RangonNewsDaily:: November . 19 .2013
အောင်မြင်မှုကို အချိန်တိုလေးအတွင်းမှာရရှိခဲ့သလို ရိုက်ခဲ့တဲ့ဇာတ်ကားတွေကလည်း ပရိသတ်အတွက် သို
အောင်မြင်မှုကို အချိန်တိုလေးအတွင်းမှာရရှိခဲ့သလို ရိုက်ခဲ့တဲ့ဇာတ်ကားတွေကလည်း ပရိသတ်အတွက် သို
့လော သို့လောအတွေးတွေပေးခဲ့တဲ့
အနုပညာရှင်တစ်ဦးကတော့ ရွှေမှုန်ရတီပါပဲ။
သူမဟာ ၁၀ တန်းဖြေ
ဖို့အတွက်ပြင်ဆင်နေတဲ့ ကျောင်းသူလေးပါ။ ဒါပေမဲ့သူမရိုက်တဲ့ဇာတ်ကားတွေကို ကြည့်လိုက်ရင်တော့သူမဟာ ဒီအရွယ်ဟုတ်ပါ့မလားလို့
ထင်ရလောက်
အောင်ကိုသရုပ်ဆောင်စွမ်းရည် မြင့်မားသူပါ။ ငယ်ရွယ်ပေမဲ့
ကာရိုက်တာ ၀င်အောင် သရုပ်ဆောင်နိုင်လွန်း
တဲ့ သူမဟာ အင်တာဗျူး ဖြေတာတောင်
အနုပညာအလုပ်တွေနဲ့ မအားလပ်လွန်းသူမို့ အင်တာဗျူးဖြေဆို
ချိန်မှာတောင်
ကားပေါ်ကမဆင်းနိုင်သူလေးပါ။
သူမနဲ့ပြောဖြစ်သမျှကတော့ ‘အခုရိုက်နေတဲ့ ကားလေးက
အမုန်းကမ်းရိုးတန်းတစ်လျှောက်မှာ ရင်ခုန်သံ
လှိုင်းကြီးနေသည်တဲ့။ မင်းသားက
ကိုနေမင်း၊ ဖအေတူ၊ မအေကွဲ ညီအစ်မနှစ်ယောက်က မေဆူးမောင်နဲ့
ရွှေမှုန်နဲ့ပေါ့။
ကိုယ်က မယားကြီးရဲ့ သမီး ဒါပေမဲ့ အဖေက မယားငယ်နဲ့
တရားဝင်ပေါင်းတဲ့အခါကျတော့ သူတို့ မိသားစု
ကိုမုန်းနေတာပေါ့။ ဒီကားလေးက
ပြဿနာတွေနဲ့ သုံးပွင့်ဆိုင်လေးပါတဲ့။ ရုပ်ရှင်ကားကြီးအနေနဲ့
လက်ခံထား
တာရှိပြီး မသေချာသေးတဲ့အတွက် မပြောသေးတာပါ’လို့ သူမရဲ့
လက်ရှိအနုပညာလှုပ်ရှားမှုကို ပြောပြသွား
ပါတယ်။
အရွယ်နဲ့မလိုက်တဲ့ဇာတ်ရုပ်တွေအတွက် ဘယ်လိုလေ့လာခဲ့ရလဲလို့မေးကြည့်တော့ ‘အဓိကတော့ ဇာတ်
အရွယ်နဲ့မလိုက်တဲ့ဇာတ်ရုပ်တွေအတွက် ဘယ်လိုလေ့လာခဲ့ရလဲလို့မေးကြည့်တော့ ‘အဓိကတော့ ဇာတ်
တစ်ခုကိုဖတ်လိုက်ပြီဆိုရင်အဲဒီထဲမှာကာရိုက်တာဝင်အောင်ကြိုးစားတယ်။ကာရိုက်တာဝင်သွားပြီးတဲ့နောက်
ပိုင်းမှာ
သူ့အလိုလို ဖြစ်သွားပါတယ်’တဲ့။
စာမေးပွဲနဲ့ပတ်သတ်ပြီးတော့လဲ ‘စာမေးပွဲနီးလာတဲ့အခါ ၁ လပိုင်းကစပြီး တစ်လကို တစ်ကားပဲ ရိုက်မယ်။ ၃ လပိုင်းထိပေါ့။ ကျန်တဲ့ အချိန်ကတော့ စာကအရေးကြီးတဲ့အတွက် စာကိုပဲ ဦးစားပေးဖြစ်မယ်။’ လို့ဆိုတဲ့
စာမေးပွဲနဲ့ပတ်သတ်ပြီးတော့လဲ ‘စာမေးပွဲနီးလာတဲ့အခါ ၁ လပိုင်းကစပြီး တစ်လကို တစ်ကားပဲ ရိုက်မယ်။ ၃ လပိုင်းထိပေါ့။ ကျန်တဲ့ အချိန်ကတော့ စာကအရေးကြီးတဲ့အတွက် စာကိုပဲ ဦးစားပေးဖြစ်မယ်။’ လို့ဆိုတဲ့
အပြင် အချစ်ရေးကို မေးကြည့်လိုက်တဲ့အခါ
‘မလိုပါဘူး။ ၁၀တန်းတောင်မအောင်သေးတာ အချစ်ရေးကို သွားစဉ်းစားရင်
စာမေးပွဲပါကျသွားမှာပေါ့။’ လို့ သူမရဲ့ အချစ်ရေးကို ပြောပြခဲ့ပါတယ်။
ခင်ဆွေသက်
Trend Myanmar , kolatt(PBDN)
RangonNewsDaily
ခင်ဆွေသက်
Trend Myanmar , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment