Pages

Pages - Menu

Friday, November 22, 2013

ပြုပြင်နေသည့် အစ္စလာမ် ဘာသာရေးကျောင်းကို ပြန်လည်စိစစ်ရန် သံဃာ ၁၀၀ ကျော် တောင်းဆို


RangonNewsDaily:: November . 22 .2013
သင်္ကန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းရှိ “အစ္စလာမ့်လင်းရောင်ခြည်”ဘာသာရေးကျောင်းကို မြို့တော်စည်
ပင် ခွင့်ပြုချက်ဖြင့် ပြန်လည်ပြင်ဆင်ဆောက်လုပ်နေခြင်းအား မူလအကျယ်အဝန်း ဟုတ်၊ မဟုတ်
ပြန်လည်စိစစ်ပေးရန် သံဃာအပါး ၁၂၀ ခန့်က သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့် ကန်လမ်းရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးသို့ နိုဝင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ချီတက်တောင်းဆိုကြသည်။

ထိုအစ္စလာမ်ဘာသာရေးကျောင်းသည် လွန်ခဲ့သည့် နှစ် ၃၀ ကျော်က ၁၅ပေပတ်လည်ရှိ အကြော်တဲဖြစ်ပြီး ယခုဆောက်လုပ်နေမှုမှာ အလျား ၄၅ပေx အနံ ၈၀ပေ ဖြစ်နေသည့်အတွက် အုပ်ချုပ်ရေးပိုင်းမှ ပြန်လည်စိစစ်ရန် သံဃာများက အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးတွင် သွားရောက်ကာ စာတင်ခဲ့ခြင်းဖြစ်သည်။ 

 သံဃာများ၏ တောင်းဆိုသော စာထဲတွင် 'အဆောက်အဦး၏ အကျယ်အဝန်းအား စုံစမ်း စစ်ဆေးရေးကော် မရှင်ဖွဲ့ပြီးစစ်ဆေးပေးရန်'ဟု ပါရှိရာ အရှေ့ပိုင်းအခရိုင်ဒု-အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ၎င်းတို့အနေဖြင့် ဆုံးဖြတ်မပေးနိုင်သောကြောင့် တိုင်းအစိုးရသို့ တင်ပြပေး မည်ဟု ပြောသည်။

ဦးဆောင်တောင်းဆိုခဲ့သော သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ ပညာရောင်ခြည်စာသင်တိုက်မှ ဆရာတော် ဦးပညာဇောတက “လုပ်ထုံးလုပ်နည်းအတိုင်းတာမြစ်ပေးပါ။ ဖျက်သိမ်းသင့်ရင် ဖျက်သိမ်းပေးပါ။ 

 အဲ့ဒါကို သူတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘူး။ ဒီအတိုင်းပဲ ဆက်ပြီးတော့ ခွင့်ပြုနေမယ်ဆိုရင် ဘုန်းကြီးတို့က သံဃာထုအနေနဲ့ရော၊ လူထုအနေနဲ့ရော မကျေနပ်ချက်တွေ အများကြီးအများကြီးရှိနေတဲ့အတွက်ကြောင့် ဆန္ဒထုတ်ဖေါ်ပွဲတွေကအစ တစ်တိုင်းတစ်ပြည်လုံးဖြစ်အောင် လုပ်ပစ်မယ်”ဟု မိန့်သည်။ 

အငြင်းပွားဖွယ်ရာဖြစ်နေသည့် “အစ္စလာမ့်လင်းရောင်ခြည်” ဟု အမည်ပေးထားသော အဆိုပါ ဘာသာ ရေးကျောင်း၏ ဂေါပက ဥက္ကဋ္ဌ ဦးယာရှင်က “အခုလုပ်နေတာ ဥပဒေနဲ့နှမ်းတစ်စေ့ မလွဲဘူး။ အခုတော့ ဟိုမှာ လာပြီ၊ လာပြီ ဒီမှာလာတော့မယ်ဆိုတော့ အဘတို့က ညညကျ စားမဝင်၊ အိပ်မပျော်နဲ့ အထိတ် တစ်လန့်ဖြစ်နေရတယ်။ အေးအေးချမ်းချမ်းနေချင် တာပေါ့ကွာ” ဟု မဇ္ဈိမကို ပြောသည်။ 

အဆိုပါ ဘာသာရေးကျောင်းသို့ ရောက်ရှိနေသည့် သင်္ကန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်း လွှတ်တော် အမတ် ဒေါ်စန်းစန်းမြင့်က “သူတို့လည်း ဥပဒေအရလုပ်နေတာပဲလေ။ ခွင့်ပြုချက်ပေးတဲ့ အတိုင်းဆောက်နေတာ”ဟု မှတ်ချက်ပြုသည်။ 

၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် သစ်သားဖြင့်ဆောက်လုပ်ထားသော ယင်း ဘာသာရေးကျောင်း ပျက်စီးခဲ့သဖြင့် ၂၀၁၀ ခုနှစ်အတွင်းက ခွင့်ပြုမိန့် မတင်ဘဲ ပြန်လည်ပြင် ဆင်ခဲ့ရာ မြို့တော်စည်ပင်သို့ ဒဏ်ငွေ ကျပ် ၄၈ သိန်းကျော် ပေးဆောင် ခဲ့ရသေးသည်။ ထို့နောက် ယခုနှစ် မေလ ၁၅ ရက်က စည်ပင်သာယာ၏ ခွင့်ပြုချက် ပြန်လည်ရရှိ သဖြင့် ပြင်ဆင်ဆောက်လုပ်ခဲ့ရာမှ ယခုကဲ့သို့ ဟန့်တားခံရခြင်းဖြစ်သည်။ 

Mizzima News   ,  kolatt(PBDN)
RangonNewsDaily




No comments:

Post a Comment