RangonNewsDaily:: November . 26 .2013
ထိုင်းနိုင်ငံမှာ အစိုးရကိုဖြုတ်ချဖို့ အတိုက်အခံအင်အားစုတွေ ဦးဆောင်ပြီး ဆန္ဒပြကြရာမှာ အရေးကြီးတဲ့ ၀န်
ထိုင်းနိုင်ငံမှာ အစိုးရကိုဖြုတ်ချဖို့ အတိုက်အခံအင်အားစုတွေ ဦးဆောင်ပြီး ဆန္ဒပြကြရာမှာ အရေးကြီးတဲ့ ၀န်
ကြီးဌာနတွေကို ၀င်ရောက် စီးနင်းမှုတွေ
ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့ နေရာတော်တော်များများ
မှာ အထူးလုံခြုံရေး ဥပဒေတွေကို ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်န၀ပ်က ထပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။
ဘန်ကောက်မြို့ နေရာအားလုံးနဲ့ မြို့ပြင်တချို့အရပ်တွေမှာ
ပြည်တွင်းလုံခြုံရေး ဥပဒေကို ထုတ်ပြန်လိုက်တဲ့ အကြောင်းတနင်္လာနေ့နှောင်းပိုင်းမှာပဲ နိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့်ထိုင်းဝန်ကြီးချုပ်ယင်းလပ်က ပြော
ဆိုခဲ့တာပါ။ မြို့တော်ရဲ့
အချက်အခြာနေရာတွေမှာ ပြဌာန်းထားပြီးဖြစ်တဲ့ ဒီဥပဒေအရ ရဲတွေအနေနဲ့
လမ်း
တွေပိတ်ခွင့်၊ ညမထွက်ရအမိန့် ထုတ်ပြန်ခွင့်နဲ့ ရှာဖွေ စစ်ဆေးခွင့်တွေ
ရှိမှာဖြစ်ပါတယ်။
တနင်္လာနေ့ အစောပိုင်းကတော့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကို ၀င်
တနင်္လာနေ့ အစောပိုင်းကတော့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကို ၀င်
ရောက်စီးနင်းခဲ့ကြသလို တခြားအစိုးရ
အဆောက်အဦးတွေဆီကိုလည်း ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြ
သူ၁ ထောင် ကျော်ဟာ
ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အဦးထဲကို ၀င်ရောက်ခဲ့ကြပြီး နောက်ထပ်
ဆန္ဒပြ
သူတွေကလည်း နိုင်ငံခြားရေး ၀န်ကြီးဌာန ၀င်းထဲအထိ အတင်း
ဝင်ရောက်ခဲ့ကြပေမဲ့ တခြား အဆောက်အ
ဦးတွေထဲကို ၀င်ရောက်တာမျိုးတော့
မရှိခဲ့ပါဘူး။
ရဲတွေကတော့ ဆန္ဒပြသူ ၃ သောင်းလောက်ဟာ ဘန်ကောက်မြို့တ၀ိုက်မှာရှိတဲ့ အစိုးရအဆောက်အဦး အ
ရဲတွေကတော့ ဆန္ဒပြသူ ၃ သောင်းလောက်ဟာ ဘန်ကောက်မြို့တ၀ိုက်မှာရှိတဲ့ အစိုးရအဆောက်အဦး အ
နည်းဆုံး၁၃ ခုလောက်ကိုချီတက်ခဲ့ကြတဲ့အကြောင်း ပြောဆိုခဲ့ပေမဲ့ ဆန္ဒပြသူတွေကို ရှင်းလင်း
ဖယ်ရှားတာ
မျိုးတော့ မလုပ်ခဲ့ကြပါဘူး။
အဓိကအတိုက်အခံပါတီကဦးဆောင်တဲ့ဆန္ဒပြသူတွေကတော့ လက်ရှိ ထိုင်းဝန်ကြီးချုပ်ဟာ အရင်က ရာထူး
အဓိကအတိုက်အခံပါတီကဦးဆောင်တဲ့ဆန္ဒပြသူတွေကတော့ လက်ရှိ ထိုင်းဝန်ကြီးချုပ်ဟာ အရင်က ရာထူး
က
ဖြုတ်ချခံခဲ့ရတဲ့ အကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်န၀ပ်ရဲ့
ရုပ်သေး ဖြစ်တယ်ဆိုတဲ့ စွပ်
စွဲချက်နဲ့ နှုတ်ထွက်ပေးဖို့
လိုလားနေကြတာဖြစ်ပါတယ်။
VOA , kolatt(PBDN)
RangonNewsDaily
VOA , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment