Pages

Pages - Menu

Sunday, November 24, 2013

ရခိုင်ပြည်နယ် မောင်တော စည်ပင်သာယာမြို့မဈေးဆိုင်ခန်းများ မီးလောင်မှုနှင့် ဗလီမီးရှို့မှုဖြစ်

RangonNewsDaily:: November . 24 .2013
ယနေ့ နိုဝင်ဘာ(၂၃)ရက်နေ့ ညပိုင်းက ရခိုင်ပြည်နယ် မောင်းတောမြို့ရှိ စည်ပင်သာယာဈေးကြီးတွင် မီးကျွမ်းလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး၊ မီးလောင်မှုကြောင့် ဆိုင်ခန်း(၇)ခန်းခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရပါတယ်။ အဆိုပါ မီးကျွမ်းလောင်မှု စတင်ရသည့် အကြောင်းအရာကို ကွဲကွဲပြားပြား မသိရှိရသေးသော်လည်း မီးလောင်ပျက်စီးခဲ့သည့် ဆိုင်ခန်းများမှာ အစ္စလာမ်ဘာသာဝင်မျာပိုင် ဆိုင်ခန်းများသာဖြစ်နေသောကြောင့် သာမန်သွေးရိုးသားရိုး ဖြစ်စဉ် မဟုတ်နိုင်ဘူးလို့လည်း ဒေသခံများကဆိုပါတယ်။
လတ်တလောတွင် ဒေသတွင်းစီးပွားရေးများ ကျဆင်းလျက်ရှိပြီး၊ လုံခြုံရေးအရ ဈေးဆိုင်များကို ညနေ (၄း၃၀) နောက်ဆုံးထား၍ ပိတ်သိမ်းပေးနေရပြီး မီးလောင်ကျွမ်းသည့်အချိန်မှာ ည (၇း၃၀) ၀န်းကျင်အချိန်က ဖြစ်တယ်လို့ ဒေသခံစီဂျေများမှတဆင့် အလင်းမျက်ဝန်းသို့ ပြောပြပါတယ်။

မီးလောင်ကျွမ်းမှုမဖြစ်ပွားမီ ည (၇) နာရီဝန်းကျင်အချိန်က လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်ပေါ်ပေါက်ချိန်တွင် အနီးဝန်းကျင်မှာ လုံခြုံရေးဝန်ထမ်းအချို့လည်း ရှိနေတာကြောင့် မီးလောင်မှုဖြစ်စဉ်အပေါ် တမင်ကြံရွယ်တဲ့ မီးရှို့မှုဖြစ်စဉ်လို့ ဒေသခံများက ယုံကြည်နေကြတာ ဖြစ်ပါတယ်။

ယခုအခါ အဆိုပါ မီးကျွမ်းလောင်ရာ မြို့မဈေးကြီးတ၀ိုက်တွင် လုံခြုံရေးများ တင်းကြပ်စွာ စောင့်ကြပ်နေပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာမှာကိုလည်း ဒေသခံများက အထူးစိုးရိမ်လျက်ရှိတယ်လို့ ရခိုင်ပြည်နယ်စီဂျေများက အလင်းမျက်ဝန်းကို ဆက်သွယ်ပြောကြားခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင် ဈေးအများစုအား ဒေသတွင်း စည်ပင်သာယာအဖွဲ့များ၏ လက်အောက်တွင် ထားရှိပြီး၊ ယင်းဌာနအနေဖြင့် အလိုရှိသည့်အခါများတွင် ဒေသတွင်းရှိ အထင်ကရဈေးကြီးများပင် ဖြစ်လင့်ကစား ယင်းဈေးကြီးများအား မီးလောင်မှုတစ်ခုခုအဖြစ် ဖန်တီး၍ သိမ်းပိုက်နေလေ့ရှိခဲ့တယ်လို့ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားလိုက်ပါတယ်။

ယခု (၁၁) နာရီအချိန်ခန့်မှာတော့ မောင်းတောမြို့သုံမိုင်ခန့်အကွာရှိ ဟကီမီလာအမည်ရ ဗလီတစ်လုံးအား မီးရှို့နေတယ်လို့သိရှိရပါတယ်။ မကြာသေးမီဈေးဆိုင်ခန်းများမီးလောင်နေသည့်အချိန် မြို့ပေါ်ပြည်သူများက ၄င်းဖြစ်စဉ်အား အာရုံစိုက်နေသည်ကို အခွင့်ကောင်းယူကာ နောက်ကွယ်မှ ယင်းဗလီအား ၀င်ရောက်မီးရှို့ခဲ့ကြောင်းလဲ ဒေသခံများမှ ရှု့မြင်ကြသည်။

ယခု ရခိုင်ပြည်နယ်၏ ညမထွက်ရအမိန့်ထုတ်ပြန်ထားဆဲအချိန်အတွင်းတွင် အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားနေကြောင်းနှင့် ဗလီတည်ရှိရာ ကျေးရွာမှာ အစ္စလာမ်ဘာသာဝင်အနည်းစုရှိပြီး ဗုဒ္ဓဘာသာဝင်များ အများစုနေထိုင်ရာနေရာဖြစ်ကြောင်းကိုလည်း စုံစမ်းသိရှိရသည်။ အတည်မပြုနိုင်သေးသည့် နောက်ဆုံး သတင်းပေးပို့ချက်များအရ မီးလောင်ဆုံးရှုံးခဲ့သည့် ဆိုင်ခန်းပိုင်ရှင်များအား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းစစ်ဆေးနေကြောင်းကိုလည်း စီဂျေများ၏ သတင်းပေးပို့အချက်အရသိရှိရပါတယ်။

အလင်းမျက်ဝန်ူး , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment