Pages

Pages - Menu

Saturday, November 30, 2013

ပါကစ္စတန်တွင် စစ်ဦးစီးချုပ် အသစ်ပြောင်း

Photo: ပါကစ္စတန်တွင် စစ်ဦးစီးချုပ် အသစ်ပြောင်း
Saturday, November 30, 2013

ပါကစ္စတန်တွင် တာလီဘန်တို့ကို ဆွတ်တောင်ကြားမှ 
မောင်းထုတ်နိုင်ခဲ့သော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါဇက်အက်ရှ် ဖာကယာနီသည် ခြောက်နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် 
အငြိမ်းစား ယူသွားပြီ ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၂၉ရက်က ရာဝယ်ပင်ဒီတွင် ရာထူးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ 
တက်ရောက်ပြီး ဗိုလ်ချုပ် ရာဟီးလ်ရှရစ်ကို စစ်ဦးစီချုပ်အသစ်အဖြစ် လွှဲပြောင်းခန့်အပ်ခဲ့သည်။

ပါကစ္စတန်တွင် စစ်ဦးစီးချုပ်ရာထူးသည် အခြေခံဥပဒေအပေါ် လွှမ်းမိုးမှုအားကောင်းပြီး ၀င်ငွေအမြင့်ဆုံး နေရာတစ်ခု 
လည်းဖြစ်သည်။ စစ်တပ်သည် နိုင်ငံလွတ်လပ်ရေးရပြီး ၆၆နှစ်ကာလတစ်လျှောက် နိုင်ငံ၏အခြေအနေကို အများဆုံး ထိန်းချုပ်ကွပ်ကဲခွင့် ရခဲ့သည်။

ကယာနီသည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချပ်ပါဗက်မူရှာရက်ဖ်
လက်ထက် ၂၀၀၇ခုနှစ်မှ စတင်ကာ စစ်တပ်တွင် တာဝန်ယူခဲ့သည်။ 
သူ၏ လုပ်သက်တွင် တိုင်းပြည်၏ လက်နက်ကိုင်ပဋိပက္ခများ 
ဖြစ်ပွားသည့် နယ်စွန်နယ်ဖျားပိုင်းအထိ တပ်များ စစ်ဆေးခြင်း၊ တပ်သားများကို အားပေးခြင်းများစွာ ပြုလုပ်ခဲ့သည်။ သူ့ရှေ့က ဗိုလ်ချုပ်များနှင့်မတူဘဲ နိုင်ငံ၏ ဥပဒေလက်တံနှင့် ဝေးလံသော 
အရပ်များမှ လက်နက်ကိုင်တပ်ဖွဲ့များကို တန်ပြန်ခြိမ်း
ခြောက်နိုင်စွမ်းရှိသော ဗိုလိချုပ် တစ်ဦး ဖြစ်သည်။ 

စစ်ဘက်ဆိုင်ရာလေ့လာစမ်းစစ်သူများက ကယာနီသည် ရန်သူ့နိုင်ငံစစ်ကို ရွေးချယ်ကာ အဓိက အာရုံစိုက် ခဲ့သည်။ ယခုနှစ်ဆန်းပိုင်းက သူပြောခဲ့သည့် မိန့်ခွန်းတစ်ခုတွင် အိန္ဒိယဟု တိုက်ရိုက်မပြောဘဲ နိုင်တော်နှင့် စစ်ပွဲ သုံးကြိမ်ဖြစ်ခဲ့သော နိုင်ငံဟု သွယ်ဝိုက်ရည်ညွှန်းကာ ပါကစ္စတန်ကို ခြိမ်းခြောက်နေသည့် တစ်ခုတည်းသော နိုင်ငံဟု ဆိုခဲ့သည်။ 

ကယာနီလက်ထက်တွင် ပါကစ္စတန်တွင် အဓိကခက်ခဲသော
နှစ်များစွာ ရှိခဲ့သည်။ ၂၀၀၉ခုနှစ်တွင် ပါကစ္စတန်တာလီဘန်များက ဆွတ်မြောက်ပိုင်းဒေသများကို ထိန်းချုပ်ခဲ့ကြသည်။ 

ကယာနီက စစ်ဆင်ရေးများစွာ ထိုးစစ်ဆင်ပြီး တာလီဘန်များကို နယ်စွန်နယ်ဖျားအရောက် မောင်းထုတ်နိုင်ခဲ့သည်။ 

သို့သော် ကယာနီ၏ ကျော်ကြားမှုသည် ၂၀၁၁ခုနှစ်တွင် 
ပြန်လည်မှေးမှိန်ခဲ့သည်။ ထိုနှစ်က လာဟိုမြို့တွင်
ပါကစ္စတန်နှစ်ဦးသည် စီအိုင်အေလုံခြုံရေးအရာရှိ 
ရေမန်ဒေးဗစ်က ပစ်သတ်လိုက်ခြင်းက သူ၏ဂုဏ်သိက္ခာကို 
စတင်ကျ ဆင်းစေခဲ့သည်။ ထိုမီးစ တစ်ဖြည်းဖြည်း အရှိန်မြင့်လာရာ ပါကစ္စတန်နယ်စပ်တွင် မှားယွင်းစွာထိုးစစ်ဆင်မိသည်ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်ဦးဆောင်သော 
လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်သား ၂၄ဦး 
သေဆုံးခြင်းဖြင့် တစ်စခန်း ရပ်ခဲ့ရသည်။ 

သူ၏ သြဇာအကျဆုံးကိစ္စမှာ ကမ္ဘာ့အလိုရှိဆုံးအကြမ်းဖက်
ခေါင်းဆောင် အိုစမာဘင်လာဒင်ကို အမေရိကန်တို့က စီးနင်းချေမှုန်းနိုင်လိုက်သည့် ဖြစ်ရပ်ဖြစ်သည်။ အမေရိကန်သည် ပါကစ္စတန်တို့ မသိလိုက်သည့် အချိန်၌ပင် ပါကစ္စတန်မြေပေါ်တွင် ယင်းသို့သော စီနင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းသည် စစ်ဦးစီချုပ်အပေါ် များစွာ အရှက်ရ စေခဲ့သည်။

ၽRef: Al Jazeera
The Myanma Age

RangonNewsDaily:: November . 30 .2013
ပါကစ္စတန်တွင် တာလီဘန်တို့ကို ဆွတ်တောင်ကြားမှ မောင်းထုတ်နိုင်ခဲ့သော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါဇ
က်အက်ရှ် ဖာကယာနီသည် ခြောက်နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစား ယူသွားပြီ
 ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၂၉ရက်က ရာဝယ်ပင်ဒီတွင် ရာထူးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ပြီးဗိုလ်ချုပ်
 ရာဟီးလ်ရှရစ်ကို စစ်ဦးစီချုပ်အသစ်အဖြစ် လွှဲပြောင်းခန့်အပ်ခဲ့သည်။

ပါကစ္စတန်တွင် စစ်ဦးစီးချုပ်ရာထူးသည် အခြေခံဥပဒေအပေါ် လွှမ်းမိုးမှုအားကောင်းပြီး ၀င်ငွေအမြင့်ဆုံး
 နေရာတစ်ခု လည်းဖြစ်သည်။ စစ်တပ်သည် နိုင်ငံလွတ်လပ်ရေးရပြီး ၆၆နှစ်ကာလတစ်လျှောက် နိုင်ငံ၏
အခြေအနေကို အများဆုံး ထိန်းချုပ်ကွပ်ကဲခွင့် ရခဲ့သည်။

ကယာနီသည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချပ်ပါဗက်မူရှာရက်ဖ်လက်ထက် ၂၀၀၇ခုနှစ်မှ စတင်ကာ စစ်
တပ်တွင် တာဝန်ယူခဲ့သည်။ သူ၏ လုပ်သက်တွင် တိုင်းပြည်၏ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားသည့် နယ်
စွန်နယ်ဖျားပိုင်းအထိ တပ်များ စစ်ဆေးခြင်း၊ တပ်သားများကို အားပေးခြင်းများစွာ ပြုလုပ်ခဲ့သည်။ 
 
သူ့ရှေ့က ဗိုလ်ချုပ်များနှင့်မတူဘဲ နိုင်ငံ၏ ဥပဒေလက်တံနှင့် ဝေးလံသောအရပ်များမှ လက်နက်ကိုင်တပ်
ဖွဲ့များကို တန်ပြန်ခြိမ်းခြောက်နိုင်စွမ်းရှိသော ဗိုလိချုပ် တစ်ဦး ဖြစ်သည်။

စစ်ဘက်ဆိုင်ရာလေ့လာစမ်းစစ်သူများက ကယာနီသည် ရန်သူ့နိုင်ငံစစ်ကို ရွေးချယ်ကာ အဓိက အာရုံစိုက် ခဲ့သည်။ ယခုနှစ်ဆန်းပိုင်းက သူပြောခဲ့သည့် မိန့်ခွန်းတစ်ခုတွင် အိန္ဒိယဟု တိုက်ရိုက်မပြောဘဲ နိုင်တော်နှင့် စစ်ပွဲ သုံးကြိမ်ဖြစ်ခဲ့သော နိုင်ငံဟု သွယ်ဝိုက်ရည်ညွှန်းကာ ပါကစ္စတန်ကို ခြိမ်းခြောက်နေသည့် တစ်ခုတည်း
သော နိုင်ငံဟု ဆိုခဲ့သည်။

ကယာနီလက်ထက်တွင် ပါကစ္စတန်တွင် အဓိကခက်ခဲသောနှစ်များစွာ ရှိခဲ့သည်။ ၂၀၀၉ခုနှစ်တွင် ပါကစ္စ
တန်တာလီဘန်များက ဆွတ်မြောက်ပိုင်းဒေသများကို ထိန်းချုပ်ခဲ့ကြသည်။

ကယာနီက စစ်ဆင်ရေးများစွာ ထိုးစစ်ဆင်ပြီး တာလီဘန်များကို နယ်စွန်နယ်ဖျားအရောက် မောင်းထုတ်နိုင်
ခဲ့သည်။

သို့သော် ကယာနီ၏ ကျော်ကြားမှုသည် ၂၀၁၁ခုနှစ်တွင် ပြန်လည်မှေးမှိန်ခဲ့သည်။ ထိုနှစ်က လာဟိုမြို့တွင်
ပါကစ္စတန်နှစ်ဦးသည် စီအိုင်အေလုံခြုံရေးအရာရှိ ရေမန်ဒေးဗစ်က ပစ်သတ်လိုက်ခြင်းက သူ၏ဂုဏ်သိက္ခာ
ကို စတင်ကျ ဆင်းစေခဲ့သည်။ 
 
ထိုမီးစ တစ်ဖြည်းဖြည်း အရှိန်မြင့်လာရာ ပါကစ္စတန်နယ်စပ်တွင် မှားယွင်းစွာထိုးစစ်ဆင်မိသည်ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်သား ၂၄ဦး သေ
ဆုံးခြင်းဖြင့် တစ်စခန်း ရပ်ခဲ့ရသည်။

သူ၏ သြဇာအကျဆုံးကိစ္စမှာ ကမ္ဘာ့အလိုရှိဆုံးအကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်ကို အမေရိကန်
တို့က စီးနင်းချေမှုန်းနိုင်လိုက်သည့် ဖြစ်ရပ်ဖြစ်သည်။ အမေရိကန်သည် ပါကစ္စတန်တို့ မသိလိုက်သည့် အ
ချိန်၌ပင် ပါကစ္စတန်မြေပေါ်တွင် ယင်းသို့သော စီနင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းသည် စစ်ဦးစီချုပ်အပေါ် များစွာ အရှက်ရ စေခဲ့သည်။

Ref: Al Jazeera
The Myanma Age , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment