Pages

Pages - Menu

Saturday, November 30, 2013

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် ယာဉ်စည်းကမ်း လိုက်နာမှု အားနည်း၍ သေဆုံးသူ မြင့်တက်

Photo: ကလေးတွင် ယာဉ်စည်းကမ်း လိုက်နာမှု အားနည်း၍ သေဆုံးသူ မြင့်တက်
Friday, November 29, 2013

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်း သဖြင့် ယာဉ်တိုက်မှုများ ဖြစ်ပွားကာ ဒဏ်ရာရသူနှင့် သေဆုံးသူများ ယခင်နှစ်ကထက် ပိုမို များပြားလာကြောင်း မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။

“ဒီနှစ်အတွင်း ပြီးခဲ့တဲ့ လစဉ်ဖြစ်ခဲ့တာ ၁၀ မှု မကျော်ဘူး။ စက်တင်ဘာလ ကနေစပြီး ၁၀ မှု ကျော်တွေ ဖြစ်လာတယ်။ ဖြစ်လိုက်ရင်လည်း အသေနဲ့ ကြီးကြီးမားမား ဒဏ်ရာရတာတွေချည်းပဲ” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ၊ အစာအိမ်နှင့် ပတ်သက်သော ရောဂါများပြီးလျှင် လူနာ အများဆုံးမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ရောက်ရှိလာသော လူနာများ ဖြစ်ပြီး စုပြုံကျလာပါက ခုတင် မလောက်ငမှုများ ကြုံတွေ့ရတတ်ကြောင်း အဆိုပါ ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ညွန့်သန်းက ပြောကြားသည်။

ကလေးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သော သိရှိ ဖွယ်ရာများကို လက်ကမ်းစာစောင်များ အပါအဝင် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလမှ စတင်ကာ စည်းကမ်း ချိုးဖောက်သူများကို အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းယာဉ်မတော်တဆမှုကြောင့် ထိခိုက်သူ၊ သေဆုံးသူ အများစုမှာ အသက် နှစ်ဆယ်ကျော်ဝန်းကျင် လူငယ်များ ဖြစ်ကြောင်း၊ အရက်သေစာ သောက်စားကာ မောင်းနှင်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း တို့ကြောင့် အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ကြရကြောင်း မြို့ခံများက သုံးသပ် ပြောကြားသည်။

၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၁၀၄ မှု ဖြစ်ပွားပြီး ဒဏ်ရာရသူ ၁၃၈ ဦး၊ သေဆုံးသူ ၂၆ ဦး ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ်များမှာ ဇန်နဝါရီလနှင့် မတ်လတွင် ကိုးမှု၊ ဖေဖော်ဝါရီလတွင် ငါးမှု၊ ဧပြီလ၊ မေလ၊ ဇူလိုင်လနှင့် သြဂုတ်လတွင် ရှစ်မှု၊ ဇွန်လတွင် ခုနစ်မှု၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ၁၃ မှုစီ ရှိခဲ့ကာ စုစုပေါင်း ယာဉ်တိုက်မှု ၁၀၁ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူပေါင်း ၁၅၅ ဦး၊ သေဆုံးသူပေါင်း ၃၅ ဦး ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly

RangonNewsDaily:: November . 30 .2013
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်း သဖြင့် ယာဉ်တိုက်မှုများ ဖြစ်ပွားကာ ဒဏ်ရာရသူနှင့် သေဆုံးသူများ ယခင်နှစ်ကထက် ပိုမို များပြားလာကြောင်း မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။ “ဒီနှစ်အတွင်း ပြီးခဲ့တဲ့ လစဉ်ဖြစ်ခဲ့တာ ၁၀ မှု မကျော်ဘူး။ စက်တင်ဘာလ ကနေစပြီး ၁၀ မှု ကျော်တွေ ဖြစ်လာတယ်။ ဖြစ်လိုက်ရင်လည်း အသေနဲ့ ကြီးကြီးမားမား ဒဏ်ရာရတာတွေချည်းပဲ” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ၊ အစာအိမ်နှင့် ပတ်သက်သော ရောဂါများပြီးလျှင် လူနာ အများဆုံးမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ရောက်ရှိလာသော လူနာများ ဖြစ်ပြီး စုပြုံကျလာပါက ခုတင် မလောက်ငမှုများ ကြုံတွေ့ရတတ်ကြောင်း အဆိုပါ ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ညွန့်သန်းက ပြောကြားသည်။

ကလေးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သော သိရှိ ဖွယ်ရာများကို လက်ကမ်းစာစောင်များ အပါအဝင် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလမှ စတင်ကာ စည်းကမ်း ချိုးဖောက်သူများကို အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းယာဉ်မတော်တဆမှုကြောင့် ထိခိုက်သူ၊ သေဆုံးသူ အများစုမှာ အသက် နှစ်ဆယ်ကျော်ဝန်းကျင် လူငယ်များ ဖြစ်ကြောင်း၊ အရက်သေစာ သောက်စားကာ မောင်းနှင်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း တို့ကြောင့် အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ကြရကြောင်း မြို့ခံများက သုံးသပ် ပြောကြားသည်။

၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၁၀၄ မှု ဖြစ်ပွားပြီး ဒဏ်ရာရသူ ၁၃၈ ဦး၊ သေဆုံးသူ ၂၆ ဦး ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ်များမှာ ဇန်နဝါရီလနှင့် မတ်လတွင် ကိုးမှု၊ ဖေဖော်ဝါရီလတွင် ငါးမှု၊ ဧပြီလ၊ မေလ၊ ဇူလိုင်လနှင့် သြဂုတ်လတွင် ရှစ်မှု၊ ဇွန်လတွင် ခုနစ်မှု၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ၁၃ မှုစီ ရှိခဲ့ကာ စုစုပေါင်း ယာဉ်တိုက်မှု ၁၀၁ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူပေါင်း ၁၅၅ ဦး၊ သေဆုံးသူပေါင်း ၃၅ ဦး ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment