွဲဝင် တစ်ဦးဖြစ်သူ အာကာက သူ့ရဲ့အမြင်
ကို ပြောပါတယ်။

The Voice, kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment