Pages

Pages - Menu

Friday, November 8, 2013

လျှပ်စစ်မီတာခ လျှော့ချရန် လှုပ်ရှားမည့် လုပ်ငန်းကော်မတီဖွဲ့

Photo: လျှပ်စစ်မီတာခ လျှော့ချရန် လှုပ်ရှားမည့် လုပ်ငန်းကော်မတီဖွဲ့
Friday, November 8, 2013

လျှပ်စစ်မီတာခကို တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ အစီအစဉ်ကို ကန့်ကွက်ပြီး လျှပ်စစ်မီတာခ ပြန်လည် ကျဆင်းစေရန်အတွက် ဆောင်ရွက်မည့် လုပ်ငန်း ကော်မတီ တစ်ရပ်ကို နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပသော မီတာခ တိုးမြှင့် ကောက်ခံခြင်းနှင့် ပတ်သက်၍ ပြည်သူ့ အမြင်များ နှီးနှောဖလှယ်ပွဲ အပြီး ဖွဲ့စည်းလိုက်ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သော ရွှေပြည်သာ မြို့နယ်နေ ဦးကိုကိုနိုင်က ပြောကြားသည်။

လုပ်ငန်းကော်မတီက တိုးမြှင့် ကောက်ခံလိုက်သော လျှပ်စစ်မီတာခ ပြန်လည် လျှော့ချရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ Generation Wave အဖွဲ့ဝင် ဦးမိုဃ်းသွေးက ပြောကြားသည်။

အထက်ပါ နှီးနှောဖလှယ်ပွဲကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယ ကျောင်းတိုက်တွင် ကျင်းပခဲ့ခြင်း ဖြစ်ကာ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်သူများ ဦးရေ ၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

“တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတဲ့ အစီအစဉ်ကို လွှတ်တော်နဲ့ သမ္မတကို အသိမပေးဘဲ လျှပ်စစ်စွမ်းအား ဝန်ကြီးက သူ့သဘောနဲ့သူ လုပ်သွားတာဟာ စဉ်းစားစရာ ဖြစ်နေတယ်။ ပြည်သူရဲ့ သဘောဆန္ဒကို မယူဘူး။ ပြည်သူ့လွှတ်တော် ကိုလည်း အသိမပေးဘဲ အခုလို မီတာခကို တိုးမြှင့်လိုက်တာဟာ ပြည်သူကို မလေးစားရာ ရောက်တယ်” ဟု မြန်မာ ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုမှ ဦးသိန်းအောင်မြင့်က ဆိုသည်။

တိုးမြှင့်လိုက်သော မီတာနှုန်းထားအရ အိမ်သုံး ၁၀၀ ယူနစ်အထက် သုံးစွဲလျှင် တစ်ယူနစ်နှုန်း ၅၀ ဖြင့် တွက်ချက်ယူမည် ဖြစ်ရာ ယခင်ထက် ၁၅ ကျပ် မြင့်တက်သွားပြီး လုပ်ငန်းသုံး ၅၀၀၀ ယူနစ်အထက် သုံးစွဲလျှင် တစ်ယူနစ် ၁၅၀ ကျပ်နှုန်း ယခင်ထက် ၇၅ ကျပ် (နှစ်ဆ) တိုးမြှင့်သွားမည် ဖြစ်သည်။

နိုဝင်ဘာ ၆ ရက်နေ့က ယင်းသို့ လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်ခြင်းအပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ငါးဦးကို ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ ဖြင့် အရေးယူထားသည်။

The Voice Weekly

RangonNewsDaily:: November . 8 .2013
လျှပ်စစ်မီတာခကို တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ အစီအစဉ်ကို ကန့်ကွက်ပြီး လျှပ်စစ်မီတာခ ပြန်လည် ကျဆင်းစေရန်အတွက် ဆောင်ရွက်မည့် လုပ်ငန်း ကော်မတီ တစ်ရပ်ကို နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပသော မီတာခ တိုးမြှင့် ကောက်ခံခြင်းနှင့် ပတ်သက်၍ ပြည်သူ့ အမြင်များ နှီးနှောဖလှယ်ပွဲ အပြီး ဖွဲ့စည်းလိုက်ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သော ရွှေပြည်သာ မြို့နယ်နေ ဦးကိုကိုနိုင်က ပြောကြားသည်။ လုပ်ငန်းကော်မတီက တိုးမြှင့် ကောက်ခံလိုက်သော လျှပ်စစ်မီတာခ ပြန်လည် လျှော့ချရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ Generation Wave အဖွဲ့ဝင် ဦးမိုဃ်းသွေးက ပြောကြားသည်။

အထက်ပါ နှီးနှောဖလှယ်ပွဲကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယ ကျောင်းတိုက်တွင် ကျင်းပခဲ့ခြင်း ဖြစ်ကာ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်သူများ ဦးရေ ၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

“တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတဲ့ အစီအစဉ်ကို လွှတ်တော်နဲ့ သမ္မတကို အသိမပေးဘဲ လျှပ်စစ်စွမ်းအား ဝန်ကြီးက သူ့သဘောနဲ့သူ လုပ်သွားတာဟာ စဉ်းစားစရာ ဖြစ်နေတယ်။ ပြည်သူရဲ့ သဘောဆန္ဒကို မယူဘူး။ ပြည်သူ့လွှတ်တော် ကိုလည်း အသိမပေးဘဲ အခုလို မီတာခကို တိုးမြှင့်လိုက်တာဟာ ပြည်သူကို မလေးစားရာ ရောက်တယ်” ဟု မြန်မာ ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုမှ ဦးသိန်းအောင်မြင့်က ဆိုသည်။

တိုးမြှင့်လိုက်သော မီတာနှုန်းထားအရ အိမ်သုံး ၁၀၀ ယူနစ်အထက် သုံးစွဲလျှင် တစ်ယူနစ်နှုန်း ၅၀ ဖြင့် တွက်ချက်ယူမည် ဖြစ်ရာ ယခင်ထက် ၁၅ ကျပ် မြင့်တက်သွားပြီး လုပ်ငန်းသုံး ၅၀၀၀ ယူနစ်အထက် သုံးစွဲလျှင် တစ်ယူနစ် ၁၅၀ ကျပ်နှုန်း ယခင်ထက် ၇၅ ကျပ် (နှစ်ဆ) တိုးမြှင့်သွားမည် ဖြစ်သည်။

နိုဝင်ဘာ ၆ ရက်နေ့က ယင်းသို့ လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်ခြင်းအပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ငါးဦးကို ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ ဖြင့် အရေးယူထားသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment