Pages

Pages - Menu

Wednesday, October 16, 2013

Traders ဟိုတယ် ဗုံးပေါက်ကွဲမှု အာမခံမရ

RangonNewsDaily:: October. 16 .2013

ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီးအာမခံရရှိမည် မဟုတ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း၊မီးအာမခံဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာဒေါ်လှလှမွန်က ပြောကြားသည်။အဆိုပါ ကုန်သည်ကြီးများဟိုတယ်သည် မြန်မာ့အာမခံလုပ်ငန်း၌ ၂၀၁၂ခုနှစ် ဇန်န၀ါရီလအထိသာ မီးလောင်မှုကြောင့် အဆောက်အအုံ၊ ပစ္စည်းပျက်စီးမည့်
အာမခံအမျိုးအစားနှင့် ဟိုတယ်တွင် တည်းခိုသော ဧည့်သည်များ ထိခိုက် မှုများရှိလာပါက လျော်ကြေးရမည့် အာမခံ အမျိုးအစားနှစ်မျိုးကိုသာ အာမခံထားထားခြင်းကြောင့် ယခု ဗုံးပေါက် ကွဲမှုတွင် မြန်မာအာမခံလုပ်ငန်းမှ အာမခံလျော်ကြေးပေးရန်မလိုအပ်ကြောင်း ၎င်းကပြောကြားသည်။

ကုန်သည်ကြီးများဟိုတယ်သည် လက်ရှိတွင် ငွေသား အာမခံနှင့် ငွေပို့ငွေလွဲအာမခံအမျိုးအစား နှစ်မျိုးကိုသာသက်တမ်းတိုးပြီး ဆက်လက် ထားရှိထားကြောင်းဒေါ်လှလှမွန်က ဆိုသည်။
::
“ဗုံးပေါက်ခြင်းဆိုတဲ့ အကြမ်းဖက်ဖျက်ဆီးမှု အာမခံအကာအကွယ်ကို ကမ္ဘာမှာတောင်မပေးဘူး။ ဟိုတယ်ဘက်ကလဲ သက်တမ်းလာ တိုး ထားခြင်း မရှိတဲ့အတွက်လျော်ဖို့ အစီအစဉ် မရှိဘူး”ဟုဒေါ်လှလှမွန်က ပြောကြားသည်။

ဟိုတယ်ဗုံးပေါက်ကွဲသည့်အခြေအနေနှင့် ပတ်သတ်ပြီးလတ်တလောတွင် အာမခံထားရှိခြင်း ကိစ္စများကိုဆွေးနွေးရခြင်းမရှိသေးကြောင်း၊ လက်ရှိတွင် လုံခြုံရေးကို ယခင်ထက်ပိုမိုတင်းကျပ်စွာ ချထားပေးပြီး ဧည့်သည်များကိုအဓိက ထားစောင့်ရှောက်မှု ပြုလုပ်ထားနေကြောင်း Tradersဟိုတယ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
::
ယင်း ကုန်သည်ကြီးများဟိုတယ် အခန်း၉၂၁၊ ကိုးလွှာတွင်ရေအိမ်မှတစ်ဆင့် ဗုံးပေါက်ပွဲမှုဖြစ်ပွားပြီး အမေရိကန်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သက်သက်မိုးသူ
People power::--kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment